Ads (728x90)



မင်္ဂလာဈေး လို လူတွေ စည်ကားနေတဲ့ နေရာက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ခုလို လောင်းကစားလုပ်ပြီး ဆေးတွေသုံးပြီး ပိုက်ဆံ အကုန်ကုန်တဲ့အထိ လိမ်ယူနေတာကို ရဲတွေ မသိဘူး ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲဗျာ။ ဒါ ချဲရောင်းတာ ခိုးကူး သီချင်းခွေ ရောင်းတာထက် အများကြီး ဆိုးတဲ့ ဒုစရိုက်မှုကို လူလည်ခေါင်မှာ ကျူးလွန်လိုက်တာပါပဲ။ ဒါပေမယ့် သနားလိုက်တာ ဆိုတာထက် ပိုပြီး ဘယ်သူကမှ ဘာမှ မကူညီကြပါဘူး။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ မိန်းမကြီးတွေက လောဘတက်ပြီး ဝင်ထိုးတာ မဟုတ်သလို သူတို့သဘောနဲ့ သူတို့ ထိုးနေတာ မဟုတ်ပါဘူး။ မြွေတစ်ကောင် အမြိုခံရတဲ့ သားကောင် တစ်ကောင်လိုမျိုး ခံနေရတာပါ။
တစ်ကယ်လို့များ အဲဒီ့ မိန်းမကြီးက ဈေးဝယ်ဖို့ အိမ်ကထွက်သွားတဲ့ ကိုယ့်ရဲ့ အမေ ဆိုရင် ခု စာဖတ်နေတဲ့သူတွေ ဘယ်လို ခံစားရမလဲဗျာ။ ပါသမျှ ပိုက်ဆံတင် မဟုတ်ဘဲ ချွေးနည်းစာ စုစောင်းထားတဲ့ ရွှေတွေပါ အကုန်ကုန်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဆင်းရဲချို့တဲ့တဲ့ မိသားစုတစ်ခုက ကုန်စုံဆိုင်လေးအတွက် ပစ္စည်းလာဝယ်တာ ဆိုရင် အဲဒီ့လို ဖြစ်လို့ စိတ်ထိခိုက်ပြီး သတ်သေသွားရင်ရော။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

အဲဒီ့လို ဖြစ်နေတာ မြင်ရင် ကျေးဇူးပြုပြီး လစ်လျူရှု မထားပါနဲ့။ နီးစပ်ရာ ရယက နဲ့ တစ်ခြား လူမှုအဖွဲ့အစည်းတွေကို အကူအညီ တောင်းလိုက်ပါ။ သူတို့အဖွဲ့မှာ အနည်းဆုံး လူ ဆယ်ယောက်လောက် ပါတာမို့လို့ လူအင်အား စုပြီးမှ တားပါ။ ဖမ်းနိုင်အောင် လုပ်ပါ။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ သနားစရာကောင်းတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပေးကြပါ။ ဒီစာကိုလည်း ခရက်ဒစ်တွေ ဘာတွေ မလိုပါဘူး လူတိုင်း သိအောင် Share လုပ်ပေးကြပါခင်ဗျာ။ သတင်း ဂျာနယ်တွေမှာ အသိမိတ်ဆွေတွေရှိရင် ဒီသတင်းမျိုး ပါအောင် လုပ်ပေးကြပါ။

မင်းသန့်အောင် —

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...