Ads (728x90)


-------------------------------

စစ်ကိုင်းတိုင်းဒေသကြီး ဖေါင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာစိုးမိုးအောင် M.B.B.S ( Mgy ) သည် (မုံ့ရွာပြည်သူ့ဆေးရုံကြီးမှ ပြောင်းရွှေ့လာသည်မှာ ၂လ မပြည့်သေးဟုသိရပါသည်) မွေးလူနာများအား ၄င်း၏ဆေးခန်းတွင်သာခွဲစိတ်ရန်ဆွဲဆောင်ခွဲစိတ်ခြင်း၊
(ချိန်းခြောက်ဆွဲဆောင်နည်းတမျိုးမှာ မြို့နယ်ဆေးရုံကြီးရှိမွေးလူနာအားပစ်ချပြီး ၄င်း၏ကိုယ်ပိုင်ဆေးခန်းတွင် လူနာရောက်သည်ဆိုကာပြန်သွားသောကြောင့် သူနာပြုများမှ အကြိမ်ကြိမ်ဖုန်းဆက်ခေါ်ယူသော်လည်း ပြန်မလာသဖြင့် မွေးလူနာ အသက် ၃၈ နှစ်အရွယ် မချစ်ချစ်ဆိုသူမှာ ဆေးရုံကြီးတွင် အသက်ဆုံးရှုံးခဲ့ရပါသည် ထိုအချိန်တွင် မြို့နယ်ဆရာဝန်ကြီး တိုင်းရုံးဆင်နေပါသည်၊ ဆေးရုံရှိလူနာများအား လုံးဝဂရုမစိုက်ကုသဖြင့် လူနာသဘာဝအရ ပစ်ချထားခံရမည်ကိုစိုးရိမ်ကာ ၄င်း၏ကိုယ်ပိုင်ဆေးခန်းသို့သာသွားနေကြရပါသည် )
...
ဗိုက်နာသည့်လူနာများအား အူအတက်ပေါက်သည်ဟုဆိုကာ အူအထက်ခွဲစိတ်ခြင်း၊ သားကြောဖြတ်ခြင်းများအား ၄င်း၏ကိုယ်ပိုင်ဆေးခန်းတွင် အကူသူနာပြုတစိယောက် ကျန်းမာရေးလုပ်သားတစ်ယောက်၏ အကူအညီဖြင့် ၄င်း၏သန်ရှင်းမှုမရှိ ခွဲစိတ်ကိရိယာပြည့်စုံခြင်းမရှိသည့်ကိုယ်ပိုင်ဆေးခန်းငယ်တွင် တရားမ၀င် ခွဲစိတ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ဒေါက်တာစိုးမိုးအောင်၏ကိုယ်ပိုင်ဆေးခန်းတွင် ခွဲစိတ်နေစဉ်အတွင်း သွေးပေါင်ကျခြင်း သွေးလိုအပ်ခြင်း ပြသနာများရှိလာရာ သွေးလှူရှင်လူငယ်အဖွဲ့မှ လူနာများအားငဲ့ညှာကာသွေးလှူဒါန်းခဲ့သော်လည်း နောင်တွင် ဆေးရုံကြီးတွင် ခွဲစိတ်သည့်လူနာများအတွက်သာ သွေးလှူဒါန်းနိုင်မည်ဖြစ်ပြီး ၄င်း၏ ကိုယ်ပိုင်အစမ်းသပ်ခံ ဒေသခံလူနာများအား မလှူဒါန်းနိုင်ပါဟု ပြောဆိုသံများကြားနေရပါသည်။ ယင်းသို့ပြောဆိုရခြင်းမှာ ၄င်း၏ တရားမ၀င်ခွဲစိတ်မှုများအား ရပ်တန့်သွားစေလိုခြင်းကြောင့်ဖြစ်ကြောင်းလည်းသိရပါသည်။ သို့ရာတွင် မြို့ခံလူအများပြောကြားချက်အရ ဒေါက်တာစိုးမိုးအောင် သည် ခွဲစိတ်ခြင်းအားရူးသွပ်သည့်ဆရာဝန်တယောက်ဖြစ်ပုံရပြီး လက်တဲ့စမ်းချင်စိတ်များနေသည်ဟု သုံးသပ်ကြသောကြောင့် ဆက်လက်ခွဲနေမည်သာဖြစ်ြ့ပီး ၄င်းဓါးချက်အောက်ရှိအစမ်းသပ်ခံလူနာများမှာ အသက်ပျောက်ရန် နီးစပ်လျက်ရှိကြောင်း ထင်မြင်ပြောဆိုနေကြသည်ဟု မြို့ခံလူများထံမှ သိရှိရပါသည်။
( လူငယ်သွေးလှူရှင်အဖွဲ့သည် လွန်ခဲ့သည့် ၃ နှစ်ခန့်မှ စတင်ဖွဲ့စည်းခဲ့ပြီး နေ့စဉ် ၂ ယောက်ကျ မြို့နယ်ဆေးရုံကြီးတွင် အလှည့်ကျတာဝန်ယူစောင့်ဆိုင်းကာ မြို့နယ်ဆရာဝန်ြ့ကီးနှင့်သူနာပြုများ၊ ကာယကံရှင်လူနာများမှ စိုးရိမ်ပူပန်မှုမရှိစေရန် အခကြေးငွေတစ်ပြားတစ်ချပ်မျှ ပေးဆောင်ရန်မလိုဘဲ မြို့နယ်လူထုအကျိုးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်၊ ယခုအချိန်တွင် သွေးအတွက်သာမက နာရေးကူညီမှု နှင့် အခမဲ့ဆေးခန်းဖွင်လှစ်ပေးခြင်းများကိုပါ အကျိုးဆောင်လျက်ရှိပါသည်။ )
ခွဲစိတ်အထူးကုမဟုတ်ဘဲ တရားမ၀င်ခွဲစိတ်မှုများလုပ်ဆောင်နေရုံသာမက မြို့နယ်ရှိအခမဲ့ဆေးခန်းအား ( လွန်ခဲ့သည့် တစ်လဆေးခန်းဖွင့်လှစ်စဉ် ရဟန်းရှင်လူ လူမျိုးဘာသာမရွေး ဆင်းရဲချမ်းသာမရွေး အခမဲ့လာရောက်ကုသနိုင်ေ့ကြာင်း အသံချဲ့စက်ဖြင့် နှိုးဆော်ကြေငြာခြင်း အား ) ၄င်း၏စိးပွါးရေးကိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုကာ အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းဆရာဝန်လေးနှင့် သွေးလှူရှင်လူငယ်အဖွဲ့အား ပုတ်ခတ်ပြောဆိုမှုများ
ိပြုလုပ်လျှက်ရှိကြောင်း မြို့ခံလူအများမှ ပြောဆိုကြပါသည်။
 
By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...