Ads (728x90)




 
 
 
 
 
မောင်တောမြို့နယ်တွင် ရခိုင်လယ်သမားလင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့်တိုက်ခိုက် By Wild blood, Murm Khari and Thaung Kwre မောင်တော၊ ၁၅ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency မောင်တောမြို့နယ် ရွာသာယာကျေးရွာနေ လယ်သမား ဦးအောင်လှဖြူ နှင့် ဇနီးအား လက်နက်ကိုင် ဘင်္ဂါလီလူမျိုး အယောက်နှစ်ဆယ်ခန့် ယမန်နေ့က ၀ိုင်းဝန်းတိုက်ခိုက်ရာ ဇနီးဖြစ်သူ ထွက်ပြေး လွတ်မြောက် သွားသော်လည်း ဦးအောင်လှဖြူမှာ ဦးခေါင်းတွင် သေနတ်ကျည်ထိသော ဒဏ်ရာဖြင့်လဲကျန်ရစ်ခဲ့ရာ ယခုအခါ မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ဦးအောင်လှဖြူ (အသက်-၆၀ နှစ်) နှင့် ဇနီးဒေါ်မအောင်စိန်တို့ သည် မိမိတို့ရွာသာယာကျေးရွာမှ ဆယ့်ငါးမိနစ်လမ်းလျှောက်ခရီးမျှ ဝေးသော မိမိတို့ယာတောတွင် ည ခုနစ်နာရီခွဲလောက်ခန့်တွင် စကားထိုင်ပြောနေကြစဉ် ဘင်္ဂါလီကုလား အယောက်နှစ်ဆယ်ခန့် ယာတဲပေါ်သို့တက်လာပြီး မပြေးနဲ့ ဟု အော်ဟစ်ပြောဆိုသည်။ ဦးအောင်လှဖြူက ဇနီးဖြစ်သူအားပြေးခိုင်းပြီး ဓါးကိုထဆွဲစဉ် ထိုဘင်္ဂါလီ ကုလားများက အသင့်ပါလာသော ဂုတ်ချိုးကျည်ဖြည့် တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ ဦးအောင်လှဖြူမှာ ခေါင်းတွင် စရိုက်ကျည်စထိပြီး လဲကျသွားသည်။ သေနတ်သံထွက်သွားသောကြောင့် ဘင်္ဂါလီကုလားများမှာ မနေရဲတော့ပဲ ဦးအောင်လှဖြူ၏ နွား ဆယ်ကောင် ကို မယူရဲတော့ပဲ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။ လာရောက်တိုက်ခိုက်သူ ဘင်္ဂါလီကုလားများထဲမှ ၄င်းမှတ်မိသူများမှာ မြို့သူကြီးကျေးရွာအုပ်စု ဇင်ပိုင်ညာရွာမှ ကာမာလာ နှင့် ဘာဆာမျာ ညီအစ်ကို ဖြစ်ကြောင်း ဦးအောင်လှဖြူက Coral Arakan အားပြောကြားသည်။ ယခုအခါ ဦးအောင်လှဖြု၏ ဦးခေါင်းဒဏ်ရာမှ ကျည်စသုံးစ ခွဲထုတ်ရရှိခဲ့သည်ဟု မောင်တော ဆေးရုံ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက Coral Arakan အားပြောကြားသည်။ တိုက်ဆိုင်မှုတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်ဦး ရောက်နေစဉ် ဤကဲ့သို့ ဖြစ်ပျက်ခြင်းဖြစ်သည်။ ဘင်္ဂါလီကုလားများသည် မိမိတို့ဘက်ကို မျက်နှာသာပေးသည်ဟု ထင်သော ခေါင်းဆောင်များ လာရောက်လျှင် သွေးကြွတတ်ခြင်းကလည်း အကြောင်းရင်း တစ်ခုဖြစ်နိုင်သည်ဟု တချို့က ဆိုကြသည်။ (သွီးရိုင်း၊ မင်းခရီ နှင့် သောင်းကြွယ် ပူးပေါင်းရေးသားသည်။ ဓါတ်ပုံ - သွီးရိုင်း နှင့် ၀က္ကာ)
 


By Coral Arakan News Agency (Albums) · Updated on Saturday
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...