Ads (728x90)



၂၀၀၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မောင်ပရို ၄ နှစ်ကျော် လူလားမြောက်လို့ လာမယ့်နှစ်မှာ ၅ နှစ်ပြည့်နဲ့အတူ မူလတန်း တက်ရပါတော့မယ်။ ဒီမတိုင်မီ သူမွေးဖွားဖို့ အရှိန်ယူခဲ့ရတာတွေ၊ မွေးဖွားဖွားချင်း အခက်အခဲတွေ ကြုံခဲ့ရတာတွေ၊ လမ်းလျှောက်တတ်ဖို့ သင်ယူနေရဆဲမှာပဲ ပြိုလဲမတတ် ဖြစ်ခဲ့တာတွေ။ ငယ်ရွယ်လွန်းသေးတဲ့ သူ့အပေါ် မျှော်လင့်ချက် ကြီးခဲ့တဲ့အတွက် ပ
င်ပန်းဆင်းရဲခဲ့တာတွေ။ မျက်ဝန်းထဲမှ ဝေသီနေတဲ့ မျက်ရည်တွေနဲ့ လွန်ခဲ့တဲ့ လေးနှစ်ကျော်က အတိတ်ပုံရိပ်တွေကို တစ်လွှာချင်းစီ သူမြင်ယောင်မိတယ်။

၂၀၀၈ ခုနှစ် …

ကျွန်တော့်ကိုမွေးဖွားဖို့ အဖ ဘောလုံးအဖွဲ့ချုပ်နဲ့ အမိ မြန်မာနိုင်ငံတို့ ၂၀၀၈ မှာ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်ရဲ့ အနာဂတ်ကို အဖေနဲ့အမေက အကြီးကြီး စိတ်ကူးယဉ်မျှော်လင့်ခဲ့ကြပြီး ကျွန်တော် မွေးဖွားရင် အဆင်သင့် ဖြစ်နေဖို့ သူတို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြတယ်။

ကျွန်တော့် မွေးဖွားတာနဲ့ တပြိုင်နက် ကျွန်တော်ချက်ချင်း ရပ်တည်နိုင်အောင် ပြင်ဆင်ရသလို ကျွန်တော့် ခန္ဓာကိုယ်ထဲကိုလည်း နိုင်ငံတကာအထိ သွားရောက် လေ့လာပြီး ပညာရပ်မျိုးစုံ ထည့်ပေးခဲ့ကြတယ်။ ဆိုကြပါစို့။ ၂၀၀၉ ခုနှစ်မှာ ကျွန်တော့်ကို စတင်မွေးဖွားခဲ့ပြီး အရွယ်မတိုင်မီ ပညာရပ်အစုံအလင်နဲ့ အားလုံးရဲ့ ရှေ့ရောက်ဖို့ ကျွန်တော့်ကို ဒေါက်တိုင်တွေနဲ့ ကျားကန်ပေးခဲ့ကြတယ်။

သူတို့ ကျားကန်ပေးထားတဲ့ ဒေါက်တိုင်တွေပေါ်မှာ ဘ၀ရဲ့ ဇာတ်ခုံကို လူမမယ်သားလေး ကျွန်တော် စတင် ကပြခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်ရဲ့ အစွမ်းထက် ကျွန်တော်ကို ထောက်ကူပေးထားတဲ့ ဒေါက်တိုင်တွေက ပိုအရေးပါ ပါတယ်။ ဒေါက်တိုင်တစ်ခုချင်း အကြောင်းကို ရှင်းပြလိုပါသေးတယ်။

ကျွန်တော် အရွယ်မတိုင်မီ ရပ်တည်နိုင်ဖို့ ကျွန်တော့်ကို အဖေ အပါအ၀င် ဒေါက်တိုင် ၆ တိုင် ထောက်ကူ ပေးထားပါတယ်။ ပထမ ဒေါက်တိုင်က ကျွန်တော့် အဖေ ဘောလုံးအဖွဲ့ချုပ်၊ ဒုတိယက ဒေါက်တိုင်က ဘောလုံးအသင်းပိုင်ရှင်တွေ၊ တတိယက ဘောလုံးသမားတွေ၊ စတုတ္တက ပရိသတ်တွေ၊ ပဉ္ဇမက မီဒီယာတွေ၊ ဆဋ္ဌမက အားကစားရပ်ဝန်းက ဒိုင်လူကြီးတွေ။ အရွယ်မရောက်သေးတဲ့ ကျွန်တော့်အတွက် သူတို့ မရှိဘဲ ကျွန်တော် မရပ်တည် နိုင်ပါဘူး။ သူတို့ တစ်ယောက်ချင်းစီရဲ့ အားသာချက်နဲ့ ကျွန်တော် ကပြခဲ့ရပြီး တစ်ယောက်ယောက်ရဲ့ ဒေါက်တိုင် ချို့ယွင်းတာနဲ့ အခက်အခဲ ကြုံရမှာပါ။

၂၀၀၉ ခုနှစ် ….

ကျွန်တော့်ရဲ့ ခန္ဓာရပ်ဝန်းမှာ မြန်မာနေရှင်နယ်လိဂ်ဆိုတဲ့ ပြိုင်ပွဲတစ်ပွဲကို ၂၀၀၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြ တယ်။ ပထမဆုံး အနေနဲ့ အားလုံး ညီညွတ်ခဲ့သလို ကျွန်တော့်အတွက်လည်း အမှတ်ရစရာပါ။ အာဖရိကနွယ်ဝင် လူမည်း ကစားသမားတွေ၊ တောင်အမေရိက ဘောလုံးဘုရင် ဘရာဇီးလ်လ် နိုင်ငံမျိုးက ကစားသမားတွေ ရောက်ရှိလာမှု၊ နိုင်ငံတကာက ကျွမ်းကျင်တဲ့ နည်းပြဆရာတွေ၊ မကြုံစဖူး ထူးကဲတဲ့ အားပေးမှုများနဲ့ ကျွန်တော့်မွေးဖွားခြင်းက လှပခဲ့ပါတယ်။

ချမ်းသာတဲ့ ဘောလုံးအသင်း ပိုင်ရှင်ကြီးများက ပြည့်စုံတဲ့ ကြော်ငြာ အတတ်ပညာတွေ၊ ဟာကွက်မရှိတဲ့ ဈေးကွက်ဗျူဟာတွေကို အသုံးပြုခဲ့တာတွေ၊ ရန်ကုန်မြို့အနှံ့ လှပချောမောလွန်းတဲ့ မိန်းမပျိုလေးများရဲ့ ပရိုမိုးရှင်း အစီအစဉ် လက်မှတ်ရောင်းချမှုတွေ၊ ကွင်းထဲဝင်လာတဲ့ ပရိသတ်တွေ အတွက် အမြင်ဆန်းသစ်မှုအဖြစ် နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ မီဒီယာသမားတွေရဲ့ ဂရုတစိုက် အလေးပေး ဖော်ပြမှုတွေကြောင့် ပရိသတ် လူပုံအလယ်မှာ ကျွန်တော့်ရဲ့ အနာဂါတ်ဟာ မျှော်လင့်ချက်တသီကြီးနဲ့ ခမ်းနားလွန်းခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ရပ်ဝန်းမှာ ဘောလုံးသမားတွေ နေ့ချင်းညချင်း ဘ၀ပြောင်းသွားသလို ကလပ်အသင်း ပိုင်ရှင်များရဲ့ ပံ့ပိုးမှုကလည်း အံ့မခန်းပါပဲ။ ရတနာပုံအသင်းက ပထမဆုံး ချန်ပီယံ ဖလားနှစ်လုံး ရယူပြီး ကျွန်တော့်ရဲ့ ရင်ဘတ်မှာ ချန်ပီယံ မှတ်တမ်းရေးထိုးခဲ့သလို သူတို့ရဲ့ ရာသီသိမ်း အောင်မြင်မှုကို ကြိုဆိုခဲ့တဲ့ ပရိသတ်တွေကြောင့် အလှပေါ်အယဉ်ဆင့် ဆိုသလို ကျွန်တော့်ရဲ့ တစ်နှစ်သား ဘ၀လေးက လှပစွာ ကုန်ဆုံးခဲ့ပါတယ်။

ဒီနေရာမှာ ပထမဆုံး ဆိုတဲ့ စီမီခန့်ခွဲမှု အောက်မှာ ကျွန်တော့် အဖေ ဘောလုံးအဖွဲ့ချုပ်နဲ့ အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ကောင်းမွန်တာကြောင့် ကျွန်တော့်ရဲ့ တစ်နှစ်ပြည့်လေးဟာ လှပခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂ နှစ်သား ဘ၀ကို တက်လှမ်းရမယ့်အတွက် ကျွန်တော် ကိုယ်တိုင်လည်း ယုံကြည်မှုတွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။
................................................................................................
(မျှော်လင့်ခြင်း နိုင်ငံသားတွေအတွက် ဒေါက်တိုင်တွေ မသေဆုံးကြပါနဲ့ (၂) မျှော်

By :





  • Han Myohset ရတနာပုံကို ပင်နယ်တီနဲ့ရှုံးတော့ လက်ဖက်ရည်ဆိုင်ထဲက ဝေဖန်ညီးတွားသံတွေ ..
    ဧရာဝတီကို မိနစ်ပိုင်းလေးမှာပဲ သရေရအောင်ကန်နိုင်ခဲ့တော့ ကြခဲ့တဲ့မျက်ရည်တွေ။
    မိုးရေတွေကြောင့် လမ်းတွေပိတ်၊ ကားတွေမသွားနိုင်တဲ့ကြားက ချစ်တဲ့အသင်းကို အားပေးနိုင်ဖို့ ရေတွေစိုနေတဲ့ကြားက အ
ားပေးခဲ့ကြတာတွေ။
    ဖလားတစ်လုံး အသင်းကရသွားတော့လည်း အသင်းအုပ်ချုပ်သူတွေနဲ့လည်း ဘာမှမဆိုင် ကစားသမားတွေနဲ့လည်းအမျိုးမတော် ပါပဲနဲ့ ပီတိတွေဖျာပြီး ကြည်နူးခဲ့ရတာတွေ .........

    ဟုတ်တယ် .. နေရှင်နယ်လိဂ်ဟာ ပရီးမီးယားလိဂ်လို မြန်မြန်ဆန်ဆန်နဲ့ လှလှပပ မကစားနိုင်ပါဘူး။
ှဆီးရီးအေလို ပြောင်မြောက်တဲ့ အဝေးပေးဘောတွေလဲ ဘယ်တုံးကမှ မတွေ့ခဲ့ရဖူးပါဘူး။
    လာလီဂါလို အသင်းလိုက် နားလည်မှုအပြည့် အံ့သြစရာကောင်းအောင် ခြေစွမ်းမပြနိုင်ပါဘူး။

    ဒါပေမယ့် .. ပျော်ရွင်မှု ၀မ်းနည်းမှု စိတ်လှုပ်ရှားမှု ပီတိဖြစ်မှု စတဲ့ခံစားချက်တွေကို MNL ကြည့်မှရလာတယ်။
    ဘာမှမဆိုင်တဲ့ တစ်ခြားနိုင်ငံကလူတွေကန်နေတာကို ချီးကျူးထောမနာပြုနေရတာထက် MNL တစ်ခြားအသင်းပရိတ်သတ်တွေနဲ့ စကားအခြေအတင်ပြောရတာကို ပိုဂုဏ်ယူလာမိတယ်။
    စနေ၊ တနင်္ဂနွေတွေမှာ MNL ပွဲတွေကို TV ကနေတစ်မျိုး ကွှုးထဲကနေတစ်ဖုံ ကြည့်ခဲ့တယ်။

    MNL ထာဝရတည်တံ့နိုင်ပါစေ။ အမာခံပရီတ်သတ်တွေကတော့ ထာဝရတည်ရှိနေမှာပါ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...