Ads (728x90)


တစ်ရက်မှာ ကျွန်နော်ဟာ အရေးပေါ်ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့ လေဆိပ်ကိုသွားဖို့ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်.... ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော်ံရှေ့လာရပ်တာနဲ့ ကားပေါ် လိုက်ပါတယ် ကျွန်တော်ငှားစီးလာတဲ့ ကားဆ၇ာက ခပ်မှန်မှန်လေးနဲ့ ညာဘက်လမ်းကြောင်းအတိုင်း မောင်လားပါတယ် လေဆိပ်သွားတွဲ့ လမ်းဟာ လမ်းမကြီးဖြစ်နေတာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်နေကြပါတယ်၊၊


အဲဒီချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲအရှိန်နဲ့ မောင်ထွက်လာပါတော့တယ် ကျွန်တော်တော့ တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စီကိုစုံမှိတ်လိုက်မိပါတယ် ဒါပေမဲ့ ကျွန်တော်မျက်စိဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာရပ်နေပါပြီ၊၊ တက္ကစီမောင်သူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ အကျယ်ကြီးမြည်ပြီး လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပါတယ် ကျွန်တော်စီးလာတဲ့ ကားဆရာရဲ့  ကျွန်းကျင်မှုနဲ့ သတိရှိမှုကြောင့်သာ ယဉ်တိုက်မှု ဖြစ်မသွားခဲ့ရတာပါ၊၊ လမ်းကွေ့က ထွက်လာတဲ့ ကားရဲ့ ဘေးကနေယင်တိုက်ဖို့ရော အနောက်က အရှိန်နဲ့မောင်လာတဲ့ကားက ဝင်ဆောင့်တာကိုခံရဖို့ရော သီသီလေး လွတ်သွားခဲ့ပါတယ်၊၊


ကျွန်တော်ထင်တာက ကျွန်တော်တက္ကစီဆရာတော့ ဟိုဘက်က ကားသမားကို အော်တော့မယ်လို့ ထင်လိုက်ပါတယ် တကယ်တမ်း လမ်းစည်းကမ်းအရဆို လမ်းမကြီးကမောင်လာတဲ့ ကျွန်တော်တို့ကားကအမှန်ပါ၊၊ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှထွက်ရမှာ ဖြစ်ပါတယ် ဒါပေမဲ့ အခုကျတော့ ပြောင်းပြန်ဗျာ.. လမ်းသွယ်ကထွက်လာတဲ့ ကားကသူမှားမှန်းသိသိကြီးနဲ့ ကားထဲကနေ ခေါင်းထွက်ပြီး ကျွန်တော်စီလာတဲ့ တက္ကစီသမားကို အော်ဟစ်ကြိမ်းမောင်းပါတော့တယ် ကျွန်တော်လည်း ကြည့်နေရင် အတော်ကို ဒေါသထွက်မိတယ် ဒါပေမဲ့ အံ့သြစရာက တက္ကစီမောင်သူက ဘာမှဘာမှပြန်မပြောဘြဲ ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီး လက်ကလေးတစ်ဖက်တောင် ဝှေ့ရမ်းပြလိုက်ပါသေးသယ် ကြည့်ရတာ တကယ့်ကို မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုးပါဘဲ၊၊


ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ တက္ကစီသမားကို ခင်ဗျားသူနဲ့ အရင်ကတည်းကသိနေတာလား လို့မေးလိုက်တော့ သူက မသိပါဘူး တစ်ခါမှမမြင်ဖူးခဲ့ဘူး လို့ပြန်ပြောပါတယ်၊၊


ဗျာ တစ်ခါမှလည်း မမြင်ဖူးဘူး ဟုတ်လား....အံ့ရောဗျို့ ခင်ဗျားကိုတော့ ကိုယ့်ကားကိုလည်းတိုက်မလို့ဖြစ်အောင်လုပ် သူ့ဘက်ကလည်း မှားသေးတယ် သူကလဲ ပြန်အော်သွားသေးတယ် ဒီလိုလူကို ခင်ဗျားကစိတ်မဆိုးတဲ့အပြင် မိတ်ဆွေတွေလိုတောင် နှုတ်ဆက်လက်ပြ လုပ်နိုင်သေးတယ် တကယ်ပါဘဲဗျာ.. ဟိုကားဆရာလုပ်ပုံက ကံကောင်းလို့ ကျုပ်တို့ ဆေးရုံမရောက်တာ


ကျွန်တော့်စကားအဆုံးမှာ တက္ကစီမောင်သူက အပြုံးလေးတစ်ချက်နဲ့ ကျွန်တော့် ဘက်ကိုလှည့်ကြည့်ပြီး ကျွန်တော်ကတော့ အမှိုက်ကားဥပဒေသ အတိုင်းဘဲ သဘောထား နေထိုင်တာပါဗျာ လို့ ပြန်ပြောပါတယ်၊၊



ဗျာ...အမှိုက်ကား ဥပဒေသ ဟုတ်လား..... ခင်ဗျာဟာက အဆန်းပါလားဗျို့.. ကျွန်တော်တော့တစ်ခါမှကို မကြားဖူးပါဘူး.. လုပ်ပါဦး အဲဒီအမှိုက်ကား ဥပဒေသကို ကျွန်တော်သိအောင် ရှင်းပြပါဦးဗျ

မေးလိုက်တော့ တက္ကစီသမားဟာ သူခံယူထားပါတယ်ဆိုတဲ့ အမှိုက်ကား ဥပဒေသကို ကျွန်တော့်ကို ရှင်းပြပါတော့တယ်၊၊


လူတွေတော်တော်များများဟာ အမှိုက်ကားးတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီးလမ်းပေါ်မှာ မောင်နှင်းနေကြတယ်.. သူတို့ တင်ဆောင်ထားတဲ့ အမှိုက်တွေက မပြေလည်မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်တာတွေ၊ မာနတွေ၊ ဆိုတဲ့ အမှိုက်တွေဘဲ ဖြစ်တယ်.. အဲဒီလို စုံလင်လှတဲ့ အမှိုက်တွေကို ပြည့်လျှံနေအောင် တင်ဆောင်လာတဲ့ သူတို့ရဲ့ကားတွေဟာ ဒီအမှိုက်တွေကို သွန်ချဖို့ နေရာတစ်ခုခုတော့ လိုလိမ့်မယ်ဗျာ..ဒီတော့ တစ်ခါတစ်လေမှာ အဲဒီအမှိုက်တွေကို လမ်းမှာ မတော်တဆတွေ့မိတဲ့ ခင်ဗျားအပေါ်လဲ လာသွန်ချမိတတ်တယ် အဲဒီလို အမှိုက်တွေကိုခင်ဗျားဆီ လာသွန်ချချိန်မှာ ခင်ဗျားက စတ်တိုဒေါသထွက်ရင်သူတို့ကဆီက အမှိုက်တွေကို လက်ခံယူသလိုမျိုး ဖြစ်သွားလိမ့်မယ်.. ပြီးတော့တစ်ခါ အဲဒီဒေါသအမှိုက်တွေကို ခင်ဗျားကသယ်ဆောင်သွားပြီး ခင်ဗျားရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်းပေါ်မှာ စတဲ့ ကိုယ့်အနီးအနား ကိုယ့်ဝန်းကျင်က လူတွေကို ပြန်သွန်ချမိပြန်ရော၊၊ ဒီတော့ သူတစ်ပါးဆီက အမှိုက်တွေကို ခင်ဗျားက ပြန်ပြီးမသယ်ဆောင်သွားပါနဲ့၊၊ မတော်တဆ လာသွန်ချမိတဲ့ သူတို့ကို အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါ၊၊ လက်လေးသာ ပြလိုက်ပါ ပြီးရင် ခင်ဗျားလမ်းကို ခင်ဗျား ဆက်သွားလိုက်ပါ... ဘဝဟာ တိုတိုလေပါဗျား.. ကိုယ်အသက်ရှင်နေထိုင်တဲ့ အချိန်မှာအမှိုက်တွေနဲ့တူတဲ့ ဒေါသမာနတွေ၊ မကျေနပ်၊ မုန်းတီးမှုတွေ၊ မနာလို၊ ဝန်တျိုမှုတွေနဲ့ ပူလောင်မနေဘဲ အေးချမ်းပျော်ရွှင်စွာနဲ့ အမှိုက်ကား ဥပဒေသက သူတစ်ပါးဆီက အမှိုက်တွေကို လက်မခံသလို၊ ကိုယ့်ဆီက အမှိုက်တွေလည်း သူတစ်ပါးကို ပြန်ပြီး မသွန်ချမိပါနဲ့..ဆိုတာပါဘဲ၊၊


တက္ကစီမောင်သူရဲ့ စကားအဆုံး ကျွန်တော် ကိုယ့်ကိုယ်ကို တော်တော်ရှက်မိသွားတယ်.. သူပြောတာသိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊ မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘဝလမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်၊၊ ခုနက ကားသမားကို မကျေမနပ် ဒေါသတွေနဲ့ တုံ့ပြန် ပြောလိုက်မိရင် ဟိုဘက်ကလူလည်း ပြန်လှန်ပြောဆိုရင် မပြီးနိုင်ဘဲ ကိုယ့်မှာ ဒေါသတွေ ပိုပိုထွက်လာရဖို့သာ ရှိပါတယ်... အဲဒီဒေါသတွေဟာ အလွယ်တကူ မပြေပျောက်နိုင်တော့ဘဲ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းခွင်တွေဆီ သယ်ယူသွားခဲ့မိတဲ့ခါ တစ်နေ့တော လုပ်ငန်းခွင်ရော အိမ်မှာပါ အဆင်မပြေနိုင်တော့ဘဲ ထစ်ခနဲ့ဆို အစောကဒေါသထွက်ထားတဲ့ အရှိန်နဲ့ ဘယ်သူ့ကိုမှ အကောင်းမမြင်တော့ဘဲ စိတ်တို ဒေါသထွက်ဖို့သာ အဆင်သင့်ဖြစ်နေတတ်ပါတယ်.. ဒါဟာ ကျွန်တော်တို့ တကယ်ကြုံတွေ့ရတတ်တဲ့ အမှန်တရားတစ်ခုပါ၊၊ တက္ကစီသမားရဲ့ အမှိုက်ကား ဥပဒေသဟာ သိပ်ကောင်းမွန်တဲ့ ဥပဒေသလေးပါဘဲ၊၊ လေးစားလိုက်နာသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်.. ကိုယ့်ဒေါသတွေနဲ့ ဆက်ဆံလာတဲ့ သူကို တန်ပြန်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ အေးချမ်းတဲ့အပြုံးလေးနဲ့ တုံ့ပြန်လိုက်မယ်ဆို တစ်ဖက်က ဒေါသတကြီးဖြစ်နေသူလည်း ဒေါသအရှိန်တွေ လျော့သွားမှာဖြစ်သလို ကိုယ်တိုင်လည်း သူ့ရဲ့ဒေါသတွေ ကူးစက်ခြင်း မခံရတော့ဘဲအေးချမ်းတဲ့စိတ်ကလေးနဲ့ ဆက်ပြီးနေသွားနိုင်မှာ ဖြစ်ပါတယ်.. လူတိုင်းဒီလိုသာ နေနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က ပူလောင်နေတဲ့ လူသားတွေရဲ့ဒေါသတွေ လျော့ကျသွားနိုင်မယ်လို့ ယုံကြည်ပါတယ်ဗျာ၊၊



David j. Pollay ရဲ့ The Law Ot the Garbage Truck

မူရင်း ဘာသာပြန်တဲ့ သူကိုမ မှတ် လို့ Credit မပေးတာ ခွင့်လွှတ်ပါ ခဗျာ..  Credit- မူရင်းရေးသားသူ  :P

Post a Comment

Blogger Disqus
  1. အရမ်းကောင်းတဲ့ပို့ လေးပါပဲ

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...