***
မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ရှေ့နေဦးကိုနီရဲ့ဟောပြောပွဲ
(တ
ာမွေ) မူဗွီဖိုင်ကို တို့ဗမာ စာမျက်နှာမှာ တင်ထားလို့ ကြည့်ရှု ခဲ့ရပါတယ် ။
ဟောပြောသွားတာကို ပေါ်ပေါ်တင်တင် ဝေဖန်ရလျှင်တော့ ၊ အခြေခံ ဥပဒေနှင့်
ပါတ်သက်တဲ့အကြောင်းအရာတွေမှာ ဘာတွေကို ဘယ်လိုပြင်ဆင်ပြီး အစားထိုး
ရမယ် ။ ဥပဒေပုဒ်မ တစ်ခုခုကို ပြင်ဆင်လိုက်လျှင် မည်ကဲ့သို့ တိုင်းပြု ပြည်ပြုမှု
ကို အကျိုးပြုနိုင်မယ် ။ မည်သည့် အရာကို ပြင်ဆင် လိုက်လျှင်ဖြင့် ပြည်သူတွေ
အကြပ်အတည်း ၊ အခက်အခဲဖြစ်နေတာတွေ လျော့ပါးသွားမယ် ။ စသဖြင့် ပေါ့
ဥပဒေရေးရာနှင့်သက်ဆိုင်သည့် ပညာသားပါသော တင်ပြချက်၊ ဆွေးနွေးချက်
တွေ မပါဝင်သလောက်ကို လွန်စွာအားနည်းနေတာ အမှန်ပါ ။
ရှေ့နေဦးကိုနီ အဓိက ထားပြီး တင်ပြဆွေးနွေးသွားတဲ့ အကြောင်းအရာတွေက
နှစ်ခြောက်ဆယ်အတွင်းက ပြည်တွင်းအခြေအနေ ၊ လူတိုင်းနီးပါးသိရှိပြီး ဖြစ်တဲ့
ဓါတ်ပြားဟောင်း အဖြစ်အပျက်တွေ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ
ရာတွင် မည်သို့မည်ပုံ ရေးဆွဲခဲ့တယ် ၊ စတာတွေကို အမုန်းတရားကိုအခြေခံတဲ့
ဥပဒေနှင့်မသက်ဆိုင်သော ဒဿနအများစုသာ ဖြစ်နေခဲ့ပါတယ်။ အိုက်တင်ကြီး
တစ်ခွဲသားနှင့် ခပ်တည်တည်လုပ်ပြီး အခမ်းအနား စားရိတ်တွေ အကုန်အကျခံ
ပြီးလုပ်နေပေမယ့်လို့ အမှန်တကယ် ပွဲတက်လာတာကလည်း ပြည်သူလူထုစစ်
စစ် ဆိုတာ မနည်းရှာယူ ရမယ့် အနေအထားပါ။ အားလုံးနီးပါး ဇာတ်ညွှန်းတစ်
ခု ကို ဝင်ရောက် ဖြေဖျော်မယ့် တူညီဝတ်စုံနှင့် သရုပ်ဆောင် နေကြ သလားလို့
တောင် ထင်မိပါတယ် ။
နောက်ဆုံးမှာ ကမ္ဘာမကြေ သံသရာရှည် ပတ်ပျိုး နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး
အမည်ခံ ပညာပေးဟောပြောပွဲရဲ့ ဦးတည်ချက်က ရှေ့နေဦးကိုနီ ဦးဆောင်တဲ့
အခြေခံဥပဒေ ကို စ/ဆုံး အသစ်ပြန်လည် ရေးဆွဲရေး ဖြစ်နေပါတယ် ။ အဲဒီမှာ
စတွေ့ပါပြီ ။ ကျွန်တော်တို့ ပြည်သူလူထုအနေနှင့် သိရှိထားတာက အခြေခံဥပ
ဒေနှင့် ပါတ်သက်လာပြီး ပြင်ဆင်ကြမယ်ဆိုတာရယ်ပါ ။ ကျွန်တော်တို့ ပြည်သူ
တွေ လက်ခံ ထားတာကလည်း ပြင်သင့်/ ထိုက်တဲ့ ဥပဒေတွေကို ပြင်ဆင်သင့်
တယ် ဆိုတာလောက်ပါပဲ ။ နောက် အရေးကြီးဆုံး အချက်က ဒေါ်အောင်ဆန်း
စုကြည် ခုလက်ရှိ ဥရောပ ခရီးစဉ်မှာ သော်လည်းကောင်း ၊ ပြည်တွင်းမှာ ရှိနေ
စဉ်မှာ သော်လည်းကောင်း ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဟုသာ ခုချိန်ထိ ပြော
ကြားနေတာ အတည်ဖြစ်ပါတယ် ။ ဆိုလျှင်ဖြင့် -
ဒါကိုမှ ရှေ့နေဦးကိုနီ သည် မည်သည့် ၊ မည်သူ ခွင့်ပြုချက်နှင့်ဆန္ဒကို အခြေခံ
ပြီး တိုင်းပြည်၏ အသက် ဖြစ်တဲ့ အခြေခံဥပဒေကို ၎င်းစိတ်တိုင်းကျ စ/ဆုံး အ
သစ် ပြန်လည်ရေးဆွဲဖို့ လမ်းကြောင်းကိုဦးတည်ပြီး ၊ မည်သည့် ရည်ရွယ်ချက်
ဖြင့် ဟောပြောနေ သလဲဆိုတာ တကယ်အံ့သြမိပါတယ် ။
ဒီလောက်ထိ ဒေါ်အောင်ဆန်းစုကြည် ပြောစကားထက်ကို လုပ်ပိုင်ခွင့် ဘောင်
ကျော်ပြီးရဲတင်းစွာ လုပ်ဆောင် ဟောပြောနေခြင်းက မည်သည့်အဓိပ္ပါယ်ပါလဲ ?
နား နှင့် မနာ ၊ ဖဝါး နှင့်သာ နာ ပါခင်ဗျာ။
ပါတီရုံးခန်း အခေါင်တွေ ( အိမ်ဦးခန်း) မှာ ကိန်းကြီး ခမ်းကြီးနှင့် တရားလက်
လွတ် လူပြိန်းကြိုက် တရားတွေ တက်ဟောပြီး အလကားအချိန်တွေ ဖြုန်းတီး
လို့ ရှေ့နေ ဦးကိုနီ ပြောသမျှ ကို ခေါင်းညိမ့် လက်ခုပ်တီး ၊ ရေ ခွက် ငှဲ့ပေးရုံနဲ့
ပြည်သူတွေ အတွက် တာဝန်ကျေပြီလို့ ထင်နေကြလို့လား ?
ပါတီအဖွဲ့အစည်းရဲ့အထက် ၊ ဒေါ်အောင်ဆန်းစုကြည် ၏ အထက်မှာ ရှေ့နေ
ဦးကိုနီ ရှိနေပြီလား ? ခင်ဗျာ ။
ဒေါင်းအမှန်လည်း ဖြစ်စေဖို့ ၊ ကျောင်းမှန်း ကန်မှန်းလည်း သိစေဖို့ကို အမြန်
သာလုပ်ဆောင်ရန် လိုအပ်နေကြောင်းပါ ။
ဦးယဉ်ကျေး ။ ။
၃၁၊၁၀၊၁၃။ — with Go Chay Thein.
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။