Ads (728x90)

================

မနက်စောစော ကိုသားငယ် က "ဘတ်စကားပေါ်မှာ ကျောပိုးအိတ်ကို ရည်းစားထက် ပိုဂရု စိုက်နေရတယ်" ဆိုလို့ "လိုချင်သူကို ပေး နှလုံးအေးတဲ့ဆေး" ဆိုပြီး ကော့မန့်ပေးရင်းနောက်ခဲ့မိတယ်။ အဲ့ဒါ ဈေးဦးပေါက် မကောင်းဘူး။

ဒီညနေ ထမင်းဝိုင်းမှာ တူမလေး နဲ့ သမီးငယ် က ဈေးထဲမှာ သူတို့ ဖြစ်ခဲ့တာလေး ပြန်ပြောပြတယ်။

ကြက်သားဆိုင်ကနေ ကြက်သား ၁၅၀၀ ဖိုး ၀ယ်ပြီး ပြန်အထွက် ငါးတန်းမှာ မိန်းကလေးတွေကြား တိုးပြီး ငါးဝယ်ခဲ့တယ်။ ငါးတန်းကလည်း ပြန်ထွက်လာရော ကြက်သားထုတ် မရှိတော့ဘူး ခြင်းထဲကနေ အနိုက်ခံလိုက်ရတယ်ပေါ့။ နှိက်သူက မိန်းကလေးဘဲဖြစ်မယ်တဲ့။ သူကတော့ မခံသိ မခံသာနဲ့ ပြောပြတာပါ။

ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ အော် မြန်မာတွေ ပိုက်ဆံလေး တစ်ထောင့်ငါးရာ ဖိုးလောက်တောင် ခိုးစား နိုက်စားရတဲ့ ဘ၀ ရောက်နေကြပြီလားလို့ ...


နိုင်ငံတော်က လုပ်နေတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ် တော်တော် အောင်မြင်နေပုံရတယ်။

(ဇော်လွင်ဝင်း)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...