Ads (728x90)

by James Mint (Notes) on Monday, 25 March 2013 at 17:20
၉၆၉ ကို အခုမှ ပေါ်လာတဲ့ နံပါတ်၊ အခုမှ လုပ်လာတဲ့ လှုပ်ရှားမှု၊ အခုမှ ပေါ်ပင်လုပ်တဲ့ဟာ အစရှိသဖြင့် ဝေဖန်လာတာ တွေ့ရပါတယ်.... ဒါကြောင့် ၉၆၉ ဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ပဲ အရင်ကတည်းက ရှိနေခဲ့ လုပ်နေခဲ့တယ်ဆိုတာသိအောင် တစ်ချိန်က သတင်းလေးကို ပြန်မျှလိုက်ပါတယ်......

မန္တလေးမြို့၊ မဟာအောင်မြေ ပေါင်းလဲတိုက် “ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ” ယဉ်ကျေးမှုသင်တန်းအောင်ပွဲ အခမ်းအနားကို ၁၃၇၄ ခု၊ ကဆုန်လဆန်း (၁၄) ရက်၊ ၂၀၁၂၊ မေလ ၄ ရက်နေ့ မွန်းလွဲတနာရီက ကျင်းပရာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ - အရှင်ဝီရသူ(မစိုးရိမ်) သည် ကြွရောက်ချီးမြှောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။





အဆိုပါ အခမ်းအနားကို အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပရာ ဆရာတော် အရှင်ဝီရသူက ယဉ်ကျေးခြင်းသုံးပါး၊ လိမ္မာရေးတရားများကို ဟောကြား ဆုံးမခြင်း၊ ကိုရဲထွန်းနှင့် ၉၆၉ လူငယ်အဖွဲ့က သရုပ်ပျက် အဝတ်အစားများကို သံချပ်ထိုး၍ ရှုတ်ချခြင်း၊ အခြေပြုအဆင့် သင်တန်းသားလေးများက “ကိုယ်ရိုင်း လူရိုင်း” ၊ အခြေပြုအဆင့် သင်တန်းသူလေးများက “လှချင်ရင် ဘုရားရှိခိုး” ၊ ပထမအဆင့်သင်တန်းသားများက “ငါးပါးသီလ”၊ ပထမအဆင့် သင်တန်းသူများက “လိမ္မာတယ် ဆိုတာ” စတဲ့ ဓမ္မတေးများကို သရုပ်ဖော်ကပြခြင်း၊ ယဉ်ကျေးမှုသင်တန်း ဦးဆောင်ကျင်းပသူ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်က ဇာတိမာန်သီချင်းဆိုကာ သင်တန်းနည်းပြ ယောဂီအမျိုးသမီးလေးများက သရုပ်ဖော်ကပြခဲ့ကြခြင်း အစီအစဉ်များ ပါဝင်ကြောင်း သိရှိရပါတယ်။





ဇာတိမာန်သီချင်း သီဆိုသူ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်ဟာ ရှိုင်းဟုတ်ကုမ္ပဏီ မန္တလေးဌာနခွဲတွင် အဖွဲ့ဝင်မန်နေဂျာ တဦးဖြစ်ပြီး၊ “အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)” သီချင်းနှင့် ဆရာတော်အရှင်ဝီရသူ ရေးစပ်ခဲ့သော “ရွှေဝါရောင်အိပ်မက်များ” အကျဉ်းသားတေးသီချင်းများကို သီဆိုသူ ဝါသနာရှင်အဆင့် တေးသံရှင်တယောက်ဖြစ်ပါတယ်။





ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးလိမ္မာ သင်တန်း ကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနဲ့ လမ်း ၄၀ ကြား၊ ၈၂ လမ်းနဲ့ ၈၄ လမ်းကြား၊ ပေါင်းလဲဘုရားဝင်းအတွင်းရှိ ပေါင်းလဲဓမ္မဗိမာန်တော်ကြီး၌ ၂၀၁၂၊ ဧပြီ ၂၁ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သင်တန်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် အဖွဲ့၊ ရေတံခွန်တောင် သစ္စာဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာ ဆရာတော် သဓမ္မဇောတိကဓဇ အရှင် ခေမာစာရ ဦးစီးတဲ့ သင်တန်း အုပ်ချုပ်သင်ကြားရေးအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။



ဒါဆိုရင် ၉၆၉ ဟာ အရင်ကတည်းက လှုပ်ရှားနေတာလား အခုမှ ပေါ်ပင်ဖြစ်လာတာလား လေ့လာသိနိုင်ပါတယ်...... ဒါဖြင့် အရင်က ၉၆၉ ဘာကြောင့် လူသိမများခဲ့သလဲ မေးနိုင်ပါတယ်...... အွန်လိုင်းမှာ ပေါ်ပင်ဖြစ်ချင်ရင် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှ လူသိများမယ့် အနေအထားမှာ သူ့လမ်းသူသွားနေတဲ့အတွက် လူသိနည်းခဲ့တာ ဖြစ်ပါတယ်...... အခုဘာလို့ လူသိများလာသလဲ မေးစရာ ရှိပါတယ်..... ရခိုင်ကိစ္စ ဖြစ်ပီးချိန်မှာ မြန်မာလူမျိုးတွေ မျက်စိပွင့်၊ နားပွင့်လာခြင်းရဲ့ အကျိုးဆက်အရ မိမိ အမျိုးသား အကျိုးစီးပွားအတွက်ဆိုတဲ့ အမြင်တွေ ၀င်လာကြတဲ့အတွက် ဖြစ်ပါတယ်.....

ဒါဖြင့် ၉၆၉ ကို မြန်မာလူမျိုးအချင်းချင်း ဘာလို့ ကြည့်မရကြသလဲ မေးစရာ ရှိပါတယ်...... ၉၆၉ အယောင်ဆောင်ပီး လူစွာ၊ လူတတ်၊ လူဆောက်မြင်ကပ်အောင် လုပ်နေသူတွေကြောင့်လို့ ပြောလို့ရပါတယ်.... အဲ့ဒိလိုပဲ အစိုးရကို ကလော်တုတ်ခြင်းမျိုး မလုပ်တဲ့အတွက်ရယ်၊ အမျိုးဘာသာ အတွက်လုပ်ခြင်းဖြစ်တာရယ်ကြောင့် သောက်မြင်ကပ်ခံရခြင်းဖြစ်သလို၊ ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်းကလည်း ဒီလိုကိစ္စတွေကို အမြဲလိုလို အပုတ်ချနေတဲ့အတွက်လည်း အဓိက ပါဝင်ပါတယ်.....

ဒါဆိုရင် ၉၆၉ ရဲ့ လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်...... ဘယ်နေရာမှာမဆို အယောင်ဆောင်တွေ၊ သူ့လူကိုယ့်ဘက်သားတွေ ရှိကြတဲ့အတွက် ၉၆၉ အယောင်ဆောင် ယုတ်မာတာတွေလည်း ရှိလာမှာပါပဲ....... ဥပမာ ပေးရရင် NLD ၀တ်စုံဝတ်ထားတိုင်း NLD မဟုတ်သလို ၉၆၉ အင်္ကျီဝတ်ထားတိုင်းလည်း ၉၆၉ သမား မဟုတ်တာကို စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ဦးနှောက်နဲ့ သုံးသပ်နိုင်ပါတယ်.....

လက်ရှိ မိတ္ထီလာကိစ္စမှာ ၉၆၉ သမားတွေကို အပြစ်ပုံချနေပေမယ့် ၉၆၉ သမားတွေရဲ့ လုပ်ရပ်လား တောကြောင်တွေရဲ့ လုပ်ရပ်လား တဖြည်းဖြည်း ပေါ်လာနေသလို၊ ဗုဒ္ဓဘာသာဝင်တွေနေ စောင့်လျှောက်သွားတဲ့ ဖြစ်ရပ်တွေလည်း မြင်လာနေရတာကို တွေ့ရပါလိမ့်မယ်.....

ဘာသာရေး မုန်းတီးမှုတွေအကြောင်းကို ပြောရမယ်ဆိုရင် ၉၆၉ ထက် ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ၀က်ဘ်ဆိုဒ်တွေနဲ့ ဖေ့ဘွတ်ပေ့ခ်ျတွေ၊ အကောင့်တွေကို အရင်ဆုံး ဝေဖန်ရမှာဖြစ်ပါတယ်...... အဲ့ဒိပေ့ခ်ျတွေကို ဘယ်သူတွေ လုပ်သလဲ၊ ဘယ်သူတွေ အများဆုံးအားပေးသလဲ၊

ဘယ်သူတွေ ဂေါတမ ကုလားကြီး ၀မ်းလျှောသေတယ်ဆိုတာကို အားရပါးရ ရှယ်နေသလဲ၊ ဘယ်သူတွေ ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဆိုပြီး ဗုဒ္ဓဘာသာကို အဆုံးစွန် ဘလိုင်းကစ်တွေနဲ့ စော်ကားထားသလဲ.... ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်နေသလဲ မေးချင်လာတယ်.. ပြန်လည်လေ့လာကြည့်ဖို့ လိုပါတယ်.......

ဒါဆိုရင် ဘာသာရေး မုန်းတီးမှု ဖြစ်ရခြင်းဟာ ဘယ်ဟာတွေကြောင့်လည်း သိပါလိမ့်မယ်.... အကြောင်းရှိလို့ အကျိုးဖြစ်သလို၊ အစွန်းရောက်နေတဲ့ လက်ခုပ် နှစ်ဖက် ပြင်းပြင်းတီးကြလို့ စိတ်မကောင်းစရာတွေဖြစ်ရတာကို သိနိုင်ကြပါစေ......

ဒါမူရင်း သတင်းလင့်ပါ..... http://www.burmatoday.net/news.php?news_ID=364
55Like · ·
  • Nay Thurein http://english.farsnews.com/newstext.php?nn=9107155530 ဒီလိုဒီလိုသတင်းတွေပဲ တွေ့ရတယ်..ဘယ်မလဲ ကျွန်တော်တို့ဘက်က အမှန်တရားတွေကို ရေးပေးမယ့်သတင်းဌာနတွေ...
  • Kyaw Thu Soe Nice job Ko James
  • Philip Saw Thanks for this precious information. Hope it may eliminate the mis-understanding about 969 movement.
  • Soe Yu Mon I can't share Ko James. Why ? Plz !
  • James Mint ဖုန်းနဲ့ သုံးနေလို့ ဖြစ်ပါလိမ့်မယ်.... ဖုန်းနဲ့တော့ ကျွန်တော်လည်း မပြောတတ်ဘူးခင်ဗျ....
  • Soe Yu Mon ဟုတ်ကဲ့ ကျေးဇူးပါ ။
  • Thanda Win ကိုဂျိမ်း -- ရန်ကုန်မှာ ဖြန့်နေတဲ့ ၉၆၉ အခွေနဲ့ စာအုပ်တွေ၊ လက်ကမ်းတွေ ဖတ်ပြီးပြီလား။ မဖတ်ရသေးဘူးဆိုရင် ပို့ပေးမယ်။ ဖတ်ပြီးမှ ဆက်ပြောကြတာပေါ့။
  • James Mint တစ်ချို့က Hate Speech တွေကို ၉၆၉ တံဆိပ်ကပ်ပီး ဖြန့်တယ်ဗျ....... မိတ္ထီလာကိစ္စ ခဏနေ ကျွန်တော်ရေးတင်မလို့.....
  • Sky Xuě Thanks bro, It's nice post!
  • Thanda Win ဒါတော့ကျွန်မ မသိဘူး။ ရန်ကုန်မှာ ဆိုက်ကားသမားတောင် ခွေ ၁၀၀ ကူးဖြန့်နေတာ။ မူရင်းလား၊ ပြုပြင်ထားသလားတော့ မသိ။ ဒီမနက်ပဲ အမျိုးတစ်ယောက်ဆီက လက်ဆောင်ရတာ။ မနက်ဖြန်လူကြုံရှိတယ်။ ပို့လိုက်ရမလား။
  • Thu Yein Win ဆိုက်ကားသမား ဘယ်ကပိုက်ဆံနဲ့ ခွေ ၁၀၀ ကူးမလဲဗျာ။
  • Phyo Htet Paing ဆိုက်ကားသမားတောင်ခွေတရာတဲ့ စဉ်းစားပြောပေါ့ဗျာ
  • ကွန်းဇော် အညာမြေ ကိုဂျိန်း ကျနော့် friend request လေး လက်ခံပေးပါဦးဗျာ
  • May Myo Thein ခွေတစ်ခွေ 200လောက်ပဲ တန်ပါတယ်..ခွေ100ကူးမှ 20000လောက်ပဲကျတာ
  • မရဏ မင်း ကိုယ့်အမျိုးသားေ၇အတွက် ကိုယ်လုပ်တာ တက်နိုင်တဲ့ဘက်က လုပ် တ၇ားဥပဒေနဲ့ မဆန့်ကျင်တဲ့ လုပ်ရပ် အကြမ်းမဖက်တဲ့ လုပ်ရပ် ကို လုပ်ခြင်းအားဖြင့် အမျိုးဂုဏ်တက် ဘာသာကို ဆက်မို့ တို့များ ဆက်လက်ကြိုးစားစို့
  • Khaing Soelynn ထေရ၀ါဒ ဆိုသည့် စကားလုံးဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို ပြန်
    ကြည့် မည်ဆိုလျှင် ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော်တွင်
    ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင် သုံးစွဲခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေ
ါင်း တစ်ရာကျော်တွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မ နှင့် ၀ိနယ ပေါ်တွင် မိမိတို့ စိတ်ကြိုက် ဖြည့်စွက် ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုကို အကြောင်းပြု၍ ဗုဒ္ဓ၏ အဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏အလိုနှင့်အညီ အတည် ပြုလိုက်သည့် အယူအဆကို “ထေရ၀ါဒ” ဟု စတင်ခေါ်ဝေါ်ခဲ့ကြသည်။ http://www.welovemte2.blogspot.com/2013/03/blog-post_3970.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...