Ads (728x90)



၁၉.၅.၂၀၁၃ ညနေ(၅)နာရီ(အမေရိကန်)၊ မြန်မာစံတော်ချိန်၂၀.၅.၂၀၁၃ မနက်လေးနာရီကျော်ခန့်တွင် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်၌ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့်အဖွဲ့အား ၀ါရှင်တန်ရှိမြန်မာလူမျိုးများန
ှင့် တွေ့ဆုံရန်အတွက် VOA က တာဝန်ယူစီစဉ်လျှက်ရှိရာ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်မည့် မြန်မာလူမျိုးများနေရာတွင် အမေရိကန်အခြေစိုက် မြန်မာတိုင်းရင်းသားအမည်ခံ ဘင်္ဂလီကုလားအခွင့်အရေး လှုပ်ရှားသူများအား အစားထိုး၍ စီစဉ်ထားကြောင်း သိရှိရသည်။ သမ္မတနှင့်တွေ့ဆုံခွင့်ရရှိရန် ဆက်သွယ်လာသည့် မြန်မာတိုင်းရင်းသားအများအပြားမှာ ပွဲစီစဉ်သူမှ လက်မခံသဖြင့် အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခွင့်မရကြောင်း အမေရိကန်အခြေစိုက် မြန်မာတိုင်းရင်းသားတစ်ဦးမှ ၀ံသာနုသို့ ဆက်သွယ်ပြောကြားသွားပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဘင်္ဂလီကုလားအခွင့်အရေးလှုပ်ရှားသူများနှင့်အတူ ၀ါရှင်တန်တွင်ပညာသင်ကြားနေသော မြန်မာကျောင်းသားသုံးလေးဦးခန့်နှင့် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသော မြန်မာဝန်ထမ်းအနည်းငယ်ကိုသာ VOA မှ တက်ရောက်ခွင့်ပြုထားကြောင်း သိရှိရသည်။

VOA မြန်မာပိုင်းဌာနသည် ပြီးခဲ့သည့်နှစ်အနည်းငယ်မှ စတင်၍ ဘင်္ဂလီကုလားများအခွင့်အရေးအား တစိုက်မတ်မတ်ဆောင်ရွက်လာပြီး အသံလွှင့်ဌာနရှိမြန်မာဝန်ထမ်းများအကြားတွင် အဆိုပါကိစ္စကြောင့် စိတ်ဝမ်းကွဲပြားမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဘင်္ဂလီအားမထောက်ခံသည့် မြန်မာဝန်ထမ်းအများအပြားမှာ တာဝန်မှရပ်စဲခံရခြင်း၊ နှုတ်ထွက်ရခြင်းတို့ကို ရင်ဆိုင်ခဲ့ရပြီး ယခုအချိန်တွင် ၎င်းဌာန၌ လက်ကျန်မြန်မာဝန်ထမ်းများမှာ ဘင်္ဂလီအလိုကျ အသုံးတော်ခံနေရသူများ သီးသန့်သာကျန်ရှိတော့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအား မြန်မာနိုင်ငံနှင့် လုံးဝပတ်သက်ခြင်းမရှိသော၊ မြန်မာတစ်နိုင်ငံလုံးမှ အသိအမှတ်ပြုခြင်း အလျဉ်းမရှိသော ဘင်္ဂလီများနှင့် တွေ့ဆုံပေးရန်စီစဉ်ခြင်းအား ၀ံသာနုမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် အဆိုပါဘင်္ဂလီများအား လက်ခံတွေ့ဆုံမည်ဆိုပါက သမ္မတတစ်ဦး၏ ဂုဏ်သိက္ခာအား ပြည်သူများမှ မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်ကြောင်း အလေးအနက် သတိပေးအပ်ပါသည်။

အယ်ဒီတာချုပ်

ဝံသာနု
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...