လောကနတ်
( ပြည်သူ့ အချစ်တော် ) သူ့ နာမည်က မောင်ဦး
တဲ့ဗျာ ... ၂၀၀၃ ၊၀၄ ၊ ၀၅ ၊ လောက်က ရခိုင်ပြည် အနောက်ပိုင်း စစ်ဌါနချုပ်
တိုင်းမှုး အဖြစ်နဲ့ ရခိုင်ပြည်ကိုေ၇ာက်လာခဲ့တဲ့ သူပေါ့ဗျာ...
သူရခိုင်ပြည်မှာ နေခဲ့တဲ့ အချိန်မှာ ရခိုင်ပြည်သူတွေ ပညာတတ် ဆ၇ာဆရာမတွေ
ရဟန်းသံင်္ဃာ တွေ စတဲ့ အလွာအမျိုးမျိုးက လူတန်း ဟာ သူ့ ရဲ့  မိရိုးဖလား
ယဉ်ကျေးမှု လို ဆိုနိုင်တဲ့ စောက် ဆိုတဲ့ စကားလုံးမပါ၇င် မပြောတတ်တာကြောင့်
စောက်ကြိုက်မောင်ဦး (သို့  ) ခွေးတူဝက်တူ မောင်ဦးလို့  ရခိုင်ပြည်သူတွေ
ရဲ့  ပါစပ်ဖျားမှာေ၇းပန်းစားခဲ့တာပေါ့ဗျာ ... သူ့ ကို ကျနော် သတိထားမိတာက
ရခိုင်ပြည် ကို တာဝန်ကျပြီး ၃ လအကြာ ကျနော်တို့ မြို့ ကိုေ၇ာက်လာတဲ့
အချိန်မှာပါ .. သူပြောမယ့် အစည်းဝေးခန်းးမ မှာ သူစကားပြောဖို့  အသံချဲစက်
မိုက် ကို ကျနော်တို့ ဆိုင်က လာငှါးတာကြောင့် သူ နဲ့  အနီးကပ် တွေ့ ဖူးတာပါ
... သူမျက်နှာကို မြင်မိချက်ချင်း ကျနော့်စိတ်ထဲမှာ
မှတ်ချက်လေးတစ်ခုပေးမိတာကတော့ ချီးကားတိုက် ထားတဲ့ လမ်းဘေးခွေး ရဲ့  မျက်နာခွက်တောင် ဒီကောင်ထက် ကြည့်ပျော်ရှုပျော်ရှိအုံးမလား
ဆိုတဲ့ အတွေးလေးပါပဲ... ဟိ .. ကမ္ဘာ ပေါ်မှာ အရုပ်မဆိုးပဲ အကြည့်ရအဆိုးဆုံး
မျက်နာပိုင်၇ှင် ပွဲ ၀င်နွဲရင် ပထမ ရမယ့် လူပဲဗျ ... ဒီလို နဲ့  အစည်ဝေး
စတော့ ဟိုက တင်ပြ ဒီက တင်ပြ နဲ့  တာဝန်ရှိသူတွေ မယက မြို့ နယ်မှူး နဲ့ 
ပညာရေးမှူးကအစ ကျောင်းအုပ်ဆရာကြီး အထက်တန်း အလယ်တန်း မူလတန်း ဆရာဆရာမတွေ
ထပြောပြီးလို့  တင်ပြပြီးတဲ့ အချိန်မှာတော့ သူ့ ရဲ့ မိရိုးဖလာ
ယဉ်ကျေးမှုဖြစ်တဲ့ “စောက်ဋီကာ” စဖွင့်တော့တာပဲဗျာ ... ပြောရင်ရင် စကား ၅
ခွန်းပြောရင် စောက်တစ်ခွန်းလောက်ပါနေလို့  စောက်ဋီကာ လို့ ပြောလိုက်ရတာပါ
... ဆရာဆ၇ာမတွေ ပညာရေးမှူးတွေ စာရေး စာရေးမလေး တွေခမျာ တော
ဘယ်ပြောကောင်းမလဲဗျာ ..မျက်နှာ ဇီးရွက်လောက်ကလေးနဲ့  နီမြန်းလို့  သူတို့ က
ရှက်ဖွယ်လို့  ထင်ထားတဲ့ စကားလုံးကို ဟိုက မြိန်ယှက်စွာ ပြောဆိုနေတာကိုဗျ
... ဒီတော့မှ ကျနော်လည်း အော် ရခိုင်ပြည်သူတွေက စောက်ကြိုက်မောင်ဦး လို့ 
နာမည်ပေးထားတာက လိုတောင်လိုအပ်သေးပါလား လို့  ကောက်ချက်ချမိခဲ့ပါတယ် ...
ဒါမယ့် သူ့ ရဲ့ ယဉ်ကျေးမှုတွေက ဒီလောက် နဲ့ မရပ်သွားသေးပဲ ၄ လ
မြောက်တဲ့အချိန်မှာတော့ စစ်တွေက ၆ထပ် တည်းခိုရိပ်သာ ကို ကြည့်ပြီး
ငါရခိုင်ပြည်ကို ရောက်တာ ၃နှစ်လောက်နောက်ကျသွားတယ် မဟုတ်ရင် ရခိုင်ပြည်မှာ
တိုက်အိမ်မှ၇ိစေရှိဘူး ဆိုတဲ့ သူ့ မူပိုင်စကားလေး နဲ့  ရခိုင်ပြည်သူတွေရဲ
့အသဲစိုင်ကို ဆွဲဆောင်လိုက်တော့တာပဲပေါ့ဗျာ
.... ဒီလို နဲ့  မောင်ဦး လာရင် ရခိုင်ပြည်မှာ လူမပြော နဲ့  လမ်းဘေးက
တေလေ ခွေးတွေတောင် မောင်ဦးမျက်နှာ ကြည့်ပြီး ချိးပေါက်ရဲတဲ့သူ
မရှိသလောက်ပါပဲ အဲလောက်ထိ အာဏာပြခဲ့တာကိုးဗျ ... နောက် ၃ လလောက်အကြာမှာတော့
ကျနော် နဲ့  မောင်ဦး တို့  ဒုတိယ အကြိမ် ဆုံတွေ့ ဖြစ်ခဲ့ရပြန်ပါတယ် ...
ဒီတစ်ကြိမ်တော့ သူဟာ ကျနော်တို့ မြို့ က အလွာစုံလူတန်းစား တွေ ကို
အာဏာပြခဲ့ရုံမဟုတ်ပါဘူး ရေလုပ်ငန်းနဲ့  ချမ်းသာနေကြတဲ့ မြို့ မျက်နှာဖုံး
အချမ်းသာဆုံး ၄ ယောက်ကို .. မြေရိုင်းတွေနေ၇ာမှာ စပါးမစိုက်ပဲ
ပုဇွန်မွေးမြူတယ် .. မြေတွေကို ဖျက်ဆီး ပစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ 
ဖမ်းဝရမ်း ထုတ်လိုက်တော့ တစ်မြို့ လုံး အုတ်အော်သောင်းနင်း
ဖြစ်သွားခဲ့ရတာပါပဲ ... ဒီအထဲက ၃ ယောက် က အဖမ်းခံထောင်ချ ခံခဲ့ရပေမယ်
တစ်ယောက်ကတော့ အဲဒီတုန်းက ဘုန်းမီးနေလောက်တောက်နေခဲ့တဲ့
အက်စ် ၀မ်း ( AIDS ကိုပြောတာမဟုတ်ဘူးနော် ) ရဲ့ ကျေးဇူးကြောင့်
လွတ်မြောက်ခဲ့ရပါတယ် .... အဲဒီအချိန်ကတည်းက သူလည်း ရခိုင်ပြည်သူတွေကို
အရိုင်းစိုင်းဆုံး စကားလုံးလေးတွေ နဲ့  ဖျော်ဖြေ ပေးခဲ့တာ
ရခိုင်လူမျိုးတွေရဲ့  စိတ်ထဲမှာ .. ဟာ ဗမာ ဆိုတာ စကာချိုတဲ့ လူမျိုးပါ
ဒီလူက ဘယ်လို ဗမာပါလိမ့် လို့ မေးရလောက်အောင် အစွမ်းပြခဲ့တဲ့ သူပေါ့ဗျာ ...
သူ နဲ့  ၃ကြိမ်မြောက် ဆုံခွင့်ရခဲ့တဲ့ အချိန်ကတော့ ကျနော်တို
့ရခိုင်ပြည်ရဲ့  အထွဋ်အမြတ် ကျက်သရေဆောင်ဖြစ်တဲ့ မဟာမြတ်မုနိ အသျှင်မြတ်
ရွှေသင်္ကန်း ကပ်လှူတဲ့ အခမ်းအနားမှာပေါ့ဗျာ ... ဒီအချိန်ကျမှ သူ့ ကြင်ယာတော်
ဇနီးကို မြင်ဖူး ပါတယ် ... ချောပါတယ် အေးဆေးပုံလည်းရတယ် ... ဒီလိုနဲ့ 
ရွှေသင်္ကန်းကပ်လှူ ပွဲအခန်းနားစတော့ မောင်မင်းကြီးသားက ထုံးစံအတိုင်း
မိရိုးဖလာ ယဉ်ကျေးမှု အတိုင်း စောက်ဋီကာ စဖွင့်တော့တာပေါ့ဗျာ ...
ဘယ်ပြောကောင်းမလဲ အခန်းနားကို ကြွေ၇ာက်လာကြတဲ့ ဆရာတော်ကြီးတွေ ပညာတတ်
ဆ၇ာဆရာမတွေ အရာရှိတွေကတော့ ကုပ်ကုပ်ကလေးပေါ့ ..အာကြည့်ရဆိုးဆုံးက သူ
့နောက်မှာ ရှိနေတဲ့ အေးဆေးတည်ငြိမ်ပုံရတဲ့ သူဇနီး ပေါ့ဗျာ
..တော်တော်ရှက်နေပုံရတယ် အစကပြုံးနေတာ ပြုံးတောင်မပြုံးတော့ဘူး ..
ခေါင်းငုံ့ နေရှာတယ် .... အော် တကယ့် စောက်ကြိုက်မောင်ဦး ပါလားလို့ 
ကျနော် တွေးမိပါတယ် .... သူ ရခိုင်ပြည်မှာ တန်ဝန် ကျနေတဲ့ အချိန်မှာ
ရခိုင်ပြည်သူတွေ ပါးစပ်ဖျားမှာ တင်ကျန်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခု
ရှိသေးတယ်ဗျာ .. ၂၀၀၅ လောက်ကထင်ပါတယ် ..သူရခိုင်ပြည် ခ၇ီးစဉ်အတွင်း
ရန်ကုန်- စစ်တွေ လမ်းမကြီးပေါ်မှာ ကားနဲ့  သွားနေတဲ့ အချိန်မှာပေါ့ ..
မြေပုံမြို့ နယ် ကြာအင်းတောင် ရွာအလွန် ကားလမ်းမကြီးပေါ်မှာ အသက် ၇၀
ကျော်အဘိုးအိုလင်မယား ကျွဲတစ်ကောင်ကို ဆွဲပြီး လယ်က ပြန်လာကြပါတယ် ..သူတို
့ကားလမ်းမပေါ်ဖြတ်ကူးနေတဲ့ အချိန်မှာ စောက်ကြိုက်မောင်ဦး လာနေတာနဲ့ 
ဆုံတော့တာပေါ့ ... ဒီတော့ သူက ဘာလုပ်လိုက်တယ် ထင်လဲ ဗျ ... ကားပေါ်က
ဆင်းပြီး လမ်းဘေးမှာ ကြောင်တောင်တောင်ရပ်နေတဲ့ အဘိုးအို လင်မယား
ဆီကိုသွားပြီး သူ့ ထု့းစံအတိုင်းစောက်ဋီကာတွေ တစ်ဝဖွင့် သူလာနေတာကို မြင်လို့  လမ်းက ဆင်းမပေးရကောင်းလားဆိုပြီး အဘိုးအိုကြီးကို ကားလမ်းမ ထက်က ပြုတ်ကျအောင်ကန်ချလိုက်တော့တာပဲ ... အဘိုးအိုလည်း နာကျင်လွန်းတဲ့ဝေဒနာောကာင့်
လမ်းဘေးမှာ လှိမ့်ပြီး ညည်းနေတော့ အဘွားအိုလား ဒေါကန်ပြီး
မောင်ဦးမျက်နာကို စေ့စေ့ကြည့်ပြီး သူ့ အကြိုက် စောက်ဋီကာပြန်ဖွင့်ပြီး
ကိုယ်မှာရှိတဲ့ အချီးအပတ် တွေ နဲ့  သမလိုက်တာ ဘယ်ပြောကောင်းမလဲ
စောက်ဋီကာမောင်ဦး လည်း သူအကြိုက်ဆုံးကို သူများရသွားလို့ ထင်ပါ့
..ပြုန်းကနဲ့  ကားပေါ်တက် ဒရိုင်ဘာ ကို ဒလဟော မောင်ထွက်ခိုင်းပြီး
ထွက်သွားလေသတဲ့ ... ဒါမယ့် ဒီသတင်းက နေ့ ရက်ပိုင်းအတွင်းရခိုင်တစ်ပြည်လုံးကို
ပြန့် သွားတော့ ပြည်သူတွေက လောကနတ် စောက်ဠီကာ ကြီးကို မေတ္တာဝိုင်းပို
့သကြတာပေါ့ဗျာ ... ဒီလို ရခိုင်ပြည်က လူတန်းစွာအလွာပေါင်းစုံ ကို စော်ကား
မော်ကား နှိပ်စက်သွားတဲ့ စောက်ဋီကာ မောင်ဦး ကတော့
သူပြုခဲ့တဲ့ကုသိုလ်ကံောကာင့်ထင်ပါ့ဗျာ
.. ရခိုင်ပြည်တိုင်းမှူးဘ၀ ကနေအဲဒီတုန်းက ဗိုလ်မှူးကြီးတင်လှိုင် လား မသိ
တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး နေရာကို ပရိုမိုးရှင်း
တက်ပြီး ရသွားလေရဲ့  ... ဒါမယ့် စောက်ဠီကာ မောင်ဦးကတော့ ရခိုင်ပြည်ကို
သံယောဇဉ်မကုန်သေးဘူး ထင်ပါတယ် ..ခုထိ ရခိုင်ပြည်ကို သွားပြီး သူ့ မိရိုးဖလာ ဋီကာ ကို ဖွင့်နေတုန်းဖြစ်ကြောင်းပါဗျာ ......... သတိရလျှက် ... ခိုင်ဇော်ဌေး ..( ခေတ္တ မလေးသျှား ) —
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။