November 20, 2012Home, သတင်း
ရွှေနံ့သာကျေးရွာက လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ လယ်ယာမြေတိုက်ပွဲဟာ
တာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်ကို မရရှိတဲ့အတွက် ယနေ့အချိန်အထိ
အမျှင်တန်းလျှက် ရှိနေရာမှာ လယ်သမားတွေဘက်ကလည် လယ်ယာမြေအတိုင်းသာ
ရှိသေးတာကို တိတိကျကျ သိရှိထားတဲ့အတွက် ပြဿနာ ထက်မတက်လောက်တော့ဘူးလို့
ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀.၁၁.၂၀၁၂ ရက်နေ့မှာတော့ ဇေကမ္ဘာကုမ္ပဏီက
ရွှေနံ့သာကျေးရွာမှ လယ်သမား ဦးကျော်မြင့်ရဲ့ လယ်ယာမြေထဲမှာ ခြံစည်းရိုးခတ်
ဖို့ ပန္နက်လာရိုက်တဲ့ အတွက် လယ်သမားဦးကျော်မြင့်က
သွားရောက်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။သွားရောက်သွားမြစ်တဲ့နေရာမှာ
အလုပ်သမားလေးတွေနဲ့ပဲ တွေ့ရပြီး အကျိုးအကြောင်း ပြောပြတယ်။
တာဝန်ခံနဲ့တွေ့တော့လဲ ` ဦးလေးတို့လယ်မြေဟာ လယ်မြေအတိုင်းဘဲ ရှိသေးတဲ့အတွက်
ဒီလိုလုပ်လို့ မရဘူး။ ဦးလေးတို့ ကိစ္စကို မြေယာစုံစမ်းရေး ကော်မရှင်ကိုလည်း
တင်ထားပြီ။ စုံစမ်းရေးကော်မရှင်ရဲ့ အဆုံးအဖြတ်ကို စောင့်စိုင်းနေတယ်လို့
ပြောတော့ သူတို့ဘက်က ဘာမှ ပြန်မပြောဘူး´လို့ ဆိုပါတယ်။နေ့လည်ပိုင်းအထိ
ကုမ္ပဏီဘ
က်က အဲဒီလိုပြောဆိုတာကို
ဘယ်လိုမှ မတုန့်ပြန်ဘဲ ပန္နက်ရိုက် မြေတူး လုပ်နေပါတယ်။ ညနေပိုင်းမှာတော့
လယ်သမားတွေဟာ ၀ိုင်းဝန်းပြီး ပန္နက်တိုင်တွေကို ပြန်ဖြုတ် မြေတွေလည်း
ပြန်ဖို့ထားလိုက်ပါတယ်။လယ်သမားတစ်ဦးဖြစ်သူ
ဦးလံချားကတော့ ` မွန်ပြည်နယ်မှာ နေတုန်းက ရွှေ၊ငွေ၊ကြက်၊၀က်တွေကိုပဲ
ဓားပြတိုက်တယ်။ ရန်ကုန်ရောက်လို့ အနှစ် ၂၀ကျော်မှ မြေတွေကို
ဓားပြတိုက်ခံရတယ်။ ပြေးစရာ မြေမရှိတော့ဘူး´ ဆိုတဲ့အကြောင်း တဖွဖွပြောရင်း
လယ်သမားတွေတက်ညီလက်ညီနဲ့ ခုခံကာကွယ်ကြဖို့ တိုက်တွန်းပြောဆိုနေပါတယ်။
လယ်သမားတွေ ပန္နက်တိုင်တွေကို ဖြုတ်နေစဉ်မှာ ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေး
တာဝန်ခံက ဓာတ်ပုံမှတ်တမ်း လာရိုက်ပြီး `ခင်ဗျားတို့လည်း
ခင်ဗျားတို့လုပ်စရာရှိတာလုပ်ပါ။
ကျွန်တော်တို့က လည်းခိုင်းတဲ့အတိုင်းလုပ်ရတာ ဖြစ်တဲ့အတွက် ခင်ဗျားတို့
လုပ်တာကိုလည်း ကျွန်တော်တို့က ပြန်တင်ပြရမှာပါ´လို့
ပြောဆိုသွားပါတယ်။လယ်သမားတွေရဲ့
ဆုံးရှုံးနစ်နာခဲ့ရတဲ့ လယ်ယာခြံမြေများ သိမ်းဆည်းခံရမှုများ
စုံစမ်းရေးကော်မရှင် အနေနဲ့လည်း ဒီကိစ္စတွေအပေါ်မှာ ကိစ္စတစ်ခုချင်းစီကို
အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ အပေါ်မှာ လယ်သမားတွေဘက်ကတော့
စတင်ရန်ရှာခြင်း မပြုဘဲ စုံစမ်းစစ်ဆေးရေး၏ အဆုံးအဖြတ်ကို စောင့်စိုင်းနေစဉ်
ကုမ္ပဏီတွေဘက်က လက်ဦးမှုရယူပြီး ခြံစည်းရိုးတွေခတ် အဆောက်အဦးတွေ
ကမန်းကတန်းဆောက်နေတဲ့ အတွက် တေ့တေ့ဆိုင်ဆိုင် ပြောဆိုကြမယ့်အချိန်မှာ
လယ်သမားတွေဘက်က အရေးနိမ့်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ သူတို့အနေနဲ့ကတော့
စောင့်ကြည့်နေပြီး ကုမ္ပဏီဘက်က တစ်ခုခုလုပ်လာရင် ဘောင်ထဲက
ပြန်လည်တုန့်ပြန်ရင်ဆိုင်းသွားမှာပါလို့ သုံးသပ်ပြောဆိုပါတယ်။
နောင်တော်လေး
အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။