Ads (728x90)


News of Myanmar
၂၀၁၂၊ စက်တင်ဘာ ၁၀ ရက်၊ ယနေ့နံနက်က မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် လက်ပတောင်းတောင်၊ ကြေးနီစီမံကိန်း လယ်ယာမြေကိစ္စနှင့်ပတ်သက်ပြီး ၀တ်ပြုဆုတောင်းခဲ့သောကြောင့် အမျိုးသမီး (၁၂)ဦးအား မုံရွာအမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

အဆိုပါအမျိုးသမီး (၁၂)ဦးအား ပြန်လည်လွတ်မြောက်ရန်အတွက် ယနေ့နေ့လည် (၁)နာရီဝန်းကျင်က မုံရွာမြို့ ဘူတာလမ်းရှိ အမှတ်(၁)ရဲစခန်းရှေ့တွင် လက်ပန်းတောင်းတောင်အနီးတ၀ိုက်
မှ ရွာသူရွာသားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသော်လည်း မအောင်မြင်သောကြောင့် ရွာသူရွာသားများအပါအ၀င် မုံရွာမြို့သူမြို့သားများ၊ မုံရွာဗကသကျောင်းသားများနှင့် ရဟန်းရှင်လူများသည် ယနေ့ညနေ (၅)နာရီဝန်းကျင်က အင်အား (၁၀၀၀) ၀န်းကျင်ဖြင့် မုံရွာမြို့တွင်းသို့ လှည့်လည် ဆန္ဒထုတ်ဖော်ကြကြောင်း CJ Myanmar မှ သိရှိရသည်။

နောက်ဆက်တွဲသိရှိရသော သတင်းအရ ညနေ (၅)နာရီလောက်ကနေ ည (၉)နာရီဝန်းကျင်ထိ ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်ကြောင်း

သတင်းနှင့်ဓာတ်ပုံ-CJ Myanmar & ရဲဘော်သူရိမ်

Posted by Admin-KMO
 

· · · about an hour ago ·

  • 6 people like this.
  • 1 share
    • Sai Lay
      မုံရွာကသတင်းကတော့ ရတက်မအေးစရာဘဲ.. တိုင်းရင်းသားအချင်းချင်း ဖမ်းဆီးချူပ်နှောင်လိုက်ရမှ ... တိုင်းရင်းသားတွေ၇ဲ့ လယ်မြေသိမ်းလိုက်ရမှ... တိုင်းရင်းသားတွေရဲ့ အိုးအိမ် စည်းစိမ် ဖျက်စီးလိုက်ရမှ..... တိုင်းရင်းသားတွေရဲ့ ဂုတ်သွေးကို စုပ်လိုက်ရမှ. .
      . တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်ချင်းကို ဖြိုခွဲးလိုက်ရမှ... ကျေနပ်ကျမှာလာ. ဘယ်သူ့မှာတာဝန်ရှိလဲ... ဘယ်သူ့ကို အဖေခေါ်ရမှာလဲ။ နောက်ဆုံးလက်နက်ကိုင်မှဘဲ မင်းတို့ ပြန်သတိထားပြီး ညီညွတ်ဖို့ဖိတ်ခေါ်မှာလား... အေးအေးဆေးဆေးနေပါရစေ.
      49 minutes ago · · 1
    • Jit Too Lay စားပွဲပေါ်မှာဖြေရှင်းရမဲ့ကိစ္စတွေကိုမဖြေရှင်းပဲလူတွေကိုတောထဲရောက်အောင်မောင်းထုတ်နေပြန်ပြီ။ပြီးတော့လုံခြုံရေးအကြောင်းပြပြီးဟိုကောင်တွေပြန်အုပ်ချုပ်အုံးမယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...