Ads (728x90)

ရွှေညာမြေမှာ အတာရေကစားတာ

အရမ်းကို ကြည်နူးစရာ

ကောင်းပါပေစွ

ခေတ်ပြောင်းခေတ်လွဲ အတာပွဲမှာ

မီးသတ်ပိုက်ကြိးနဲ့ ထိုးတယ်ဆိုတာမရှိ

တခွက်တဖလားနဲ့

အတာရေကစားနေတာများ

အသည်းတုန်ရင်တုန်အောင်

နှစ်ခြိုက် ဘ၀င်လှိုက်မိပါဘိ

အော် ခေတ်ပြောင်းပေမဲ့

အသွင်းမပြောင်းခဲ့တာ

အညာပါလား

ကွဲစုံကွဲတကယ် ခတ်စားနေတဲ့ခေတ်မှာ

အဆင်မြဲ ဖျဉ်းကြမ်းလေးနဲ့ 

အတာသင်္ကြန်ကို ဆင်နွဲတာ

အညာပါလား

အညာရယ် တကယ်လေးစားပါပေတယ်

ခေတ်မှီ ခြင်း ရဲ့ တဘက်မှာ

ပျက်စီးခြင်းပါတယ်ဆိုတာများ

အညာကသိလို့ လား

ဖုံးဖုံးဘိဘိနေခြင်းက

လုံခြုံခြင်း နှင့် ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ

အညာကသိလေ လို့ လား

ချစ်စရာကောင်းပါပေအညာရယ်

ပါးကွပ်ကြားရယ် ရောင်ပေစူးလေးရယ်

ဖျဉ်ကြမ်းလေးနဲ့  ရင်ဖုံးလေးတသွယ်

အဆင်မြဲ ယှဉ်တွဲကာဝတ်ဆင်ပြီး

ပျော်မြူး အတာကြူးခြင်းနဲ့ နှစ်သစ်ကိုမကုန်ဆုံးပဲ

သက်ကြီးရွယ်အို

ခေါင်းလျှော် ရေချိုး

ခေါင်းခြေလက် ညှပ်

အမြဲတစေ ကုသိုလ်လေးနဲ့

အညာသူတွေ နှစ်ကူးအတာကိုကုန်ဆုံးစေတာကိုး

မွန်မြတ်လိုက်တဲ့ အတာ

မွန်မြတ်လိုက်တဲ့အညာ

ခေတ်သစ်မိန်းမပျိုတွေ စံထားလောက်တဲ့အတာ

ခေတ်သစ်မိန်းမပျိုတွေ စံထားလောက်တဲ့အညာ

အော်အညာအညာ

အညာဆိုတာကို အထင်သေးကျပေမဲ့

တကယ်ယဉ်ကျေးတာက


အညာပေးကိုး ။

ချစ်တဲ့သူ
ရွှေညာမြေမှာ အတာရေကစားတာ

အရမ်းကို ကြည်နူးစရာ

ကောင်းပါပေစွ

ခေတ်ပြောင်းခေတ်လွဲ အတာပွဲမှာ

မီးသတ်ပိုက်ကြိးနဲ့ ထိုးတယ်ဆိုတာမရှိ

တခွက်တဖလားနဲ့

အတာရေကစားနေတာများ

အသည်းတုန်ရင်တုန်အောင်

နှစ်ခြိုက် ဘ၀င်လှိုက်မိပါဘိ

အော် ခေတ်ပြောင်းပေမဲ့

အသွင်းမပြောင်းခဲ့တာ

အညာပါလား

ကွဲစုံကွဲတကယ် ခတ်စားနေတဲ့ခေတ်မှာ

အဆင်မြဲ ဖျဉ်းကြမ်းလေးနဲ့ 

အတာသင်္ကြန်ကို ဆင်နွဲတာ

အညာပါလား

အညာရယ် တကယ်လေးစားပါပေတယ်

ခေတ်မှီ ခြင်း ရဲ့ တဘက်မှာ

ပျက်စီးခြင်းပါတယ်ဆိုတာများ

အညာကသိလို့ လား

ဖုံးဖုံးဘိဘိနေခြင်းက

လုံခြုံခြင်း နှင့် ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ

အညာကသိလေ လို့ လား

ချစ်စရာကောင်းပါပေအညာရယ်

ပါးကွပ်ကြားရယ် ရောင်ပေစူးလေးရယ်

ဖျဉ်ကြမ်းလေးနဲ့  ရင်ဖုံးလေးတသွယ်

အဆင်မြဲ ယှဉ်တွဲကာဝတ်ဆင်ပြီး

ပျော်မြူး အတာကြူးခြင်းနဲ့ နှစ်သစ်ကိုမကုန်ဆုံးပဲ

သက်ကြီးရွယ်အို

ခေါင်းလျှော် ရေချိုး

ခေါင်းခြေလက် ညှပ်

အမြဲတစေ ကုသိုလ်လေးနဲ့

အညာသူတွေ နှစ်ကူးအတာကိုကုန်ဆုံးစေတာကိုး

မွန်မြတ်လိုက်တဲ့ အတာ

မွန်မြတ်လိုက်တဲ့အညာ

ခေတ်သစ်မိန်းမပျိုတွေ စံထားလောက်တဲ့အတာ

ခေတ်သစ်မိန်းမပျိုတွေ စံထားလောက်တဲ့အညာ

အော်အညာအညာ

အညာဆိုတာကို အထင်သေးကျပေမဲ့

တကယ်ယဉ်ကျေးတာက


အညာပေးကိုး ။

ချစ်တဲ့သူ


By :
Punk Np shared Myawady News's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...