Ads (728x90)



နောက်ဆုံးထွက်ခဲ့တဲ့ The Voice Weekly ဂျာနယ် ဒေါင်းလုပ်လင့်အောက်မှာ ပါလာပါတယ်။

http://thevoicemyanmar.com/index.php/the-voice-pdf/item/download/14_3e2b7f27ea488a24d1be2331391204ff.html

ပေးပို့လာတဲ့ The Voice Weekly ဂျာနယ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျား။...
 
မြန်မာဂျာနယ်လစ်ကွန်ရက်
သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)

ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖောက်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာဖြင့်၊

လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်
 
The Voice Weekly သို့...

စစ်အစိုးရရဲ့ လက်ကျန်တွေက နဂိုပုံစံ အသက်ပြန် သွင်းချင်နေတဲ့ သာဓက တစ်ခုအနေနဲ့ အခုလို ဂျာနယ် ထုတ်ဝေခွင့် ပိတ်လိုက်တာလို့ ရှုမြင်ပါတယ်။

ပြည်သူ့အတွက် ရပ်တည်ပေးခဲ့တဲ့ The Voice Weekly ဂျာနုယ်ကို ကျွန်တော်တို့ အမြဲလေးစားနေပါ့မယ်။ အမြဲတမ်းလည်း အားပေး ထောက်ခံသွားပါ့မယ်။

ဖြစ်နိုင်မယ်ဆိုရင် အပိတ်ခံ၇တဲ့ ဂျာနယ်တစ်ခုလုံးကို Download အဖြစ် တင်ပေးစေချင်ပါတယ်။

အားလုံး သုံးသပ်ခွင့် ရသွားစေလိုတဲ့ စေတနာနဲ့ ဖြစ်ပါတယ်။

လေးစားလျှက်၊

ဇော်လွင်ဝင်း
Admin@Mutdfan.com
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...