ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၌ငွေပေးချေရာတွင်အခြားဌာနများနှင့်
မတူပဲ
အဆင့်ဆင့် ခက်ခဲအောင် ပြုမူဆောင်ရွက်နေကြပါသည်။
တင်ဒါစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော
လုပ်ငန်းများ ပြီးစီးသော်လည်း
ငွေပေးချေမှုမှာ (၆) လကျော်အထိကြာမြင့်သော်လည်း မရရှိကြသေးပါ။
မြို့ပြအင်ဂျင်နီယာဌာနရုံးမှာလဲ Bill တစ်စောင်အား ရက်အကန့်အသတ်မရှိ၊
လအကန့်အသတ်မရှိ
ကိုင်ဆောင်စစ်ဆေးလျှက်ရှိပါသည်။
၎င်းအပြင် CE ရုံးမှ MD ရုံး၊ MD ရုံးမှ လုပ်ငန်းကော်မတီ၊
ဘတ်ဂျက်ကော်မတီ အထိ
အဆင့်ဆင့်အပြင် ဒုဝန်ကြီး (၁)၊ ဒုဝန်ကြီး (၂)၊ ၀န်ကြီးအထိ တက်၍
အဆင့်ဆင့်လက်မှတ်ထိုးရသောကြောင့်
ထပ်မံကြာမြင့်ရပြန်သည်။ထိုကဲ့သို့ ငွေပေးချေမှုတွင်
ကြန့်ကြာမှုများ ရှိသောကြောင့် ကုပ္မဏီများအနေဖြင့်
အလုပ်သမား ၀န်ထမ်းများ၏ လုပ်ခလစာများ
ပေးချေရာတွင်လည်းကောင်း၊
လုပ်ငန်းသုံး ဆောက်လုပ်ရေးပစ္စည်းများ ၀ယ်ယူထားပြီးနောက် ငွေပေးချေရာတွင်
လည်းကောင်း
အခက်အခဲများကြုံတွေ့လျှက်ရှိပါသည်။ သို့သော် ၀န်ကြီးဌာန၏ ဘတ်ဂျက်သုံးစွဲမှုမှာမူ
ယခုအချိန်ထိ ၁၀ % သာအသုံးပြုထားသည်ကို သိရှိရပါသည်။
သို့ဖြစ်ပါ၍ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနနည်းတူ၊ အခြားဝန်ကြီးဌာနများကိုလဲ
စီစစ်၍ သိရှိပြင်ဆင်နိုင်ရန်အတွက် ဝေဖန်အကြံပြုအပ်ပါသည်။
>>>>Download PDF<<<<
>>>>Download docx<<<<
အထက်ပါအတိုင်း ပေးစာ (တိုင်ကြားစာ) အဖြစ်မေးလ်လက်ခံရရှိပါသည်
Admin
--------
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။