Ads (728x90)
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ အတွက် နည်းပညာက  အဓိက အရေးကြီးတဲ့ နေရာကနေပါဝင်ပါတယ်။
နည်းပညာဖွံဖြိုးလာမှ E စနစ်တွေ ပိုမိုကောင်းမွန်လာမှာပါ။
အခု ရန်ကုန်မြို့ မှာ လူတန်းစားမရွေး အင်တာနက် ကို မြန်မာ ငွေကျပ် ၃၀၀ ရှိရုံနဲ့  လွယ်လင့်တကူ အသုံးပြုနိုင်ပါပြီ။
သို့ သော် ထိုကဲ့သို့  နာရီပိုင်း အချိန် သာ အင်တာနက်နဲ့ ထိတွေ့ ခွင့်ရရုံနဲ့  အချိန်နှင့် အမျှ Update ဖြစ်နေသော သတင်းများကို ပြည်သူများ အလျှင် အမြန် သိရှိနိုင်မည်လား?
နိုင်ငံတကာတွင်တော့ ပြည်သူများ မိမိတို့ နေအိမ်များတွင်ပါ အချိန်မရွေး လွယ်လင့်တကူ အင်တာနက် အသုံးပြုနိုင်ရေးအတွက် free wifi များကို လွှင့်ပေးလျှက်ရှိပါသည်။တစ်နိုင်ငံလုံး အနှံ တစ်မြို့ လုံး အနှံ မည်သည့်နေရာရောက်ရောက် အသုံးပြုနိုင်အောင် အခမဲ့ အင်တာနက်လိုင်း ကွန်ရက် ဖြန့် ကျက်မှုများပြုနေပါသည်။(အခမဲ့ လိုင်းများ ဖြစ်သောကြောင့် အနည်းငယ်နှေးသည်ဟုသိရ)
မြန်မာနိုင်ငံ အင်တာနက် အခြေအနေသည် အများထင်သလောက် မပိန်းပါ…
အခြေခံသုံးရန်ဖြစ်သော Gmail ဖတ်ခြင်း Facebook ကြည့်ခြင်းတို့ အတွက်တော့ သူ့ ဟာနှင့် သူတော့ အဆင်ပြေပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ခေတ်မှီသော နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်ရန်အတွက် ကြိုးစားလိုလျှင်
နည်းပညာကို အထူးအလေးပေးသင့်ပါသည်။
သို့ သော် ယခု အခါ မှာ အင်တာနက်လိုင်းများ မှာ ကနဦး တပ်ဆင်ကြေးမှ အစ လစဉ်ကြေးများအထိ
မှာ လူအများစု မမှီနိုင်သော ဈေးနှုန်းများဖြစ်နေပါသည် (ကျွန်တော်ဆင်းရဲသောကြောင့်လည်းဖြစ်နိုင်သည်။)
အင်တာနက်လိုင်းအမျိုးမျိုး ဧ။် ပျှမ်းမျှကျသင့်ငွေ တစ်လ လျှင် တစ်သိန်း ခွဲ ၀န်းကျင် သည် ကျွန်တော်တို့ လို
သာမန် ကျောင်းသား တစ်ယောက်အနေဖြင့် မည်သို့ မျှ မတက်နိုင်ပါ။
ဖုန်းဖြင့်ဆိုလျှင်လည်း ကိုယ်ပိုင် အချိန်မရွေးအင်တာနက် အသုံးပြုနိုင်ရန်အတွက်
ဖုန်းတစ်လုံး အရင်းအနှီးအရင် ပြုလုပ်ရဦးမည်…
ပြီးလျှင် အင်တာနက်လိုင်း ဖွင့်ဖို့ ဆိုပြီး ပေးရဦးမည်…
နောက်ပြီး အင်တာနက် ချိတ်ထားသော ဖုန်းကို ရောက်ရာနေရာ အသုံးပြုနိုင်ရန်အတွက်
Smart Phone တစ်လုံးလောက်တော့ ၀ယ်ရဦးမယ်…
ကြည့်ရတာ အားမရသောကြောင့် ကွန်ပြူတာတစ်လုံးလောက်တော့ ထပ်ပြီး ရင်းနှီးရဦးမယ်…
စုစုပေါင်း ၆သိန်း ၀န်းကျင်လောက်က ပြေးမလွတ်ဘူး…
ပြီးရင် အနိမ့်ဆုံး တစ်မိနစ် ၂ကျပ် (များတာပဲ!)
ဒီလို ဖုန်းတွေ အင်တာနက်တွေ နှုန်းထားတွေ  အဆမတန်ကြီးနေတာနဲ့ တင် နည်းပညာ တိုးတက်ဖို့  အခွင့် အလမ်း အလွန် နှေးနေပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း နားလည်ပေးပါတယ်…တစ်ဆင့်ချင်းစီတော့ တစ်ဆင့်ချင်းစီပေါ့…
သို့ သော် လျှင်လျှင်မြန်မြန်လေးပေါ့ဗျာ…
မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း အင်တာနက် လွယ်ကူစွာ သုံးနိုင်မည့် အချိန်ကို စောင့်ဆိုင်းရင်း…
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...