Ads (728x90)





ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် မီးဖြတ်တောက်မှုများ အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ပွင့်လင်းမြင်သာစွာ ကြေညာပေးရန် လိုကြောင်း လုပ်ငန်းရှင်မျာ ဆိုသည်။

“ကျနော်တို့ စက်ရုံကိုတော့ ဘယ်နေ့ မီးစဖြတ်မယ် ဆိုတာကိုတော့ အကြောင်းကြားထားပါတယ်။ ဘယ်နေ့ မီးပြန်လာမယ် ဆိုတာတော့ မပါပါဘူး။ စက်ရုံမှာ မီးမလာတာ ၄ ရက် ရှိသွားပြီ။ အထည်ချုပ် လုပ်ငန်းတွေဆိုတာ အချိန်မီ ပြန်တင်ပို့နိုင်ဖို့ကိုပါ စာချုပ်ထဲမှာ ထည့်ပြီး ချုပ်ဆိုထားရတာ။ အခုလို မီးမလာတော့ မီးစက်မောင်းပြီး လုပ်ကိုင်နေရတယ်” ဟု အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဦးကျော်အောင် က ပြောသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် မေလ ၇ ရက်မှ စတင်ကာ ၂၄ နာရီလုံး လျှပ်စစ်မီးများ ဖြတ်တောက် ထားခဲ့သည်။

“ရေထွက်ကုန် အအေးခန်း စက်ရုံတွေက ၂၄ နာရီ မီးပြတ်တောက်လို့ မရဘူး။ မီးပြတ်တာနဲ့ ပုပ်ကုန်တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မီးစက် ၄ လုံးကို အလျည့်ကျ မောင်းနေရပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ ရွှေယမုံ အအေးခန်းစက်ရုံမှ မန်နေဂျာတဦးက ဆိုသည်။

လျှပ်စစ်မီး ဖြတ်တောက်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ကြေညာပေးဖို့ လိုအပ်သည်ဟု ဆိုသည်။

“လျှပ်စစ်မီး ဖြတ်တောက်မယ်ဆိုရင် အခြားနိုင်ငံတွေမှာ တလလောက် ကြိုပြောကြတယ်။ အဲဒီလို ကြိုပြောနိုင်အောင် အစိုးရဌာနအနေနဲ့ အမြဲတမ်း သတင်းအချက် အစုံရှိနေဖို့ လိုအပ်ပါတယ်။ ဆိုပါတော့ ဘယ်စက်မှုဇုန်က မဂ္ဂါဝပ် ဘယ်လောက်သုံးတယ် ဆိုတာမျိုးပေါ့။ ဒီစက်မှုဇုန်ကို မီး ဖြတ်တောက်လိုက်ရင် မဂ္ဂါဝပ် ဘယ်လောက် ထွက်လာမယ်။ ဒါကို ဘယ်လို ခွဲတမ်းချ အသုံးပြုမယ် ဆိုတာမျိုးတွေ လုပ်ဖို့ လိုပါတယ်” ဟု ဝါရင့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းအေး က ပြောဆိုသည်။
 
ခင်မျိုးသွယ် | သောကြာနေ့၊ မေလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...