==================================
ငယ်ရွယ်စဉ်ဘ၀ စာဖတ်တတ်သည် ဆိုသည့် ကာလတွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် ဖတ်မိသည်များက ထင် ရှား သည့် ခေါင်းဆောင်ကြီးများ၏ အတုပတ္တိပင် ဖြစ်သည်။ ဖတ်ပြီး ကြာလာသည်နှင့် အမျှ အကြောင်းနောက် ခံ တူ၊ ဖြတ်သန်းရပုံခြင်း တူသည့် ခေါင်းဆောင်များ အကြောင်းကို ဖတ်မိသည့် အခါတွင်တော့ နှိုင်းယှဉ်ပြီး ဖတ် ရသည့် အရသာကို နှစ်ခြိုက်တတ်လာခဲ့သည်။ ထိုအချိန်တွင် မဂ္ဂဇင်း တစ်ခုတွင် လူတော် လူကျော်များကို စုစည်းထားသည့် စာအုပ်တွင် မြတ်စွာဘုရားကို နံပါတ်(၄)နေရာတွင် ထားသည့်အတွက် တုန့်ပြန်ရေးသား ထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ (မဟေသီ မဂ္ဂဇင်း ဖြစ်နိုင်ပါသည်။) ထိုနောက်တွင်တော့ ဒေါက်တာ သန်းထွန်း ဘာသာပြန်သည့် ကျော်စွာ (၁၀၀) ဆိုသည့် ၄ အုပ်တွဲ စာအုပ်ကို မရမက ရှာဖွေ ဖတ်မိ တော့သည်။
ထိုစာအုပ်တွင် လူကျော် တစ်ယောက်ကို ရွေးချယ်သည့် အခြေခံ အချက်များကို (၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ် ဟာ ကြီးမြင့်လာရသလဲ၊ (၂) ဒီလူရဲ့ အစွမ်းနဲ့ လူတွေ ဘယ်လောက်များများ အကျိုးခံစားရလဲ (၃) ဒီလူ့ကျေးဇူး ကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရလဲ ဆိုသည့် အချက်များဖြင့် ဆုံးဖြတ်ထားသည်။ ထိုဆုံးဖြတ်ချက် ကြောင့် မိုဟာမက်၊ နယူတန်၊ယေရှုတို့နောက်တွင်မှ မြတ်စွာဘုရားရှင်ကို ထည့်သွင်းထားသည်။
အဘယ် ကြောင့် နံပါတ်(၄)တွင် ထည့်သွင်းရသနည်းဟု ဆိုသော် ဘုရားရှင်သည် ဘုရင့်သားတော် ဘ၀၊ လို တိုင်း ရသည့် ဘ၀၊ ငယ်စဉ်ကတည်းက စတြာဝတေးမင်း (သို့မဟုတ်) ဘုရားရှင်ဖြစ်မည်ဟု သတ်မှတ်ခဲ့သဖြင့် ဘု ရား ရှင် မဖြစ်ရလေအောင် ကာမဂုဏ်လောကီများဖြင့် ဖခင်ဘုရင်ကြီးမှ ထားရှိသဖြင့် ငြီးငွေ့လွယ်ပြီး တော ထွက်ခြင်းမှ စတင်သဖြင့် ငယ်ဘ၀ ဖြတ်သန်းမှုသည် ပင်ပန်းကြမ်းတမ်းမှု မရှိဟု ဆိုသည်။ ဤတွင်တော့ မြန်မာ တို့ အနေဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့မှုများ၊ ဘ၀အဆက်ဆက် အပင်ပန်းခံခဲ့မှုများ ဖြင့် တုန့်ပြန်ခဲ့ကြသည်။
ဗုဒ္ဒဘာသာဝင် တစ်ယောက်မို့ ကျွန်တော်လည်း လက်မခံနိုင်ပါ။ သို့သော် စာရေးသူကဲ့သို့ လူပေါင်းများစွာထဲ မှ လူပေါင်း ၁၀၀ ကို ရွေးထုတ်နိုင်လောက်သည့် စာဖတ်အား ကျွန်တော့်တွင် မရှိသည့်အတွက် သူသည် အခြေခံ အချက်များ ချမှတ်ပြီး လူကျော်များကို ရွေးထုတ်ခြင်းအား အသိတစ်ခု တွေးစရာ တစ်ခု အဖြစ်သာ မှတ်သားခဲ့ သည်။
ယနေ့ နိုင်ငံရေးခေါင်းဆောင်များ၊ အကြီးအကဲများ အကြောင်းကို ရေးသည့်အခါတွင်တော့ အသက်အရွယ်၊ နိုင်ငံအတွက် ဆောင်ရွက်နိုင်မှု၊ အကျိုးသက်ရောက်မှုဆိုသည့် အချက်များဖြင့် တိုင်းတာပြီး ရေးမိသည်။ သူတို့(၃) ဦး ဆိုသည့် စာတစ်ပုဒ်တွင်မူ ဦးသန်းရွှေ၊ ဦးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သုံးယောက်ကို ယှဉ်ပြီး ရေးမိသည်။ ငယ်စဉ်က ရွာသား၊ ဆွေမျိုးနောက်ခံ မရှိ။ ဘ၀ကို ရပ်တည်ဖြတ်သန်းကြိုးပမ်းမှုတွင် ဒေါ် အောင်ဆန်းစုကြည်ထက် ဦးသန်းရွှေက ပိုမိုသည်ဟု ကျွန်တော် လက်ခံသည်။ အသက် ၄၁ နှစ် ဆိုသည့် အရွယ်သည် ငယ်သည်ဟု ပြော၍ မရ။ ထိုအချိန်တွင်မှ မြန်မာ့နိုင်ငံရေးလောကအတွင်း ပါဝင်ခဲ့သူနှင့် အသက် ၁၈ ၁၉ အရွယ်မှပင် အသက် ၅၃ နှစ် အရွယ်ထိ တိုင်းပြည်အတွက် အသက်စွန့်ရန် မစိုးရိမ်ခဲ့သူ တို့ ဆုံတွေ့ သည့် အချိန်အထိ အချက်အလက်များအရ မည်သူက ပိုမည်ဆိုသည်ကို ကျွန်တော် ထွေထွေထူးထူး မစဉ်းစား ခဲ့။ ဤတွင် ပညာတွေသင်ခဲ့သည်၊ UN တွင် အလုပ်လုပ်သည်။ အောက်စဖို့ဒ် စာကြည့်တိုက်တွင် လုပ်သည်။ စာတမ်းများ ပြုစုသည်။ စသည်တို့ကို အချိန်ပြည့် ကြိုးစားနေသည်ဟု ပြောနိုင်သော်လည်း နိုင်ငံအတွက် ဆို သည့် အချက်ဖြင့် ယှဉ်ကြည့်ပါက သီးခြားဖြစ်မည်သာ။
ထိုနောက်ပိုင်း ကာလ ၁၉၉၀ မှ ၂၀၁၀ ထိ နှစ်ပေါင်း ၂၀ ဆိုသည့် ကာလကို တွက်ကြည့်သည်။ ထိုကာလများ၌ တိုင်း၊မြို့နယ်၊ကျေးရွာများတွင် ဖြစ်ထွန်းခဲ့သည့် ဆည်များ၊လမ်းများ၊ ကျောင်းများ၊ ဆေးရုံများ အစရှိသည် တို့ကို အဆင့်ဆင့် တိုင်းတာသည်။ အကျယ်ချုပ် ကျနေသဖြင့် ဘာမှ မလုပ်ပေးနိုင်ခဲ့၊ လုပ်ပိုင်ခွင့် ပေးမှ မပေးခဲ့ပဲ ဆိုသည့် စကားလုံးကို စဉ်းစားခဲ့သည်။ သို့သော် ထိုအချိန်တွင် စီးပွားရေး ပိတ်ဆို့ရန် တောင်းဆိုခဲ့မှု ကြောင့် အထည်ချုပ် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး အချို့က ပြည်ပအထည်ချုပ် စက်ရုံများကိုရောက်၊ အချို့က မကောင်းသည့် အလုပ်လုပ်စားသည့် အမျိုးသမီးများ ဖြစ်ခဲ့သည် ဆိုသည့် အချက်ကို တွေ့ခဲ့ရသည်။
တိုင်းပြည် သယံဇာတများကို ရောင်းစားသည်။ ကိုယ်ကျိုးအတွက် အသုံးချခဲ့သည် ဆိုသည့် စကားလုံးများ အတွက်လည်း စဉ်းစားခဲ့သည်။ သို့သော် ဘယ်နေ့ဘယ်ရက်တွင် ဘယ်သစ်တော၊ ဘယ်လုပ်ကွက်အား ရောင်း လိုက်၊ ပြီးလျှင် င့ါအိမ်ကို ပိုက်ဆံလာပို့ဟု ညွှန်ကြားခဲ့သည် မရှိ။ ကာကွယ်ရေးအတွက် ဆောက်ခဲ့သည့် စက်ရုံ၊ အသစ်ဖွင့်သော တပ်ရင်းများ၊ ခေတ်မီ စစ်လက်နက် ကိရိယာများ ၀ယ်ယူခြင်း စရိတ်တို့ကို အသေးစိတ် တွက် ကြည့်ပါက ထိုထက် ၂ ဆ သော ငွေကြေးများ လိုမည် ဖြစ်သည်ကို တွေ့လိုက်ရသည်။ ယနေ့တွင် တိုင်းရင်း သား အမျိုးအစား အားလုံး လက်နက်ကိုင်နေကြသည်မို့ မြန်မာတစ်ပြည်လုံးအတွက် ကာကွယ်မည့် တပ်မတော် အင်အားရှိအောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျွန်တော့် သတ်မှတ်ချက်တွင် အနှုတ်ပြစရာ အကြောင်း မရှိခဲ့။
ဤတွင် လစာနှင့် မလိုက်အောင် ချမ်းသာကြွယ်ဝမှုကို လူအများက ပြောကြလိမ့်မည်။ ၃ သိန်းဖြင့် ၀ယ်ခဲ့သော ကားတစ်စီးသည် သိန်း ၁ ထောင်နီးပါး ဖြစ်အောင် တက်ခဲ့သည်။ ၁ သိန်းဖြင့် ၀ယ်သော မြေကွက်သည် သိန်း ၁ ထောင်မက တန်ဖိုးမြှင့်ခဲ့သည်။ ထိုသို့သော ဈေးကွက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံတတ်သူ များ အတွက် ငွေကြေး အဆပေါင်းများစွာ ပိုင်ဆိုင်သွားဖို့ မခဲယဉ်း။ စီးပွားရေး သမားက စီးပွားရေးကို စီးပွားရေးလို လုပ်ကြသည်။ လာဘ်ပေးချင်ပေးမည်။ လာဘ်ယူချင် ယူမည်။ သို့သော် မသိနိုင်အောင်၊ အရေးမယူနိုင်အောင် လုပ်ကြမည်သာ ဖြစ်ပြီး ထိုအရာများသည် အတိအကျ မသိနိုင်သည့် ကိစ္စများမို့ ကျွန်တော့်၏ သတ်မှတ်ချက် တွင် မပါဝင်။
ဘယ်အခြေခံနဲ့ ဒီလူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသလဲ ဆိုသည်တွင်တော့ အခြေခံခြင်းက အလွန် ကွာခြား သည်မှာ အမှန်ဖြစ်သည်။ ဒီလူ့ကြောင့် လူပုဂ္ဂိုလ်များ အကျိုးဘယ်လောက်ခံစားရလဲ ဆိုသည့် အမေးကို ဖြေပါ က အခြေခံ အချက်များ အထိုက်အလျောက်ပြည့်စုံခဲ့သည်ကို ကြည့်နိုင်သည်။ သို့သော် သမိုင်းသည် မပြီးဆုံး သေးပါ။ ထိုသူကြောင့် လူအများ ဘယ်လောက် အကျိုးရှိခဲ့သလဲ ဆိုသည်ကိုတော့ ဆက်ပြီး စောင့်ကြည့်ရအုံး မည်သာ ဖြစ်လေသည်။ ၂၀၁၃ မှ စ၍ နောက်ထပ် နှစ်ပေါင်းများစွာထိ ဘယ်သူတွေကို ဘယ်သူတွေနဲ့ ထပ်ပြီး နှိုင်းယှဉ်မလဲ ဆိုသည်ကတော့ လုပ်ဆောင်ချက်တိုင်းအပေါ် မူတည်သည်သာ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။