Ads (728x90)

ကမ်းရိုးတန်းမြို့လေးတစ်မြို့......
နယ်စပ်လဲဖြစ်သလို ဆိပ်ကမ်းမြို့လဲဖြစ်သည့်အတွက် မြှိုငယ်သော်လည်း တော်တော်စည်ကားသည်ဟုပြောနိုင်သောမြို့လေးတစ်မြို့ဖြစ်သည်။
ပညာရေးထက်ငွေရေးကြေးရေးကို ပိုဦးစားပေးတတ်သော အကျင့်နှင့်အားလျော်စွာ အထက်တန်းကျောင်းတစ်ကျောင်းသာရှိသည်..။ များသော
အားဖြင့်က သေစာရှင်စာလောက်တတ်ပြီဆိုလျှင် ငါးဖမ်းလှေ ကုန်လှေများတွင် သွားရောက်အလုပ်လုပ်ဖြစ်ကြတာကများသည်။ ဒီတော့ကျောင်း
တက်သူအများးစုမှာ မိဘကငွေကြေးတတ်နိုင်သူများ ထို့မြို့လေးတွင် လာရောက်တာဝန်ထမ်းဆောင်နေကြသူများ၏ သားသမီးများသာများသည်
တစ်မြို့လုံးပေါင်းမှ(၁၀)တန်းကျောင်းသားက ၃၀၀ မကျော်...။ ဒီတော့ အားလုံးလိုလိုက အချင်းချင်းခင်မင်ရင်းနှီးနေကြတာမဆန်း...။ အဲဒီထဲက
မှခွဲထွက်၍ တခြားဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်သော သူလေးဦးရှိသည်..။ ထိုသူတွေကား မြို့မျက်နှာဖုံးသူဌေးသမီး ကြွေစင်ရုပ် ရဲစခန်းမှူး
သား ရဲရင့်အောင် သူဌေးအိမ်မှ လူယုံ၏သမီး နှင်းဝတီနှင့် ထို့မြို့ရှိ တပ်မှအရာခံဗိုလ်ကြီး၏ သား မိုးယံထက်တို့ လေးယောက်ပင်ဖြစ်သည်...။ သူ
တို့တွေက မပေါင်းတာမဟုတ်သော်လဲ အလယ်တန်းစတက်ကတည်းက တစ်တွဲတွဲဖြစ်နေကြသော ထိုလေးဦး၏ သံယောဇဉ်ကြားထဲသို့ ဘယ်လို
မှဝင်မရနိုင်တာကြောင်း သူတို့လေးဦးထဲသာ သီးသန့်ဖြစ်နေလေ့ရှိသည်။ အထူးသဖြင့် စိတ်မြန်လက်မြန်ရှီသော ဇတ်ဇတ်ကြဲ မိုးယံထက်ကိုလဲ..
ကြောက်ကြတာလဲပါသည်။ ၉တန်းကျောင်းသားဘ၀တွင် ကြွေစင်ရုပ်အား အတင်းစာလိုက်ပေးသော ငါးဖမ်းလှေသားနှင့်စပြီး ကတောက်ကစဖြစ်
ရာမှာ ကျန်သောလှေသားများနှင့်ပါ ထိုးကြိတ်ကြရာ ၄ဦးတစ်ဦးဖြစ်သော်လဲ ၂ယောက်အတွင်းလူနာဖြစ်အောင် လက်သံပြောင်သည့် မိုးယံထက်
ကိုကြောက်ကြတာလဲမဆန်းပေ။


အခုတော့ သူတို့သူငယ်ချင်းလေးဦးမှာ ကျောင်းရှေ့ညောင်ပင်အောက်မှအအေးဆိုင်တွင် ထိုင်ကာစကားလက်ဆုံကြလျက်ရှိသည်.။ ယနေ့ကျောင်း
ဖွင့်သော်လဲ နောက်ရက် ကထိန်ရှိသဖြင့်ကြိုတင်ပြင်ဆင်နိုင်ရန် နေ့တစ်ဝက်ကျောင်းပိတ်ပေးလိုက်ခြင်းကြောင့် သူတို့လေးယောက်မှာ အေးဆေး
ဖြစ်နေလေသည်။ အရင်တုန်းက သူငယ်ချင်းလေးယောက်ဖြစ်သော်လဲ အခုတော့ ချစ်သူနှစ်တွဲဖြစ်နေလေပြီ..။

          “ငရဲ နင်တို့ဘာအစီအစဉ်ရှိလဲ”
          “ငါလား နှင်းနဲ့ငါ ဟိုဘက်ကမ်းသွားမလို့ ဘုရားသွားဖူးမယ်လေ...”
          “ကို.....လိုက်သွားရအောင်လေ...”
          “ဟာ ကြွေကလဲ သူတို့ဖာသာလွတ်လွတ်လပ်လပ်သွားပါစေ..ကိုတို့က သူတို့လိုက်ပို့ရင်းနဲ့ ကမ်းနားသွားထိုင်မယ်လေ”
          “အေးလေ မိကြွေနော် ငါနဲ့ ကိုရဲနဲ့ပဲ သွားမှာလိုက်မနှောင့်ယှက်နဲ့”
         “ဟင် မိနှင်း တော်တော် နှစ်ယောက်ထဲသွားချင်နေတယ်ဟုတ်လား ငရဲရေ ဘုရားပါဖူးရင် လိပ်ဥပါတူးခဲ့ကြားလာ တောင်ပေါ်ပါခေါ်သွား”
          “ဟာ....”

ကြွေစင်ရုပ်ပြောသည့်တောင်ပေါ်ဆိုတာ တစ်ခြားမဟုတ် မြစ်လယ်ကျွန်းတွင် တည်ထားသောလျောင်းတော်မူဘုရား ဟိုဘက်တွင်ရှိသော စုံတွဲများ
သွားတတ်သည့် တိတ်ဆိတ်သည့်နေရာ.....အဲဒါကြောင့်အကုန်လုံးဝိုင်းအော်ကြခြင်းပင်...။ အဲဒီလိုပဲပြောမနာဆိုမနာနှင့် ပါးစပ်တွေ့ရာ ပေါက်ကရ
လေးဆယ်ပြောနေတတ်သော ချစ်သူလေးကို မိုးယံထက် ဘယ်လိုမှကြည့်မရမဖြစ်ပါ.။ ကိုယ်တိုင်ကစကားနည်းသော်လည်းကြွေစင်ရုပ်ပေါက်ပေါက်
ဖောက်နေတာကို ကြည့်ပြီးသဘောကျနေတတ်သူ...။ သူတို့စုံတွဲနှစ်တွဲကလဲ သိပ်ချစ်ကြတဲ့သူတွေဖြစ်တာမိုး တခါတစ်လေဆိုရင် ဘယ်သူကဘယ်
သူ့ရည်စားဆိုတာတောင် ပြောရခက်ရလောက်အောင် တတွဲတွဲ...။ အခုလည်းလိုက်ချင်သည်လုပ်နေလို့ တားရပြန်သည်.။ ဒီလိုနဲ့ သူငယ်ချင်းနှစ်
ယောက်ကို လိုက်ပို့ပြီး ကမ်းနားမှာပဲလမ်းဆက်လျှောက်ဖြစ်သည်..။

       “ကို....”
       “ပြောလေ ဘာပြောမလို့လဲ”
      “အဖေကပြောတယ် (၁၀)တန်းအောင်ပြီးရင် အဖ့ဆီမှာလာလုပ်ပါလားတဲ့ နေရာကောင်းပေးမယ်တဲ့”
      “အာ.. မဟုတ်တာကြွေကလဲ (၁၀)တန်းအောင်ပြီးရင် တက္ကသိုလ်ဆက်တက်ဦးမယ်လေ.....။”
      “ကို့ အဖေက ဆက်ထားမယ်ပြောလာ ကိုကစာတော်တယ်ဆိုတော့ အမှတ်ကောင်းလို့ ဆေးမှီရင်ဆက်ထားနိုင်ပါ့မလား”
      “ဆေးမှီရင်တော့ တပ်ကထားပေးမှာပေါ့...။ မဟုတ်ရင်လဲ စစ်ဆေးတက်လို့ရတာပဲလေ”
      “အာ မရဘူးနော် ကို...။ စစ်တပ်ထဲမ၀င်ရဘူး...ဒါပဲ”
      “အာ....”
      “လှေမှောက်လို့တဲ့ဟေ့ သွားကြပါကွ... ရေကျဆိုတော့ ဒီဘက်မျောမှာထွက်ပါဟ”

မိုးယံထက်တစ်ယောက်ရှင်းပြမည်ပြူစဉ် ကြားလိုက်ရသောအသံများက ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုပင်...။ ဒီအချိန်ဆို ဟိုဘက်ကမ်းကူးသွားသော
သူငယ်ချင်းနှစ်ယောက်မြစ်လယ်မှာပင်ရှိဦးမည်...။ မဟုတ်ပါစေနဲ့ဆုတောင်းရင် သူငယ်ချင်းများ ရှိလောက်သည့်နေရာကို လှမ်းမျှော်ကြည့်လိုက်သော်
လည်း ဆုတောင်းကားမပြည့် သူငယ်ချင်းနှစ်ဦးစီးနင်းသွားသော စက်လှေမှာ မြစ်ပြင်ကျယ်ကြီးတွင်မရှိတော့...။ စိတ်လိုက်မာန်ပါနှင့်ပင် ကမ်းစပ်ကိုခုန်
ချပြီး အနီးတွင် ဆိုက်ကပ်ထားသည့် ပိုင်ရှင်မဲ့လှေပေါ်ဝုန်းခနဲခုန်တက်လိုက်မိသည်.။ နောက်ကတစ်ကျော်ကျော်နှင့်အော်ခေါ်နေသော ချစ်သူအသံကိုပင်
မကြားနိုင်တော့...။ လှေစက်နိုး၍ ရေစီးကြောင်းကို ကြည့်ကာ ရောက်နီုင်မည်ထင်သည့်နေရာကို စက်ကုန်တင်၍ မောင်းသွားမိခဲ့သည်..။ ဟင် ဟိုမှာ...
နှင်း...။ စက်ကိုအသားကုန်တင်လျက် မျောပါနေသည့် နောက်သို့ စက်ရှိန်မြှင့်ကာ မောင်းလိုက်သည်..။ သို့သော် ကံကြမ္မာက အကြောင်းဖန်လာလေတာ
က  ရေတက်ဦးခေါ်သည့် အကျနှင့်အတက် ဆုံရာ အချိန်ဖြစ်သည့်အတွင် ပင်လယ်မှစီးဝင်လာသော ဒီရေနှင့်မြစ်မှပြန်ကြသော ရေတို့ ပေါင်းဆုံမိသည့်
ရေတို့ ထိတွေ့ရာမှ ဖြစ်လာသော ၀ဲငယ်တစ်ခုအတွင်းသို့ လှေဦးက၀င်ရောက်သွားသည်..။ လှေဦးမှာ ခါထွက်သွားပြီး လမ်းကြောင်းလွဲသွားသည်.....။
သာမန်မျှသာ လှေမောင်းနှင်တတ်သော မိုးယံထက် အယောင်ယောင်အမှားမှားတွေဖြစ်ရင်း လှေဦးကို မနည်းပြန်တည့်လိုက်ရာသည်..။ ဟိုမှာ ဟိုမှာမှီ
သေးတယ်လို့ စိတ်ကတွေးရင်း စက်ရှိန်ကို တစ်ဆုံးတင်နေမိသည်..။ သို့သော် ရောက်ရန် ၁၀ပေခန့်အလိုမှာပင် နှင်းဝတီတစ်ယောက် ပြန်မြုပ်သွားခဲ့
သည်မှာ ပြန်ပေါ်မလာတော့ ဒီရေစီးကြောင်း၏ခေါ်ဆောင်ရာနောက်သို့ပါသွားလေပြီ...။ စက်ကိုသတ်လိုက်ရင်း ရှိနိုင်မည်ထင်သည့်နေရာများကိုလိုက်
ရှာခဲ့သော်လည်း.......ပြန်ပေါ်မလာခဲ့တော့ပါ...။

ထိုအဖြစ်အပျက်က မိုးယံထက်အပေါ်ကို ပြင်းထန်စွာကျရောက်လာသည်...။ ရဲရင့်အောင်တစ်ယောက် ကံကောင်းထောက်မပြီး အသက်မသေသော်လည်း
ချစ်သူသေဆုံးသွားသည့် အဖြစ်ကော ရေနစ်ကာ အသက်အန္တာရယ်ကြုံခဲ့ရသည် အဖြစ်ကြောင့်ရောပါ စိတ်အစဉ်မှာ ကစင့်ကလျားဖြစ်သွားပြီး နောက်ဆုံး
တွင် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးးသို့ ပို့ပြီး ကုသရသင့် အဆင့်ပင်ဖြစ်ကုန်သည်..။ ရဲရင့်အောင်၏ စိတ်ထဲမှာတော့ မိုးယံထက်ကို သူချစ်သူကိုမကယ်
နိုင်လိုက်သူအဖြစ် မှတ်စွဲယူကာ တွေ့တိုင်း လူသတ်သမား လူသတ်သမားဟုအော်နေသလို မိုးယံထက်မှာလဲ သူ၏အတွေ့အကြုံမရှိမှုကြောင့် သူငယ်ချင်း
တစ်ဦး သေဆုံးသွားသလို တစ်ဦးမှာ စိတ်ကစဥ့်ကလျားဖြစ်သွားရသည်ဟုစွဲမှတ်ယူကာ ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေလေသည်..။ သို့သော်လည်း
ကံကြမ္မာ၏ရိုက်ခတ်မှုများက ဆက်တိုက်ဆိုသလိုဝင်လာခြေသည်..။ (၁၀)တန်းစာမေးပွဲ ဖြေပြီးသောနေ့တွင်ပင် မိုးယံထက်၏ဖခင် တိုက်ပွဲကျဆုံးကြောင်း
ကြေးနန်းဝင်လာခဲ့သလို မိခင်မှာလဲထိုသတင်းကြောင့်ပင် နှလုံးရောဂါနှင့် ကွယ်လွန်သွားခဲ့လေတော့သည်။ နဂိုကမှ သားအမိသားအဖ(၃)ယောက်ထဲရှိသော
မိုးယံထက်မှာ ဘယ်လိုမှဖြေဆည်ရာမရှိတော့....။ ထို့ထက်ပိုဆိုးသည်ကား ချစ်သူ ကြွေစင်ရုပ်၏ပြောလာသောစကားများ....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...