Ads (728x90)

ဒေါက်တာ ဆိတ်ဖွားဆိုတာ သူမဟုတ်ဘူးလို့ ဦးရဲထွဋ် ပြော
Tuesday, May 7, 2013

ပြန်ကြားရေး ဒုဝန်ကြီး သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က ဒေါက်တာ ဆိတ်ဖွား ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြေ ရှင်း တုံ့ပြန်ထားချက်ပါ။ ဒေါက်တာ ဆိတ်ဖွား ရှာပုံတော် ဇာတ်လမ်းမှာ သူဘယ်လို တုံ့ပြန်ဖြေရှင်းလည်းဆိုတာ စိတ်ဝင်စား
သူတွေအတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့အစည်းအဝေးတစ်ခုအပြီးမှာ သတင်းသမား
အချို့က မေးခွန်းတွေ မေးပါတယ်။

အဲဒီထဲက မေးခွန်းတစ်ခုကတော့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း
ထားတဲ့ ဒေါက်တာ ဆိတ်ဖွားနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်က
ခေါ်ယူ မေးမြန်းတဲ့အထဲမှာ ကျွန်တော်ပါသလား၊ ပါတယ်ဆိုရင် ဘာတွေ
ဖြေခဲ့ရသလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။တကယ်တော့ ဒီမေးခွန်းဟာအစည်း
အဝေးအကြောင်းအရာနဲ့ မဆိုင်ပါဘူး။ သို့သော် မကြာ ခဏ မေးကြ
လွန်းလို့ ကျွန်တော်ဘယ်လိုဖြေခဲ့တယ်ဆိုတာ ဒီကနေတင်ပြလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်ကို ဒေါက်တာဆိတ်ဖွားကိစ္စနဲ့
ပတ်သက်ပြီး အကြံဥာဏ်ရ ယူ ဆွေးနွေးဖို့အတွက်ဆိုပြီး ဖိတ်ကြား
ပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ကျွန်တော်က ကော်မရှင်ဥက္ကဌ
ဦးမြငြိမ်းကိုသတင်းသမားများက မေးလာရင် ဘာတွေဖြေခွင့် ရှိသလဲလို့ တစ်ခါတည်းမေးမြန်း ခွင့်တောင်းခဲ့ပါတယ်။ အဲဒီတုံးက ခွင့်ပြုထားတဲ့အပိုင်း
ကိုပဲ ဖြေပါ့မယ်။

တွေ့ဆုံမှုမှာ ကော်မရှင်ဘက်ကအခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့် ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း
မဟုတ်ကြောင်း၊ ဆိတ်ဖွားရဲ့ ရေးသားချက် ကြောင့် ပြည်သူများက လွှတ်တော် ရဲ့ ဥပဒေပြုရေးလုပ်ငန်းများကို အထင် မှားစေတဲ့အတွက် အမှန်တရားကို သိစေရန်၊ ဆိတ်ဖွား အနေနဲ့ သူရေးတာမှားမှန်းသိစေ
ရန် ဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သိလိုသော အချက်များကိုမေးပါတယ်။ ဒါတွေကိုတော့ ပြောလို့မရပါဘူး။

ကျွန်တော်ကတော့ မေးခွန်းများမဖြေမီအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ မီဒီယာအချို့ရဲ့ ရေးသားချက်များအရ ပြန်ကြားရေး
ဝန်ကြီးဌာနနဲ့ ကျွန်တော့် အပေါ် ဆိတ်ဖွားလို့ သံသယရှိနေတာကို သိကြောင်း၊ ဒါ့ကြောင့် အချက်သုံးချက်ပြောလိုကြောင်း

တစ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်
အနေနဲ့သော်လည်း ဘယ်သူ့ကို မှာ ဒေါက်တာဆိတ်ဖွားအနေနဲ့ ရေးဖို့ တာဝန်ပေးတာမရှိဘူး။

နှစ်။ ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး။

သုံး။ ကျွန်တော် ဒေါက်တာဆိတ်ဖွားဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေအများကြီး ခေါ်ပြီးမေးစရာ မလိုပါဘူး။ ကော်မရှင်
ဖွဲ့ပြီးနောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင်လာပြီး ကျွန်တော်ဟာ ဒေါက်တာဆိတ်ဖွားပါ၊ ကျွန်တော်မြင်တဲ့အတိုင်း ရေးတယ်။
တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရအရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပဲလို့ လာပြောမှာ ဖြစ်ပါတယ်။

ကျန်တာကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် တဲ့အချက်တွေဖြစ်တဲ့
အတွက် ပြောလို့မရပါဘူး။

ဒါဆိုရင် မကြာခဏမေးခွန်းထုတ်နေသူများ ရှင်းမယ်လို့ ယုံကြည်ပါတယ်။

ဦးရဲထွဋ် ~

irrawaddy

အေးချမ်းမွန် Credit & Copy From >Myanmar International News  <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

အေးချမ်းမွန် Credit & Copy From >Myanmar International News https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

By :
Demo Kratia shared Aye Chan Mon's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...