Ads (728x90)

ရန်ကုန်မြို့ ကြီးကို စင်ကာပူလိုဖြစ်အောင်လုပ်မည် သို့ သော်…
အတိတ်တစ်ချိန်တုန်းက စင်ကာပူဆိုတာ မြို့ တော်ရန်ကုန်ကို အားကျအတူယူပြီး တည်ထားမှန်း လူတိုင်းသိပါတယ်…အခုချိန်မှာတော့ ကျွန်တော်တို့ ရန်ကုန်မြို့  စင်ကာပူမြို့ ကို ပြန်လည်အတုယူပြီး
အမှီလိုက်ပါတော့မယ်…
ဒီလိုအမှီလိုက်တဲ့နေရာမှာ…
တစ်ချိန်သောအခါက သဘာဝသံယံဇာတ လောက်လောက်လားလား ဘာမှမရှိတဲ့ စင်ကာပူမြို့ ဟာ ရန်ကုန်မြို့ ကိုအတုယူပြီးနောက် အခုအခါ ကမ္ဘာ့ အဆင့်မှီ မြို့ တော်တစ်ခုဖြစ်နေပါပြီ…
ကျွန်တော်တို့ လည်း စင်ကာပူကို အတုယူပြီး ပြောင်းလဲရာမှာ ဘယ်လိုလုပ်မှာလဲ?
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အမျိုးမျိုးစုဝေးနေထိုင်တဲ့ စင်ကာပူမြို့ ဟာ သူတို့ ရဲ့ အရေးကြီးတဲ့ အချိန် အပြောင်းအလဲ ကာလတွေမှာ သူတို့ နိုင်ငံသားလူငယ်တွေအားလုံး ကိုယ့်နိုင်ငံကို အထင်မသေးပဲ ကိုယ့်တက်နိုင်တဲ့ ဘက်ကနေ တက်နိုင်တဲ့ အလုပ်ကိုလုပ်ပြီး သူတို့ နေထိုင်တဲ့ မြို့ / နိုင်ငံ တိုးတက်အောင်ကြိုးစားနေကြလိမ့်မယ်လို့ ထင်တယ် (ကျွန်တော်လည်း အဲ့ခေတ်မမှီခဲ့ပါ)
အခု ကျွန်တော်တို့ ရန်ကုန်မြို့ ကြီးကို စင်ကာပူလိုဖြစ်အောင်လုပ်တော့မဲ့ အချိန်မှာ လူငယ်အများစုက
ဘာလို့ အကြောင်းမဲ့ ထိုင်ပြီး ကိုယ့်နိုင်ငံ ကိုယ့်မြို့ ကို အထင်သေးကြောင်းပြောနေရတာပါလဲ?
သူတို့ ရဲ့ အမြင်မှာ လူကြားထဲ မြန်မာနိုင်ငံဆို “မဖြစ်နိုင်ဘူး” “လုပ်နိုင်လို့ လား” ဆိုပြီး အထင်အမြင်သေးပြောမှ
သူတို့ ကိုယ်သူတို့  လူတက်ကြီးတွေလို့ ထင်နေကြတယ်ဗျာ။
ကိုယ့်နိုင်ငံကိုယ့်မြို့ ဟာ အခြားမြို့ ကြီးတွေထက် ယှဉ်လိုက်ရင် အတော်နိမ့်ကျနေသေးတာတွေ့ နေရတာကို
အတက်နိုင်ဆုံး ကြိုးစားရမဲ့အစား ထိုင်ပြီး အထင်သေးကြောင်းပြောဆိုနေတာဟာ တကယ်ရှက်စရာကောင်းပါတယ်။

ကွမ်း နှင့် တံထွေး ပြဿနာ
ရန်ကုန်မြို့ တော်အတွင်းမှာ ကွမ်းတံတွေး အထွေးမခံရတဲ့ လမ်းမတန်းဆိုရင်တော့ အတော်ရှာရခတ်ပါလိမ့်မယ်။
မြို့ တော်အတွင်း နေ့ စဉ် သွားလာနေကြတဲ့ ပြည်သူအများစု မသိမေ့လျော့စွာ လုပ်နေကြတဲ့ အလုပ်တစ်ခုလည်းရှိပါတယ်…လမ်းသွားရင်း အလကားနေ အကြောင်းမဲ့ တံတွေးထွေးခြင်းပါ။
အတော်စဉ်းစားရခတ်သည့် အပြုအမှုပါ…ကျွန်တော်ထိုကဲ့သို့ ပြုလုပ်တက်တဲ့ လူတွေကို မေးကြည့်တော့လည်း
မောလို့ တံတွေးထွေးတာဟု ပြောပါသည်။နိုင်ငံခြား ဘောလုံးပွဲတွေ မှာ ဘောလုံးသမားတွေ ဘောလုံးကွင်းထဲမှာ အမောပြေတံတွေးထွေးသည်ကို အားကျပြီး လိုက်ထွေးခြင်းလည်းဖြစ်နိုင်ပါသည်။
သို့ သော် ထိုဘောလုံးသမားများမှာ ဘောလုံးကွင်းထဲမှာသာ ထွေးပြီး အပြင်ပတ်ဝန်းကျင်တွင် ထွေးခြင်းမျိုးလည်းမကြားဖူးပါ။
နောက် ကွမ်းတံထွေး ထွေးခြင်းဖြစ်ပါသည်…ကျွန်တော်တို့ မြင်နေကျ ကျင့်သားရသွားသော သူများအတွက် အထူးအဆန်းမဟုတ်ပေမဲ့လည်း နိုင်ငံတကာဧည်သည့်များဧ။်အမြင်တွင်တော့ လုံးဝ အဆင့်မဲ့သော အပြုအမှု တစ်မျိုး ဖြစ်နေချင်လည်း ဖြစ်နေနိုင်ပါသည်။တလောက ဆူးလေဘက်မှာ လမ်းသွားလမ်းလာ တစ်ယောက်က
စည်းကမ်းမဲ့ ကွမ်းထွေးလိုက်လို့  ဂျပန်နိုင်ငံခြားသား ဖိနပ်ကို ပေသွားသောကြောင့် ဧည့်လမ်းညွှန်က တောင်းပန်နေရသည်ကိုလည်း ကိုယ်တွေ့ မြင်ဖူးသည်။
ထိုဖြစ်ရပ်ကိုကြည့်လျှင်ပင် ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ သန့် ရှင်းမှုပိုင်းအတွက် နိုင်ငံခြားသားခရီးသွားများ ဘယ်လိုမြင်သွားမည်နည်း?စဉ်းစားသင့်သည်…ကွမ်းမစားပါနှင့်ဟုပြောနေသည်မဟုတ်ပါ ကွမ်းထွေးလျှင်စည်းကမ်းတကျ သတ်မှတ်ထားသည့် အမှိုက်ပုံးများမှာ ထွေးဖို့ ဆိုလိုခြင်းသာဖြစ်ပါသည်။

ယာဉ်ထိန်းရဲ
ယာဉ်ထိန်းရဲ ကိစ္စကိုပြောလျှင် ခရီးသည် ယာဉ်များ အပြိုင်အဆိုင် ကားပြိုင်ပွဲ ပြုလုပ်နေသည့် အကြောင်းကိုပြောရမည်။
ခရီးသည်ယာဉ်များ ထိုကဲ့သို့ အပြိုင်အဆိုင် မောင်းနှင်နေသောကြောင့် သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမိခြင်း၊
မီးနီဖြတ်ခြင်းများ စသည့် ယာဉ်စည်းကမ်းချိုးဖောက်မှုများလည်းဖြစ်လာပါသည်။
ထိုအခါ တာဝန်ကျ ယာဉ်ထိန်းရဲ နှင့် ထိပ်တိုက်တွေ့ ပါတော့သည်။
ထိုအချိန်မျိုးဆိုလျှင် တာဝန်ကျ ယာဉ်ထိန်းရဲ များက ပြစ်ချက်များယူပြီး ပြန်လွှတ်ပေးချိန်တွင် ကားမောင်းထွက်ပြီး ဒရိုက်ဘာနှင့် စပယ်ယာ တို့  ပေါင်းပြီး ဘဲဥဆိုသူများကို မေတ္တာပို့ ပါတော့သည်။
ထိုအထိ ကျွန်တော်လက်ခံပါသည်…သို့ သော် အပြစ်ရှိသောကြောင့် အဖမ်းခံရသည်ကို ကြားထဲကနေ
ခရီးသည်အချို့ က ဘာမှမဆိုင်ပဲနီးရာဓါးပြေးကြောက်ရသည့်နှယ် ၀ိုင်းဝန်း လေပင့်ပေး ၀င်ယောင်သည်ကို
တော့ အလွန်စိတ်ပျက်ပါသည်။
ကောင်းသည့် သူများရှိသကဲ့သို့ အကြောင်းမဲ့ ကားတားပြီး အပြစ်မရှိ အပြစ်ရှာ မုန့် ဖိုးတောင်းသော သူများလည်းရှိပါသည်။

အမှိုက်ပြဿနာ
အမှိုက်ပြစ်ခြင်း…ဒီဟာလည်း ကွမ်းတံတွေးထွေးသလိုပင် နေသားတကျရှိနေပြီဖြစ်သော လုပ်ရပ်ဖြစ်ပါသည်။
အမှိုက်ပြစ်ခြင်းသည်ဘာမှမဟုတ်သည့် ပြဿနာအလား လမ်းလျှောက်ရင်းတသွယ် ကားပေါ်မှတနည်း အမျိုးမျိုးဖြင့် အမှိုက်များကို လွတ်လပ်စွာ ပြစ်နေကြပါသည်။ထိုကဲ့သို့ စွန့် ပစ်လိုက်သော အမှိုက်များက
မြောင်းထဲရောက်သွားမည်မဟုတ်ဟု မည်သူမှ အာမ မခံနိုင်…မြောင်းထဲရောက်သွားလျှင် မြောင်းပိတ်ဆို့ မည်
မြောင်းပိတ်လျှင် မိုးရွာသည့်အခါရေကြီးမည်။နောက်ဆုံး ပြဿနာက ကိုယ့်ဆီပဲပြန်လာတာပါ။
အမှိုက်များအတွက်လည်း သတ်မှတ်ထားသည့် အမှိုက်ပုံးများရှိသည် ထိုအမှိုက်ပုံးထဲ ပစ်သင့်သည်။ စားပြီးသော မုန့် အခွံကို အမှိုက်ပုံးထဲ ပစ်ရန်အတွက် အမှိုက်ပုံးမရှိသောကြောင့် လက်ထဲကိုင်ထားသည်ကို
“အမှိုက်မလွှင့်ပစ်ဘူးလား လွှင့်ပစ်လိုက်လေ” ဟု သူငယ်ချင်းတစ်ယောက်မေးဖူးသည်။
“အမှိုက်ပုံးမှမရှိတာကွ” လို့ ပြောသည်ကို သူငယ်ချင်းကဟတ်ဟတ်ပက်ပက် ရယ်မောရင်း
“မင်းကွာ လမ်းမှာပြစ်တော့ဘာဖြစ်လဲ သူများတွေလည်းပြစ်နေတာပဲ” အဲ့လိုမျိုးအပြောခံရဖူးပါတယ်။
ကျွန်တော့်ရင်ထဲမှာတော့ သူတို့ ရဲ့ အတွေးအခေါ်တွေကိုလုံးဝမနှစ်သတ်ပါ…
ကျွန်တော်ဆိုလိုချင်တာ ဒါပါပဲ…
ကျွန်တော်တို့ ပြည်သူတွေလည်း စင်ကာပူလို ဖြစ်ချင် စင်ကာပူလို ဖြစ်အောင် စနစ်တကျ ကျင့်ကြပါ…
လက်လွတ်စပယ် စကားတွေနှင့် ကိုယ့်နိုင်ငံကို အကြောင်းမဲ့ အထင်မသေးပဲ ကိုယ်တက်နိုင်တဲ့
တထောင့်တနေရာကနေ ကျွန်တော်တို့ နိုင်ငံကြီး ဒီထက်ပိုမို မြန်ဆန်စွာ တိုးတက်အောင် ကြိုးစားပေးကြပါလို့ တွေးမိရင်း...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...