Ads (728x90)




ည ၇ နာရီခန့်က စတင်ဖြစ်ပွားခဲ့သော ရမည်းသင်း သံဃာနှင့် မူဆလင်လူမျိုးများ စကားများမှုမှာ ယခုအချိန်ထိ မပြီးသေးကြောင်းသိရသည်။ ယခုအခါ စစ်တပ်ပါ လုံခြုံရေးယူထားရသည်အထိ ဖြစ်နေကြောင်း၊ သံဃာနှင့်လူပရိတ်သတ်မှာ နှစ်သောင်းခန့်ထိရှိကြောင်း အခြေအနေတင်းမာလျက်ရှိပြီး မူဆလင်လူမျိုးများမှာ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းသိရသည်။ ထ...ိုသို့ ဖြစ်ရသည့် အကြောင်းအရင်းမှာ မနေ့က ကျင်းပခဲ့သော ရပ်ကွက်ဘောလုံးပွဲမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မနေ့ညက နှစ်နာရီကျော်မှ ဘောလုံးပွဲအခြင်းများမှု ပြီးဆုံးကြောင်းသိရသည်။ ထိုကိစ္စကို အငြိုးအတေးထားပြီး မူဆလင်လူမျိုးဘောလုံးသမားများနှင့် အပေါင်းအပါတစ်စုက ဘုန်းတော်ကြီးကျောင်းရှိ သံဃာများအား ရန်ရှာခြင်းဖြစ်ကြောင်းသိရသည်။ ထိခိုက်ဒဏ်ရာရစာရင်း မရှိသေးသော်လည်း အခြေအနေမှာ တင်းမာလျက်ရှိကြောင်း နယ်ခံလုံခြုံရေးထံ ဖုန်းဆက်မေးမြန်းချက်အရသိရှိရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ရမည်းသင်းမြို့နယ်မှာ မူဆလင်လူမျိုးဦးရေ သုံးပုံတစ်ပုံခန့်နေထိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး အဓိကရုန်းဖြစ်ပွားပါက နယ်ခံ အခြားဘာသာဝင်များအတွက် စိုးရိမ်ရကြောင်းသတင်းရရှိသည်။

အထက်ဖော်ပြပါသတင်းများကို မိတ်ဆွေများသိရှိနိုင်အောင် ပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါသည်။
 
 
Share By :
Aye Chan Mon

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...