Ads (728x90)


ဒီနေ့ လူကုန်ကူးမှုသတင်းတစ်ခုလို့ပြောလို့ရတဲ့ ပွဲစား တစ်ယောက်ရဲ့ လာဘ်ထိုးမှုကြောင့် ရဲအရေးယူမှုကနေ ငွေငါးသိန်းနဲ့ တရားခံတွေ လွတ်မြောက် လာတယ်။ တရားခံက တရားလိုကို ငွေးငါးသိန်းပေးတယ်ဆိုပေမယ့် တရားလို ကောင်းမလေးခမျာ တစ်သိန်းတောင် အပြည့်မရရှာဘဲ ရလာတဲ့ ငွေနဲ့ပဲ စာမတတ်တဲ့ မိခင်က ခြိမ်းခြောက်မှုကို ကြောက်တယ်ဆိုပြီး လတ်မှတ်ကို ကြောက်ကြောက်နဲ့ထိုးခဲ့ရတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းအချက်အလတ်များကို သေချာ
အောင်ဆိုပြီး တောင်ဒဂုံက ဧရာဝဏ် ရဲစခန်းကို မဇ္ဈိမ သတင်းထောက် သူငယ်ချင်းနဲ့ သွားရောက်စုံးစမ်းခဲ့ပေမယ့် စခန်းမှုး အပြင်သွားနေတယ်ဆိုလို့ မတွေ့ခဲ့ရပါဘူး။ ဖုန်းနံပါတ်ပဲ ရခဲ့လို့ ဖုန်းနဲ့ ဆက်သွယ်စုံးစမ်းတဲ့အခါမှာ မေးမြန်းသူ ကျနော်တို့ သတင်းထောက် တွေကို အဆိုပါ စခန်းမှုးက ခြိမ်းခြောက်ပါတယ်။ တရားလိုကို ခြိမ်းခြောက် တာ အားမရလို့လားမသိဘူး၊ အခု ကျွန်တော်တို့ စတုတ္တမဏ္ဍိုင်ကို တာဝန် ယူနေတဲ့ သတင်းထောက် များကို လာပြီး ခြိမ်းခြောက်နေပါပီ။ တရားလိုများ က ရဲတွေက တရားခံကို မဖမ်းဘဲနဲ့ ငွေပဲယူပီး အမှုမဖြစ်အောင် လုပ်နေတယ် လို့ တရားလိုဘက်က ရဲရဲကြီး မြို့န
ယ် NLD ရုံးကိုလာရောက် တိုင်ကြားနေပေ မယ့် စခန်းမှူးကတော့ သူ့ကို ငွေယူတယ်လို့ ပြောတဲ့လူမှန်သမျှ တရားစွဲမယ်။ တရားလိုတွေပြောတာကို ယုံတဲ့ သတင်းထောက်တွေကိုလည်း တရားစွဲမယ် လို့ လာပြီး စခန်းမှူးက ခြိမ်းခြောက်နေပါတယ်။ ကြိုက်တဲ့ သတင်းထောက်တွေ ကိုခေါ်ခဲ့၊ အဖွဲ့အစည်းကို ခေါ်ခဲ့ သူရှင်းရဲတယ်။ နှစ်ဦး နှစ်ဘက် ရှင်းမယ်။ လာခဲ့ပါလို့ ခေါ်ထားလို့ ကျနော်တို့ အဆိုပါ စခန်းမှူးနဲ့ လာမည့် ဗုဒ္ဒဟူးနေ့လည် ၁၁း၀၀ ချိန်းထားပါတယ်။

စိတ်ဝင်စားသော သတင်းသမားများနှင့် စာနယ်ဇင်းများ လာရောက် သတင်းယူနိုင်ပါကြောင်း အသိပေးလိုပါတယ်။

( မှတ်ချက် အဆိုပါ စခန်းမှူးပြောကြားထားသော အသံ ဖိုင်များ ကျနော် မောင်လင်းဆက်ဆီမှာ အပြည့်စုံ ရှိထားပါကြောင်း ပြောကြား လိုပါတယ်။)။

ကျနော်တို့ လာဘ်စားတဲ့သူမှန်သမျှ ဖြုတ်ချမယ်လို့ ပြောထားတဲ့ သူရဦးရွှေမန်း ၏ စကားကို သတိရမိပါတယ်။

နေရာကတော့ ရယကရုံး ( ဦးမှတ်ကြီးအိမ်)။ ရတနာလမ်း၊ ၂၀ ရပ်ကွက်၊ ဒဂုံတောင်။

သတင်းသမားများစုရပ် (၁၈) ကွေ့ မှတ်တိုင်၊ မောင်းမကန်လမ်း၊ ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီရုံး ရှေ့မှ။နေ့လည် ၁၀း၃၀ တိတိ ကားဖြင့် ရယကရုံးသို့ သွားပါမည်။ ( ၃၁-၁၀ -၂၀၁၂- )

မြို့ထဲမှသော်၎င်း၊ တာမွေမှသော်၎င်း၊ ၃၉ ( အထူး)။ ၂၅၇ (မထသ) ၊ ကမ္ဘာအေးမှ ၁၇၆ (ပါရမီ)။ ကားများရောက်ရှိပါသည်။ ( ၁၈) ကွေ့မှတ်တိုင်
 
By :
Mgthiha Thiha
3 minutes ago

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...