မနေ့ က... အိပ်ရာမှထတော့ ကွန်ပြူကိုဖွင့်ပြီး... facebook ကမ္ဘာသို့ ...
လှမ်းကြည့်လိုက်တော့... မလေးရှားမှ ပြန်လာကြသော ကိုယ့်လူမျိုးတွေကို ...
ကူညီပေးနေသူများက ကြိုဆိုမှုနှင့် ကူညီနေကြတဲ့ ပုံရိပ်တွေကို တွေ့ မြင်ရတော့...
ရင်ထဲမှာ... အလွန်ဝမ်းသာခြင်းနှင့် မင်္ဂလာရှိသော နံနက်ခင်းဖြစ်စေခဲ့တယ်...၊
နောက်တချို့ နေမှာ... တချို့ လူတွေက... ဒီမြင်ကွင်းကို တိုက်ခိုက်ပြောဆို..
ပြုမူမှုကို မြင်တွေ့  ဖတ်လိုက်ရတော့...
အရှိုက်ကို အထိုးခံလိုက်ရသလို... ရင်ထဲမှာ အောင့်သွားတယ်....
အသက်တောင်မရှူနိုင်အောင် ခံစားလိုက်ရတယ်.....
ချက်ခြင်း ပုံတွေကို ဘင်နာ လုပ်ပြီး နေရာအားလုံးကို တင်ပေးလိုက်တယ်....
ပြည်သူတွေ...ပြည်သူတွေ... အမျိုးကို ချစ်ကြတဲ့ ပြည်သူတွေ..
ထောက်ခံအားပေးလိုက်ကြတာ အဆက်မပြတ်..အခုထက်တိုင်ဘဲ..။
အားရှိလိုက်တာ...
အရေးကြီးရင်..သွေနီးတယ်...
လက်ဖျားထိရင်... လက်ရင်မခံ... ဆိုတဲ့..၊
အမျိုးသားစိတ်ဓါတ် ဖွင့်ဟကြတယ်... ငါတို့ မြန်မာပြည်သားတဲ့.....။။
တချို့ ကတော့.....
ကိုယ်လဲမကူညီ... ကူညီနိုင်အောင်လဲမလုပ်...
ကူညီသူကိုမထောက်ခံ...
ပြောလိုက်တော့... တိုင်းပြည်ကိုချစ်သယောင်ယောင်.
လူမျိုးကိုချစ်ဟန်ဆောင်ပြီး...
ဒီလူတွေက....
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဒုက္ခကို ကူညီသမှု ပြုနေသူတွေကို...
ရင်ထဲမှ သာဓု မခေါ်လိုကြဘူး...၊
သူများ ကုသိုလ်ကောင်းမှုကို သာဓု မခေါ်တတ်သော လူမျိုးတွေဟာ...
ကျွန်တော်စာဖွဲ့ မပြောလိုဘူး....
ဘယ်ဘာသာကိုယ် ကိုးကွယ် ကိုးကွယ်...
သူများ ဒါနကို အသိအမှတ်ပြု သာဓု ခေါ်ရမယ်ဆိုတာ....
ဘာသာတိုင်းရဲ့  ကျိုးရိုးမဟုတ်လား....
အကူအညီလိုသူတွေကို အကူညီပေးတယ်ဆိုတာ... မင်္ဂလာတရားလေ....
ဒီ မင်္ဂလာတရားကိုမှ သာဓု ခေါ်လိုတဲ့ စိတ်ဓါတ်မရှိရင်...
တိုင်းပြည်အတွက် လူမျိုးအတွက်လို့  ပါးစပ်ကပြောနေရင်လည်း...
ပါးစပ်အရသာခံ ပြောတာဘဲ ဖြစ်လိမ့်မယ်..
တိုင်းပြည်အတွက်မဖြစ်ဘူး...
လူမျိုးအတွက်မဖြစ်ဘူး....
ဒါကြောင့် သာဓု ခေါ်တတ်အောင်အောင် စိတ်ထားမွေးကြဖို့ လိုတယ်...
သာဓုခေါ်တတ်အောင်... ကိုယ့်နှလုံး စိတ်ဝမ်းကို သန့် ရှင်းကြဖို့ လိုတယ်....။
ဘယ်လိုဘဲဖြစ်ဖြစ်....
အခုရက်များတွေမှာ.... မြန်မာပြည်သူအများစုမှ....
နှလုံးသားထဲမှာ... သာဓုများစွာ ခေါ်ဆိုနေကြတာကတော့....
နေမ၀င်တဲ့ facbook ကမ္ဘာမှ....အမျိုးချစ်သောမြန်မာမ
သာဓု ခေါ်သံများကတော့... ပဲ့တင်ခတ်၍ တကမ္ဘာလုံးသို့  မြည်ဟီသွားလေရဲ့ ....။
သာဓု..... သာဓု.... သာဓု.....
------------------------------
ဒီနေ့ အတွက်တော့..... Air Bagan အတွက်
နှလုံးသားဆန္ဒနှင့် နှလုံးသားထဲမှ ရုပ်ပုံလွှာဖြစ်တယ်...။
By : Ko Daun's photo.


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။