Ads (728x90)
don't like
စာရေးရမှာကို တော်တော်ကိုပျင်းသည် ပျင်းတာမှ တော်တော့  တော်တော်ကြီးကိုပျင်းပါသည်
သို့ သော် မရေးမဖြစ်ရေးဖြစ်အောင်တော့ ရေးလိုက်ပါတယ်တကယ့် ရင်တွင်းခံစားချက်ဖြစ်ရပ်မှန်တွေပါ
ကျွန်တော် အမှားမလုပ်ခဲ့ ပါသို့ သော်ကျွန်တော်မှားပါသည်လို့ စွပ်စွဲခံရသည်ကျွန်တော့် ရဲ့ ကိုယ်ပိုင်အချိန်
ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်စီးပွားရေးတွေထိပါအနှောက်အယှက်ပေးလာတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ပေါက်
ပေါက်နှင့် ချရေးလိုက်မိပြီ တော်ရုံတန်ရုံလောက်ဆို အေးဆေးပဲထားထားမလို့ ပါပဲ တော်တော်လေးကိုလွန်လာလို့ 
ငြိမ်နေရင်ပိုပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် မို့ လို့ ဖွင့် ချလိုက်ပြီ
ဖြစ်ပုံက ဒီလို....................
အွန်လိုင်းပေါ်မှာမိန်းကလေးတစ်ယောက်ကို ယောက်ကျားလေးတစ်ယောက်ကဘလိုင်းကြီးဆဲသွားတဲ့ ကိစ္စကစပြီး
ဒီပြဿနာစဖြစ်ပေါ်လာခဲ့ တာပါ အဲ့ ဒီဆဲသွားတဲ့ တစ်ယောက်နဲ့ ပြဿနာထပ်ဖြစ်တာတော့ မဟုတ်မဆီမဆိုင်
ကြားဝင်လာတဲ့ တစ်ယောက်နဲ့ ဖြစ်တဲ့ ပြဿနာ ကပိုကြီးသည် ဟုတ်ပေသည် ( လက်သီးတစ်ချက်ရဲ့အခန်းဆက်ရှည်ဇာတ်လမ်း )
နောက်ဆုံးရုံးရောက်ဂတ်ရောက် ရောက်ပြီး မပြီးဆုံးနိုင်သောပြဿနာအကြီးကြီးလိုဖြစ်နေခဲ့ သည် ( ဒီနေ့ သည်စာရေးနေသည်အချိန်ထိအမှုရင်ဆိုင်နေရတုန်း)
အထက်ပါအကြောင်းအရာကဇာတ်လမ်းအကျဉ်းချုံးလေးပါ
အကျယ်တ၀င့် ကဒီလို.....
ပြောရမယ်ဆိုအစကနေအဆုံးထိအောင်ဆွဲထုတ်ပြပါတော့ မည် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကို အားပေးတဲ့ ဖန်အဖွဲ့ နှစ်ခုရှိပါတယ်
တခုကYGN Fanclub နှင်Ygn  Warriors ကျွန်တော်က Warriors ဖန် ကျွန်တော်တို့ နှင့် ပြဿနာဖြစ်သည်က Fanclub မှ မန်ဘာများနှင့် 
ရန်ကုန်ဖန်ကလပ်ဆိုသည်မှာ ကျွန်တော်တို့  ၀ါရီယာဖန်မပေါ်ခင်ကတည်းကရှိနေခဲ့ သည့် အဖွဲ့ တခုပါ ကျွန်တော် တို့ ဝါရီယာဖန်အဖွဲ့ ဆိုပြီး
ပေါ်ပေါက်လာတဲ့ အချိန်မှာ Welcome မလုပ်ခဲ့ ပါပဲနဲ့ ငါတို့ ရှိနေပြီပဲ နောက်ထပ်မင်းတို့ ကိုအလိုမရှိဘူးဆိုတဲ့ ပုံစံမျိုးဆက်ဆံမှုမျိုးတွေနဲ့ 
ကျွန်တော်တို့ အဖွဲ့ ကိုတိုက်ခိုက်ခဲ့ သည်  ကျွန်တော်တို့ အဖွဲ့ အပေါ်မှာ အငြိုးအတေးများစွာနှင့် ဆက်ဆံခဲ့ ကြသည် သူတို့ ကျွန်တော်တို့ အပေါ်မှာ
အဲ့ လိုဆက်ဆံခဲ့ ပေမယ့် ကျွန်တော်တို့ ဘက်ကဘာတန်ပြန်တိုက်ခိုက်မှုမျိုးမှမလုပ်ခဲ့ ကိုယ့် အထက်စီနီယာကျတဲ့ အဖွဲ့ ဖြစ်သည်အတွက်လေးစားမှု
ထားပေးခဲ့ ပါတယ် အဲ့ လိုကိုယ်တွေအပေါ်မှာဆက်ဆံခဲ့ မှုတွေအတွက်စိတ်မကောင်းတော့ ဖြစ်မိတာအမှန်ပါပဲ တကယ်ဆိုရင် ဖန်အဖွဲ့ တခုပေါ်လာတိုင်း
ပေါ်လာတိုင်းမှာသူတို့ အနေနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုသင့် တာအမှန်ပါပဲ ကျွန်တော်တို့ ဆိုရင်လဲ အဲ့ လိုပဲကြိုဆိုမိမှာပါဟုတ်တယ်လေဗျာ ဖန်တခု
ပေါ်လာတိုင်းပေါ်လာတိုင်း ကျွန်တော်တို့ အတွက်အားတစ်ခု တစ်ခု ထပ်ထပ်တိုးလာတာပဲကိုဝမ်းမြောက်ဝမ်းသာနဲ့ မကြိုဆိုပဲနေလို့ ရမလား
သို့ ပေမယ့် သူတို့ ကတော့ လုံးဝမှမကြိုဆိုခဲ့ ကြပါ ကျွန်တော်တို့ 2011 တုန်းက www.ygnutdfans.com ဆိုတဲ့ ဖန်ဆိုဒ်လေးလုပ်ခဲ့ ပါသေးတယ်
အဲ့ ဒီတုန်းကလဲ မန်ဘာအဖြစ်ဝင်လာပီးတိုက်ခိုက်တာတွေကြုံခဲ့ ရပါသေးတယ် နာမည်ပြောင်တွေ နာမည် နာမည်လွှဲတွေနဲ့ ဝင်လာပီးတိုက်ခိုက်ခဲ့ တာပါ
ဘယ်သူတွေဘယ်ဝါတွေဆိုတာသိပါတယ် ဒါပေမယ့် အပြစ်မယူခဲ့ ပါဘူး ကျွန်တော်တို့ အတွက်တိုက်ခိုက်ဖို့ ဆိုတာစိတ်တောင်မကူးခဲ့ ဘူးပါ
သူတို့ ကိုအပြစ်မယူခဲ့ ပါဘူး မုန်းတီးမှုဆိုတာလဲမရှိခဲ့ လုံးဝမှကိုအမုန်းမပွားခဲ့ ပါ လမ်းမှာတွေ့ ရင်တောင်ပြုံးပြဖို့ ဝန်မလေးခဲ့ မိ
အဓိကဖြစ်ရတဲ့ ပြဿနာက အဲ့ ဒါတွေနှင့် ပါတ်သက်ဆက်နွယ်နေတယ်ဒါကြောင့် အမြစ်ကနေပြန်လှန်ပြရတာပါ
ပြဿနာစဖြစ်သည်က ကျွန်တော်တို့ ဖန်ုအဖွဲ့ ထဲမှမေခဆိုသည့် ကောင်မလေးကို တဖက်ဖန်မှ ဆာမူရိုင်း ဆိုသည့် သူတစ်ယောက်က ဘလိုင်းကြီးဆဲသွားသည်
ထိုသို့ ဆဲသွားသည့် အတွက်မေခမှ တော်တော်မိုက်ရိုင်းတာပဲ ယောက်ကျားလေးတန်မဲ့ မိန်းကလေးတစ်ယောက်ကိုဒီလိုဆဲရဲတာတော်တော်ရွံဖို့ ကောင်းတာပဲ
ဆိုပြီးအဲ့ ဒါကို Print Screen ဖမ်းပြီး သူ့ Wall မှာတင်လိုက်ပါတယ် အဲ့ ဒီအောက်မှာကွန် မန့် တွေအစီအရီနဲ့ ပေါ့  အဓိကမေခပြောတာကသို့ ကိုဆဲသည့် အတွက်
ပြန်တောင်းပန်ခိုင်းပါတယ် ဒါကို ဟိုတစ်ယောက်ကသူ့ အကောင့် ကို သူမသုံးပါဘူး အဲ့ ဒါသူမဆဲပါဘူးလို့ ဇွတ်ငြင်းပါတယ် ဟုတ်ပြီသူမသုံးဘူး အခြားသူသုံးတယ်
အခြားသူကဆဲသွားတယ်ဆိုရင်တောင် သူ့ အကောင့် နဲ့  ဆဲသွားတဲ့ အတွက်သူ့ မှာတာဝန်ရှိတယ်လေသူ့ အကောင့် ကိုသူပြန်သုံးနေသေးတာပဲ အဲ့ ဒီအကောင့် နဲ့ 
အခြားတစ်ယောက်ယောက်က မေခကိုဆဲသွားတယ်ဆိုရင်တောင် သူ့ အနေနဲ့  ပြန်ပြီးတော့ မတောင်းပန်သင့် ပေဘူးလား သူကတော့ သူမသိဘူးသူနဲ့ မဆိုင်ဘူး
ဆိုပြီးမေ့ မေ့ ပျောက်ပျောက်ထားလိုက်တယ် ရက်နည်းနည်းကြာတော့ နောက်တကောင်က တစခန်းထလာတယ်
သီဟက်သက်ဇော် ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ့  သူလုပ်ဇာတ်ကြီးက
မေခနဲ့  သူနဲ့ ပြောထားသယောင်ယောင်အများအမြင်မှာထင်ယောင်ထင်မှားဖြစ်အောင် အကောင့် အတုလုပ်ပြီးတော့ လုပ်ဇာတ်ကြီးတခုချပြလာတယ်
ပီးတော့ ပြောလိုက်သေးတယ် ဒီလိုလဲလုပ်လို့ ရတယ်ပေါ့ ပြောလိုက်သေးတယ် သူပြထားတဲ့ ပုံကမသိတဲ့ သူဆိုရင်တကယ်ပဲမေခနဲ့ ပြောထားတယ်လို့ တောင်
ထင်ရတယ် ဒါပေမယ့် ဗျာ မိန်းကလေးတစ်ယောက်ကို တခါဆဲဆိုထားပြီးသားကို နောက်ထပ်လူပုံအလည်မှာမဟုတ်မမှန်လုပ်ကြံဇာတ်ကြီးခင်းပြီးသိက္ခာထပ်ချတယ်
ဘယ်လောက်တောင်ယုတ်မာပက်စက်လိုက်သလဲ အဲ့ ဒီမှာတင်ပြဿနာက စဖြစ်ပြီ အရင်တစ်ခေါက်ပြဿနာဖြစ်တုန်းကမေခတစ်ယောက်ထဲနဲ့ ပဲပီးသွားတယ်
ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ပါ ပါလာတယ် ဒီလိုဘာကြောင့် လုပ်ရတာလဲ မင်းတို့ လွန်နေပြီပထမတခါပြဿနာရှာတာတင်အားမရဘူးခုတခါထပ်လုပ်ပြန်ပီ
ဘာသဘောနဲ့ လုပ်ရတာလဲဆိုတော့  ကိုယ်တော်ချောက မခန့် လေးစားပုံစံနဲ့  ခနဲ့ တဲ့ တဲ့  စကားတွေနဲ့ ပြန်ပြောလိုက်သေးတယ် ဒါမျိုးလုပ်လို့ ရတယ်ဆိုတာလုပ်ပြတာတဲ့ 
သိလိုက်ပြီ အရင်တစ်ခေါက်တုန်းက ဆာမူရိုင်းဆဲတယ်ဆိုတဲ့  ကိစ္စနဲ့ ပါတ်သက်ပြီး ထပ်ဖြစ်တာပဲဆိုတာ သူပြောချင်တာက အရင်တခါမေခ Wall မှာတင်လိုက်တဲ့ Print Screen က
အတုကြီးလုပ်ကြံပီးတော့ တင်ထားတယ်ပေါ့   အဲ့ ဒါကြောင့် ငါလဲဒီလိုပြန်လုပ်ပြတယ် သူပြောချင်တာအဲ့ ဒါမျိုး ဟုတ်ပြီ ဆဲသွားတဲ့ သူရယ် အဆဲခံရသူရယ်တောင်မေ့ လောက်တဲ့ အချိန်မျိုးမှာ သူကဘာကိစ္စ ထပ်ပြီးပြဿနာရှာရပြန်တာလဲ သူပြောသလိုမေခက လုပ်ကြံဖန်တီးတယ်လို့ ပြောရအောင် ဆာမူရိုင်းနဲ့ မေခက
ရန်ငြိုးရန်စရှိတဲ သူတွေလား တမင်တကာလုပ်ကြံရလောက်အောင် အောက်တန်းကျတဲ့ စိတ်မေခမှာမရှိတာ ကျွန်တော်တို့ သိနေတာပဲ ဒါနဲ့ တောင် သီဟသက်ဇော်ဆိုတဲ့ ငနဲလေးက
လုပ်ကြံဖန်တီးထားလို့ ပြန်ပြီးတော့ လုပ်ကြံဖန်တီးထားတာပါလို့ ချပြလာတယ် တကယ်စောက်ရူးလေးပဲ ဘာမဆိုင်ညာမဆိုင် အိုးကမပူစလောင်းကလာပူတာကိုပြောပါတယ်
အဲ့ ဒီမှာ ကျွန်တော်တို့ လဲ သူတင်ထားတဲ့ ပုံအောက်မှာ ကွန်မန့် တွေအပြန်အလှန်ရေးဖြစ်တယ် မင်းဘာကြောင့် ဒါ့ကိုတင်တာလဲ ဘာသဘောလဲ မင်းလုပ်ရပ်ကိုမင်းသိရဲ့ လား
ဒီလိုမဟုတ်ပဲနဲ့ လုပ်ကြံပြီးတင်ခဲ့ တဲ့ အတွက် တဖက်မိန်းကလေး သူ့ သူငယ်ချင်းတွေကြားထဲမှာ ဘယ်လောက်အရှက်ရသွားမလဲ ဘယ်လောက်သိက္ခာကျသွားမလဲမင်းမတွေးမိဘူးလား အဲ့ ဒါကြောင့် မင်းသူ့ ကိုပြန်တောင်းပန်သင့် တယ် ပြန်တောင်းပန်လိုက်ပါဆိုတော့  ငနဲလေးက ဘာကိစ္စတောင်းပန်ရမှာလဲ
မတောင်းပန်နိုင်ဘူး သူလုပ်လို့ ပြန်လုပ်တာလေဆိုတာမျိုးမခန့် လေးစားပုံစံမျိုးနဲ့ လာပြောလိုက်သေးတယ် သီဟသက်ဇော်ဆိုတဲ့ ချာတိတ်လေးက တကယ်ဆို ကျွန်တော့် ညီအရွယ်
လေးပဲရှိပါသေးတယ် အဲ့ ဒါကြောင့် ကျွန်တော်ရယ် ကိုနေမျိုး ဆိုသူရယ်က မင်းလုပ်ရပ်အတွက်မင်းပြန်တောင်းပန်လိုက်ပါလို့  ဒီကိစ္စကိုဖြေရှင်းပေးလိုက်ပါလို့ ဝိုင်းပြောတယ်
မေခကလဲ သူ့ ကိုပြန်တောင်းပန်ပေးရင်ကျေနပ်တယ် ဒီကိစ္စဒီမှာတင်ပဲ ထားလိုက်တော့ မယ်လို့ ပြောတယ် ဒါတောင် ဒီငနဲလေးက တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးပြောရမှာကို
သေမလောက်ကြောက်နေတာပဲလားတော့ မသိဘူး     ဘူးဆိုမှဘူးပဲ လုံးဝမတောင်းပန်နိုင်ဘူးဆိုတာပဲပြောတယ်အဲ့ ဒီပုံအောက်မှာတင်  ကျွန်တော်တို့ ကတောင်းပန်လိုက်ပါ
သူ့ ဘက်ကတော့ မတောင်းပန်နိုင်ဘူးဆိုတာမျိုးတွေ နဲ့ အပြန်အလှန်စကားစစ်ထိုးနေကြတယ် ဒီတော့ မေခကလဲတင်းပြီးပေါ့  ဟုတ်လဲဟုတ်တယ် သူ့ ဘက်ကစဉ်းစားကြည့် ရင်
သူကမိန်းကလေး စော်ကားခံရတာ 2 ခါရှိနေပြီ ဒါတောင်တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတခွန်းမှမပြောဘူး ပြန်ပြီးတော့ တောင်ရန်တွေ့ နေလိုက်သေးတယ် ကျွန်တော်တို့ လဲ
သူတို့ နှစ်ယောက်ကြားမှာ ၀င်ရောက်ညှိနှိုင်းပေးတယ် ဘယ်လိုမှအဆင်မပြေဘူး ဒါနဲ့  ဟုတ်ပီ အဲ့ ဒါဆိုရင် နောက်ရက်ကျရင် ရန်ကုန်ပွဲရှိတယ် အဲ့ ဒီပွဲမှာ တွေ့ ပြီးဒီပြဿနာကိုဖြေရှင်းကြတာပေါ့ လို့ ပြောတော့  ဘာလို့ တွေ့ ရမှာလဲ ခင်ဗျားတို့ ကကျုပ်ကိုဝိုင်းရိုက်နေရင်ဘယ်လိုလုပ်မှာလဲတဲ့  ကြောက်တော့ ကြောက်တတ်သားပဲ ကိုယ်လုပ်ထားတာအတွက်ကိုယ်မလုံဘူးဖြစ်နေတာအဲ့ လို
အဲ့ ဒါနဲ့  ကျွန်တော်ကအေးအေးဆေးဆေးပဲပြောပြတယ် မင်းတို့ ခုဖြစ်နေတဲ့ ပြဿနာက ဒီမှာတင် အဆုံးသတ်လို့ မရဘူးလေအဲ့ ဒါကြောင့် အပြင်မှာမျက်နှာချင်းဆိုင်ပြီး
ဖြေရှင်းလိုက်တော့ ပိုမကောင်းဘူးလား မင်းတို့ လဲမင်းတို့ ဘက်ကမှန်တယ်ထင်ရင် လာပီးတော့ တွေ့ ရဲရမှာပေါ့  ဟုတ်ပီအဲ့ နေ့ မှာ မင်းရယ် ဆာမူရိုင်းဆိုတဲ့ တစ်ယောက်ရယ်
မေခနဲ့ ထိပ်တိုက်တွေ့ ပြီးဖြေရှင်းလိုက်ကြပေါ့ ကွာ တာ့ တာ အိပ်တော့ မယ်ဘာညာပြောပြီး ကျွန်တော်လဲညဉ့် နက်နေတာနဲ့  အိပ်လိုက်တော့ တယ်
23.10.2012 နေ့ က ရန်ကုန်နဲ့ ဇေယျာရွှေမြေပွဲ ရန်ကုန်အသင်းမြက်ခင်းတုကွင်းမှာ ကန်တယ် အဲ့ ဒီနေ့ က ဘောပွဲပီးတော့ ပြဿနာတက်ပါလေရော
အရင်နေ့ ကအွန်လိုင်းပေါ်မှာဖြစ်တဲ့ ပြဿနာကိုဖြေရှင်းဖို့  သီဟသက်ဇော်တင်ထားတဲ့ ပုံရယ် အဲ့ ဒီပုံအောင်မှာ အပြန်အလှန်ပေးထားတဲ့ ကွန်မန့် တွေရယ်ကို
Print Screen ဖမ်းထားပြီး Print ထုတ်လာခဲ့ တယ် ပွဲလဲပြီးရော ကျွန်တော်တို့ အဖွဲ့ ထဲက လိုက်ဒေးက အဲ့ ဒီစာရွက်တွေယူပြီးသီဟသက်ဇော်ဆီကိုသွားတယ်
သွားပြီးမင်းဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမှာလဲ မင်းမေခကိုတောင်းပန်လိုက်ဆိုတော့ ဘာလို့ တော့င်းပန်ရမှာလဲ ဒီကိစ္စကသူနဲ့ မဆိုင်ဘူးမတောင်းပန်နိုင်ဘူး
ဆိုပြီးငြင်းတယ် အဲ့ ဒီအချိန် ကျွန်တော်လဲလိုက်ဒေးနောက်ကနေလိုက်သွားတယ် သူတို့ စကားပြောနေတုန်း ကျွန်တော်ဝင်ပြီးတော့ မိတ်ဆက်လိုက်တယ်
ညီလေး အကိုက အောင်ကျော်စိုးလေ သိတယ်မလား ဆိုပြီးတော့ ပေါ့  ဟုတ်တယ်လေဗျာ သူနဲ့ ဆိုတာ အပြင်မှာ အဲ့ တခါပဲမြင်ဘူးတွေ့ ဘူးသေးတာ
တော်ကြာနေ ဘာမပြောညာမပြောနဲ့ သွားပြီးစကားပြောနေရင်ဒီဘဲကြီးကဘာလဲဘလိုင်းကြီးလာရောနေပါလားဖြစ်နေမှာစိုးလို့ မိတ်ဆက်လိုက်မိပါတယ်
(အဲ့ ဒီမိတ်ဆက်လိုက်မိတဲ့ အမှားဒီနေ့ အထိခံနေရတုန်းပဲ :D ) Facebook ပေါ်မှာ အောင်ကျော်စိုး ဆိုတဲ့ နာမည်နဲ့ သူစကားပြောဘူးတာဆိုတော့ 
အဲ့ လိုမိတ်ဆက်လိုက်တာနဲ့ သူသိသွားပါတယ် အဲ့ ဒီအချိန်မှာ မေခရယ် ကျွန်တော်တို့ အဖွဲ့ ထဲကလူတွေရယ်ကျွန်တော်တို့ နားကိုရောက်လာတယ်
အဲ့ ဒီအချိန်မှာကျွန်တော်တို့ က မင်းမေခကိုတောင်းပန်လိုက်ပါလို့ ပြောနေတဲ့ အချိန်ပေါ့ ဗျာ ပီးတော့ မေခရောက်လာပီးမေခကပါ နင်ဒီကိစ္စကိုရှင်းပေး
ပြီးတော့ ငါ့ ကိုတောင်းပန်ပေးအဲ့ ဒါဆိုရင်ငါကျေနပ်မယ်ဆိုတော့  ငနဲလေးက မသိဘူးမတောင်းပန်နိုင်ဘူးဗျာလို့ ပြောပြီး လှည့် ထွက်မယ်အလုပ်
မေခက သူ့ လက်ကိုလှမ်းဆွဲလိုက်တယ် နင်နေဦးဒီကိစ္စကိုဖြေရှင်းပေးသွားဦးလို့ ပြောတယ် အဲ့ ဒီမှာသူကမေခလက်ကိုပုတ်ချပြီးမေခကိုတွန်းလိုက်တယ်
အဲ့ ဒီမှာဇာတ်လမ်းကစပါလေရော မေခရဲ့ အကိုကသူ့ ညီမကိုတွန်းရပါမလားဆိုပြီးဝင်ပြီးတော့ ထိုးလိုက်ပါလေရော အဲ့ ဒီမှာဝုန်းဒိုင်းကျဲသွားတယ်
ဟိုဘက်ဖန်ဒီဘက်ဖန်လူတွေကအများကြီးဆိုတော့ ဟိုလူ့ ကိုဆွဲဒီလူ့ ကိုဆွဲလုပ်နေကြတုန်း ငနဲလေးက ပွဲကြည့် စင်ပေါ်ကနေဆင်းပြေးသွားတယ်
အဲ့ ဒီအချိန်ကျွန်တော်တို့ အဖွဲ့ ထဲမှာပါလာတဲ့ လူကြီးတွေက အားလုံးကိုခေါ်ပြီးလာလာ သွားကြမယ်ဆိုပြီး စင်အောက်ကိုဆင်းလာကြတယ်
ပြီးတော့ ကွင်းပြင်ကိုအားလုံးစုဝေးပြီးတော့ ထွက်လာကြတယ်ပေါ့ ဗျာ  အဲ.... အဲ့ ဒီမှာ နောက်ထပ်ဇာတ်လမ်းတပုဒ်ကစလာပြန်တယ်
ကျွန်တော်တို့ အဖွဲ့  လူအယောက် 20 ကျော် 30 လောက်ရှိမယ် အဲ့ လောက်လူအုပ်နဲ့ ထွက်လာတာကို ကွင်းပေါက်နားလေးမှာတင် ရဲနိုင်ဆိုတဲ့ 
ချာတိတ်လေးတစ်ကောင်က  ဟေ့ ကောင်မ မေခ နင်ထွက်လာစမ်း နင်နဲ့ ငါနဲ့ စာရင်းရှင်းမယ်ဆိုပြီး အော်ဟစ်ဆဲဆိုပြီးတော့ စိန်ခေါ်ပြန်တယ်
အဲ့ ဒီမှာ အဖွဲ့ ထဲကကောင်လေးတွေက ၀ိုင်းပီးထိုးမယ်ကြိတ်မယ်လုပ်ရော ဒါနဲ့ ပါလာတဲ့ လူကြီးတွေက ကောင်လေးမင်းသေလိမ့် မယ်နော်
တစ်ယောက်နဲ့  အများနဲ့ ဖြစ်ချင်လို့ လားမင်းသေသွားလိမ့် မယ်သွားတော့ သွားတော့ ဆိုပြီး ၀ိုင်းဆွဲပြီးသွားခိုင်းလိုက်တယ်ဆွဲလိုက်လို့ ပေါ့ မဆွဲရင်
အဲ့ ဒီနေရာမှာတင် စိစိညက်ညက်ကျေသွားနိုင်တယ် လူကြည့် တော့ တချက်ထိုးစရာမရှိဘူး လာပီးတော့ လူမိုက်ဆန်ဆန်စိန်ခေါ်နေတာ
သူနဲ့ ပါလာတဲ့ တစ်ယောက်ကတော့ သူ့ အစားကျွန်တော်တောင်းပန်ပါတယ်ဗျာ ဘာညာပြောပြီးအဲ့ ကောင်လေးအစားလာတောင်းပန်သွားပါတယ်
အဲ့ ဒါနဲ့  အဲ့ ဒီကွင်းရှေ့ ကလ္ဘက်ရည်ဆိုင်မှာ အားလုံးစုပီးထိုင်ကြတယ် သွေးပူ သွေးဆူနေတဲ့ အချိန်ဆိုတော့  အေးဆေးဖြစ်သွားအောင် ခနထိုင်နေလိုက်တယ်
ထိုင်နေရင်းနဲ့ အားလုံးက၀ိုင်းပီးအကြံပေးတယ် မေခနောက်ဆိုအဲ့ လိုထပ်မဖြစ်အောင် ထပ်ပီးတော့ မနှောက်ယှက်တော့ အောင် စခန်းမှာအမှုသွားဖွင့်မယ်ဆိုပြီး
သွားကြတယ် မေခကို ကိုယ်ထိလက်ရောက်ကျူလွန်မှု ပြီးတော့ ဆဲဆိုပြီးကြိမ်းမောင်းတဲ့ အမှုရယ်ပေါင်းပြီး သီဟသက်ဇော်နဲ့  ရဲနိုင်ကို အမှုဖွင့် တယ်
အဲ့ စခန်းမှာပဲ ငနဲလေးတွေနဲ့ ထပ်တွေ့ ပြန်ရော သူလဲတိုက်ချက်ဖွင့် နေတယ်ဆိုလားပဲ သူ့ မျက်နှာတချက်အထိုးခံလိုက်ရတာကို လာပီးအမှုဖွင့် နေတာတဲ့ 
အဲ့ ဒီမှာအမှုကအပြန်အလှန်ဖွင့် တယ်ဆိုပါစို့  ရဲတွေကလဲ ပြောတယ် ဘာမဟုတ်တာလေးနဲ့ အမှုလာဖွင့် နေတယ် နှစ်ဦးနှစ်ဖက်ပြေလည်ရာပြေလည်ကြောင်း
ညှိလိုက်ရင်ပီးနေတာကိုလို့ ပြောတယ် ဒါပေမယ့်သူတို့ ဘက်ကလဲ ညှိဖို့ အစီအစဉ်မရှိတဲ့ ပုံပဲ ဒီတော့ ကျွန်တော်တို့ ဘက်ကလဲမညှိတော့ ဘူးပေါ့ 
အဲ့ ဒီမှာတင်ဇာတ်လမ်းကစတယ် အထိုးခံရတာတချက်ထဲ သူတို့ ဆွဲချက်တင်လိုက်တာ တဖွဲ့ လုံးဆိုပဲ ရယ်တော့ ရယ်ချင်သွားတယ် အဲ့ ဒီရန်ဖြစ်တဲ့ အချိန်မှာ
အနည်းဆုံး လူ 50 ကျော်လောက်အဲ့ ဒီမြင်ကွင်းကိုမြင်တယ် နောက်ဆုံး ကွင်းထဲကထွက်လာနေတဲ့  ကစားသမားတွေတောင်မြင်တယ် သူအထိုးခံရတာတချက်ထဲ
ဆိုတာကို ဒါပေမယ့် ဗျာ သေးတဲ့ အမှုကိုကြီး အောင် ငနဲလေးကလုပ်လိုက်ပါတယ် ဒီလိုနဲ့  ရဲစခန်းကို ကျွန်တော်တို့ အဖွဲ့ တွေ ခနတိုင်းသွားရတယ် အာမခံတွေလုပ်ရတယ်
နောက်ဆုံး တရားရုံးထိပါတင်လိုက်တယ် အဲ့ ဒီမှာ ကျွန်တော် တော်တော်လေးကိုဒီကောင်တွေကို ကြည့် မရဖြစ်သွားတယ် မျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင်ကို
ဖြစ်သွားတာ မျက်စိရှေ့ မှာတွေ့ လိုက်ရင် ထထိုးချင်စိတ်တောင်ပေါက်တယ် တကယ့် လူလိမ်လူညာတွေချည်းပဲ
နောက်ဆုံးတရားရုံးမှာ ရှေ့ နေနဲ့ အမှုအသွားအလာကိုစစ်ကြဆေးကြတော့  ဒီကောင်လေးကပြောတယ်  မေခရဲ့ အကိုကတော့ ကျွန်တော့် ကိုဒီနေရာကိုထိုးပါတယ်
ပီးတော့  အောင်ကျော်စိုး ဆိုတဲ့  ကျွန်တော်က ဒီနေရာလေးကိုထိုးပါတယ် ( အဲ့ ဒါမိတ်ဆက်မိတဲ့ အပြစ်  မဟုတ်ရင် ကျွန်တော်ဘယ်သူလဲသူသိမှာမဟုတ်ဘူး )
လိုက်ဒေးကတော့ ဒီနေရာလေးကိုထိုးပါတယ် မေခကတော့ သူ့ ကိုဒီနေရာကိုရိုက်ပါတယ် ဆိုပဲဗျ  တကယ့် လူလိမ်လူညာလေးပါဗျာ ဒီနေရာမှာတခုတော့ ပြောပြချင်တယ်ဗျ
တရားသူကြီးရှေ့ မှောက်မှာ အမှုစစ်ခံကာနီးမှာ ကျမ်းကျိန်ရပါတယ်  သူတို့ လဲကျိန်တယ် ကျွန်တော်တို့ လဲကျိန်တယ် ဒါပေမယ့် သူတို့ တွေကတော့ ကျမ်းစာကြီးကိုကိုင်
ကျမ်းကျိန်ပြီးတော့ ကိုလိမ်ကြတယ်ဗျတကယ် အံ့ သြ စရာပါပဲ တကယ့် တကယ်မှာ သူအထိုးခံခဲ့ ရတာ မေခအကို ထိုးလိုက်တဲ့ လက်သီးတချက်ထဲပါ :)
ဒီလိုနဲ့  ရဲနိုင်ကိုစစ်တယ် ဟော သူလဲလိမ်ပြန်ပါတယ်ဗျာ အားလုံးဝိုင်းထိုးပါတယ်တဲ့ ဗျာ အထိုးခံရတာသွေးတောင်ထွက်တယ်ဆိုပဲဗျ ကျွန်တော်တို့ သိရသလောက်ကတော့ 
အထိုးခံရတဲ့ နေရာမှာ ယောင်သွားတာတော့ သိတယ် ဒါပေမယ့် သွေးထွက်တယ်ဆိုတာမျိုးတော့ မဟုတ်ဘူးဆိုတာအသေအချာပဲ  သူလဲ ကျမ်းကျိန်ပြီးလိမ်သူတစ်ယောက်ပေါ့ 
တရားရုံးက တပတ်တခါရုံးချိန်းခေါ်တယ် နှစ်ဦးနှစ်ဖက်က တရားလို ရော တရားခံရောပေါ့ ဗျာ ဟိုဘက်ကဆိုရင်  တရားခံသီဟသက်ဇော် တရားလိုသီဟသက်ဇော်
ဒီဘက်ကဆိုရင် တရားခံ မေခရဲ့ အကို လိုက်ဒေး ကျွန်တော် ပြီးတော့ မေခ ပေါ့  တရားလိုအဖြစ်ကလဲ မေခ  အဲ့  လိုကျွန်တော်တို့ အပြန်အလှန်တရားရုံးမှာမှုရင်ဆိုင်ရပါတယ်
ကျွန်တော်ဆိုရင်သက်သေအနေနဲ့ ပဲပါရမှာကို တရားခံအနေနဲ့ တောင်တရားစွဲခံလိုက်ရတယ် တကယ်မတရားတာကြီးပဲဗျနော် တော်တော်တော့ ခံပြင်းသား တချက်မှ
မထိုးလိုက်ရပါပဲနဲ့ ထိုးပါတယ် ဆိုပြီးဖြစ်တယ် လုပ်ကြံခံရတာပေါ့ ဗျာအဲ့ ဒါကြောင့် ညီလေးသီဟသက်ဇော် အကိုကမင်းကိုမထိုးပါပဲနဲ့ ထိုးပါတယ်လို့ လိမ်ပြောတယ် အဲ့ ဒီတော့ 
မထူးပါဘူး ထိုးတယ်ဆိုတာ အတည်ဖြစ်သွားအောင် ငါတချက်လောက်တော့ ထိုးမယ်ကွာလို့ ပြောချင်နေတာပါးစပ်ကိုယားနေတာပဲ မျက်နှာကိုစေ့ စေ့ ကိုမကြည့် ချင်လို့ သာပေါ့ 
ဒီလိုနဲ့ နောက်ရုံးချိန်းတွေမှာ ဖေ့ ဘွတ် နစ်
U U Pyae Phyo (Z Z Kyel) ( https://www.facebook.com/upyaephyohtut ) ,
Aung Win Htut (Master Consigliere) ( https://www.facebook.com/AWHtut ),
John Nyi Hein ( https://www.facebook.com/johnnyi.hein  )
ဆိုတဲ့ လူလိမ် သုံးယောက်ကလဲ ကျမ်းစာကြီးကိုကိုင် ကျမ်းကျိန်ပြီးတော့ 
လိမ်ပြီးရင်းလိမ်သွားပါတယ်ဗျာ သူတို့ လဲမြင်တာပဲ ကျွန်တော်မထိုးခဲ့ ဘူးဆိုတာကို ဒါတောင် ကျွန်တော် ထိုးပါတယ်ချည်းပဲသေချာပေါက်ကို ပြောသွားတယ် ဒီထဲမှာ
U U Pyae Phyo ဆိုတဲ့ တစ်ယောက်ကတော့  Thiha Thet Zaw (Kar Yan Thit) (https://www.facebook.com/thihathetzaw91 )
ပြောသွားတုန်းကလိုကျွန်တော်က တချက်ပဲထိုးပါတယ်ဆိုတာမဟုတ်တော့ ဘူး 2 ချက်တောင်ထိုးပါတယ်တဲ့ ဗျာ
ရယ်လဲရယ်ရတယ် လိမ်လဲလိမ်ရဲတယ် ကျမ်းကျိန်ပြီးတော့ လိမ်သူစာရင်းထဲမှာ သူလဲအပါအ၀င်ပေါ့ တကယ့် လူလိမ်လူညာတွေပါပဲဗျာ
အဲ့ လိုသူတို့ လိမ်ညာပြီးထွက်ဆိုသွားတော့ ကျွန်တော် တော်တော်လေးတော့ စိတ်ထဲမှာတင်းသွားတယ် သူတို့ အားလုံးကို အသရေဖျက်မှုနဲ့  တရားပြန်ဆွဲရင်
ကောင်းမယ်လို့ တွေးမိတယ် ဒါပေမယ့် ဗျာခုတောင်တပတ်တခါရုံးချိန်းသွားနေရတဲ့ ဒုက္ခကိုကြည့် ပြီး နောက်ထပ် အရှည်အရှည် ဖြစ်မှာကိုမလုပ်ချင်တော့ လို့ သာ
ဘာမှမလုပ်ဖြစ်တာ သူတို့ လုပ်သွားတာက ကျွန်တော့် ပါတ်ဝန်းကျင် ကျွန်တော့် အသိုင်းအ၀ိုင်းမှာ ကျွန်တော့် ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်ထားတာပဲလေ
တကယ်ကျွန်တော် မထိုးခဲ့ ပါပဲနဲ့  ထိုးပါတယ်လို့ စွပ်စွဲပြောဆိုမှုတွေကြောင့်  ရုံးတို့ ဂတ်တို့ မှာ တရားခံအဖြစ်နဲ့  မတရားခံနေရတဲ့ အဖြစ်ကိုရောက်နေတယ်ဗျာ
စိတ်တော့ တော်တော်လေးနာတယ် တော်တော် မိုက်ရိုင်းတဲ့ လူလိမ်လူညာတွေပါလား ငါဘာမှမလုပ်ပါပဲနဲ့ ကိုငါလုပ်ပါတယ်ပဲမျက်စိမှိတ်ပီးတော့ ထွက်ရဲကြတယ်
ငါသာ အသရေဖျက်မှု ဂုဏ်သိက္ခာ ညှိုနွမ်းအောင်လုပ်မှုတွေနဲ့ သာတရားပြန်ဆွဲလိုက်ရင် အကုန်လုံးထောင်ထဲမှာပျော်ပျော်ကြီးနေရမှာကိုမသိဘူးလားမသိဘူးလို့ 
တွေးမိတယ် အချိန်မပေးနိုင်လို့ သာပေါ့ ဗျာ မဟုတ်လို့ ကတော့  စွဲချက်တင်ပြီး တကယ်လုပ်ပစ်မိမယ်ထင်ပါရဲ့  သူငယ်ချင်းရှေ့ နေတွေကလဲဘယ်လိုလဲလုပ်လိုက်မလား
ဆိုပြီးမေးတယ် နေဦးခုတော့ မလုပ်ချင်သေးဘူး ခုတောင်တပါတ်တခါရုံးချိန်းသွားဖို့ အချိန်ပေးနေရလို့  အိမ်နဲ့ လဲပြဿနာတွေတက်နေတယ် အလုပ်တွေလဲပျက်နေတယ်
နောက်ထပ်တော့ အရှည်အရှည်မဖြစ်ချင်တော့ ဘူး ရုံးတွေကနားတွေကို စိတ်ကုန်နေပီလို့ ပြောလို့ သာငြိမ်နေကြတာပါ လုပ်မယ်ဆိုလို့ ကတော့ သူတို့ ကလဲလုပ်ပီးသားပဲ
ဟုတ်လဲဟုတ်တယ် ကိုယ် ကိုယ်တိုင်မထိုးခဲ့ ပါပဲနဲ့ ထိုးခဲ့ ပါတယ်လို့ အစွပ်စွဲခံနေရပြီး တရားခံအဖြစ်ရောက်လို့ ရောက် တပါတ်တခါ ရုံးကိုသွားဖို့ အိမ်နဲ့ ပြဿခနတိုင်းတက်တယ်
အစပိုင်းကတော့ သူများတွေဖြစ်လို့ သက်သေအနေနဲ့ လိုက်ပေးနေရတာပါဆိုပြီး တပါတ် 2 ပတ်လောက်ကတော့ လိမ်လို့ ရသေးတယ် လနဲ့ ချီပြီးကြာလာပီး အပတ်ရေတွေများလာ
လာတော့ အိမ်ကမကြည်ချင်တော့ ဘူးသက်သေကရုံးချိန်းကို အမြဲတမ်းလိုက်နေရတာလား မလိုရင်မလိုက်နဲ့ တော့ လေအလုပ်ပျက်အကိုင်ပျက်နဲ့ လိုက်မနေနဲ့ တော့ တဲ့ ဗျာ
အဲ့ ဒီမှာ ကျွန်တော့် မှာဖုံးမရဖိမရ မသွားလို့ မရဘူးဗျာ ကျွန်တော်တစ်ယောက်မသွားတာနဲ့  ကျန်တဲ့ သုံးယောက်အချုပ်ထဲမှာ နေရလိမ့် မယ် ကျွန်တော်ကိုယ်တိုင် တရားခံအဖြစ်
တရားစွဲခံနေရလို့ မသွားမဖြစ်သွားရမှာ မသွားလို့ ကိုမဖြစ်ဘူးဆိုပြီး အသိပေးလိုက်ရတော့ တယ် အဲ့ ဒါကြောင့် သွားဖို့ ခွင့် တော့ ရသွားတယ် ဒါပေမယ့် တပါတ်တခါရုံးကချိန်းတဲ့ 
ရက်နီးလာရင် မျက်ခုံးကလှုပ်နေပီ အလုပ်တွေများတဲ့ ရက်နဲ့ မတိုက်ပါနဲ့ လို့ ဆုတောင်းနေရတယ် အလုပ်တွေများတဲ့ ရက်နဲ့ တိုက်နေရင် အိမ်ကသိပ်မကြည်တော့ ဘူး အပြောခံရပီ
မင်းဒီလို အရေမရအဖတ်မရတွေ လုပ်နေလို့  ဒီလိုဖြစ်တာဆိုတာမျိုး ကြားရဖန်များလာတော့ နားတောင်ယဉ်လာသလိုပဲ :) အရင်ကတည်းက ဘောလုံးကန်ထွက် ဘောလုံးပွဲသွားကြည့်  ပီးတော့ အခြားအကြောင်းတွေနဲ့ အလုပ်ကနေခနတိုင်းလစ်ခဲ့ တာဆိုတော့ သိပ်မကြည်တဲ့ ဓာတ်ခံကရှိပီးသားလေ
ခုလိုတွေဖြစ်လာတော့ ပြောကွက်ရသွားတာပေါ့ အမြဲတမ်းအိမ်နဲ့ ပြဿနာဖြစ်တယ် အချိန်ကုန်လူပန်းတယ် ပိုက်ဆံကကုန်သေးတယ် ဟူးးးးးးးးးးးးး လက်သီးတစ်ချက်ရဲ့ ဇာတ်လမ်းပဲ
ဒီနေ့  31.12.2012 ရုံးချိန်းသွားရတယ် ရုံးက 10:30 AM ဆင့် ခေါ်ထားလို့  10 နာရီလောက်အရောက်သွားတယ် ဟိုမှာထိုင်စောင့် နေရတယ်ဗျာ အဲ့ ဒီအချိန်မှာ ဟိုဘက်ကတရားခံ
တရားလို သီဟသက်ဇော်ဆိုတဲ့ ငနဲလေးပါ ကျွန်တော်တို့ နဲ့ အတူတူရှိနေတယ် 3နာရီလောက်ထိတရားသူကြီးကမခေါ်သေးဘူး ကျွန်တော်တို့ ရှေ့ မှတမှုပြီးတမှုစစ်နေတာပဲထိုင်ကြည့် 
နေရတယ် ဒါနဲ့ နောက်ဆုံး မနေနိုင်လို့ ထပြီးရုံးစာရေးကိုမေးလိုက်တော့ မှတရားသူကြီးကခေါ်ခိုင်းတယ်ဆိုပီး အားလုံးကိုခေါ်တယ် အဲ့ ဒီတော့ မှ  ကိုယ်တော်ချောက တရားခံ ရဲနိုင်နေမကောင်းလို့ မလာနိုင်လို့ ခွင့် တင်ပါတယ်တဲ့ ဗျာ တချိန်လုံးဒီတိုင်းထိုင်နေပီးတော့  တရားသူကြီးကခေါ်တော့ မှပဲ ခွင့် တိုင်တယ်တဲ့ ဗျာ မနက်ကတကည်းကရောက်ကတည်းကတင်ပါတော့ လား ဒါသူတို့ အကြံရှိလို့ ဒီလိုလုပ်သွားတာပဲလို့ သိလိုက်ရတယ်ဗျာ တော်တော် တော့ ဒေါသထွက်သွားတယ်
နှစ်ယောက်ရယ် နောက်တစ်ယောက်ရယ် ပဲသွားမိပါတယ် တစ်ယောက်မလာနိုင်ဘူးဆိုရင်အမှုစစ်လို့ မရဘူး လူစုံမှစစ်လို့ ရမယ်အဲ့ ဒီတော့ ခွင့် တိုင်ဆိုလို့ ခွင့် တိုင်ပြီးပြန်လာလိုက်တယ်အဲ့ ဒီတုန်းကသူတို့ အဖွဲ့ ဘက်ကသက်သေတွေရောဘာရောလူတော်တော်များတယ် ကျွန်တော်တို့ 
လူမစုံလို့ ခွင့် တိုင်တယ်ဆိုလို့ သူတို့ ဒီတိုင်းပြန်သွားရတယ် ဒါကိုသူတို့ ကတမင်လုပ်တယ်ထင်ပြီး ပြန်ပြီးတော့ လုပ်ကြံဇာတ်ကြီးခင်းပီး ခွင့် တိုင်တာဖြစ်မယ် အဲ့ ဒီရက်တုန်းက
မေခ ကခရီးထွက်သွားတယ် တရားရုံးကအရင်အပတ်ကသူ့ ကိုစစ်ထားပြီးသွားပြီ ပီးတော့  ဒီအပါတ်မှာ မင်းရယ်မင်းရယ်လာရမယ်လို့ နှစ်ယောက်ကိုပဲမှာလိုက်တော့ သူလဲ
သွားစရာရှိတာကိုသွားတာပေါ့  အဲ့ ဒါကိုဒီကောင်တွေက လုပ်ကြံပီးခွင့် တိုင်တယ်ထင်ပီးခုတခါသူတို့ အလှည့် ပြန်လုပ်တာဖြစ်မယ်တော်တော် တော့ ဒေါသထွက်ရတယ်ဗျာ
အဲ့ ဒါကြောင့် ကျွန်တော်မှာအလုပ်ပျက်အကိုင်ပျက် အိမ်နဲ့ ပြဿနာဖြစ်ပီးထွက်လာရတဲ့ တစ်ရက်အလားဖြစ်သွားတယ် ဒါကြောင့် မြိုသိပ်မထားနိုင်တော့ ဘူး ဒီတိုင်းပဲ အားလုံးသိရအောင်ချရေးပြလိုက်တော့ တယ် ဗျာ ...
ကျွန်တော်မထိုးခဲ့ မိသည့် လက်သီးတစ်ချက်နဲ့  2012 ရဲ့  10 လပိုင်းက ပြဿနာက  နှစ်သစ် 2013 ထိပါလာတော့မယ်ဆိုတော့ စိတ်ထဲမှာမနေနိုင်တော့ ဘူး ပေါက်ကွဲ
ပြချင်လာပီ ငြိမ်နေခဲ့ လို့ ဆိုးတော့ မလာနဲ့ ဝုန်းဒိုင်းကျဲပြလိုက်မယ်လို့ စိတ်ကူးပြီးဒီလိုချပြလိုက်ပြီဗျာ ဒီပြဿနာတွေနဲ့ ပါတ်သက်ပြီးအလိမ်အညာတွေဘာဆိုဘာမှ
ကျွန်တော်မသုံးခဲ့ ဘူး  လိမ်တာညာတာဆိုတာ ကျွန်တော် အမုန်းဆုံးအလုပ်ပဲ  တကယ်လို့ များ ဒီပြဿနာ ဇာတ်လမ်းအစ ဆာမူရိုင်းဆဲထားတယ် ဆိုတဲ့  Chat List ကိုများပြန်ကြည့် ချင်တယ်ဆိုရင် မေခရဲ့ အကောင့် ထဲမှာရှိသေးသလို  သက်သေအဖြစ်နဲ့  Video File လေးအဖြစ်လဲသိမ်းဆည်းထားပါတယ်
ပြီးတော့  Thiha Thet Zaw (Kar Yan Thit) ( https://www.facebook.com/thihathetzaw91 ) လုပ်ကြံဖန်တီးထားတဲ့ သူတင်ထားတဲ့ ပုံရယ်
အပြန်အလှန်ပြောထားကြတဲ့  Comment တွေရယ်ကို  PDF အဖြစ်လဲဖမ်းထားသလို Print ထုတ်ထားတဲ့ သက်သေခံစာရွက်စာတမ်းတွေ ကျွန်တော်တို့ မှာသိမ်းဆည်းထားပါတယ်
မဟုတ်မမှန်လုပ်ကြံတဲ့ သူတွေကို မုန်းတီးလွန်းလို့  အမှန်တရားအတိုင်းချပြလိုက်ပါတယ် ကာယကံရှင်လူလိမ်တွေအနေနဲ့ လဲ မကျေနပ်ဘူးဆိုရင် တရားရုံးမှာ ဆက်လက်တွေ့ ကြ
သေးတာပါ့  ခြိမ်းခြောက်တာတော့ မဟုတ်ဘူး ငါ့ ပါတ်ဝန်းကျင်  ငါ့ အသိုင်းအ၀န်းမှာငါကိုယ်တိုင်ဘာမှမလုပ်ခဲ့ ရပါပဲနဲ့  အောင်ကျော်စိုး ဆိုတဲ့ ကောင်က  ရုံးရောက်ဂတ်ရောက်နဲ့  ရန်ဖြစ်လို့  အမှုဖြစ်နေတယ်ဆိုတဲ့ အမည်းစက်စွန်းထင်းခဲ့ ရပြီးပြီ  ဂုဏ်သိက္ခာလဲ ထိပါးခံခဲ့ ရပြီးပြီ အဲ့ ဒီအတွက်ပးဆပ်ဖို့ သာပြင်ထား ကိုယ်လုပ်တဲ့  ကိုယ်ပြုမူထားတာတွေအတွက် တာဝန်ယူဖို့ သာပြင်ထားပဲငါမဟုတ်ပဲနဲ့ ခံခဲ့ ရတယ်အေးဆေးနေလို့ မရအောင်လုပ်ခဲ့ တယ်  အဲ့ ဒီအတွက် တော့  မင်းတို့ အရန်သင့် ပေးဆပ်ဖို့ ရှိနေပါစေ...။
by Åüñg Kÿáw Sôë on Monday, 31 December 2012 at 22:37 ·
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...