Ads (728x90)



၁။ မလောက်လေးမလောက်စား ကွယ်ရာကနေ ရေးမနေနဲ့။ သတ္တိရှိရှိ မင်းတို့ ငါ နဲ့ မျက်နှာချင်းဆိုင် ပြောရဲမှ ပြောကြ။

၂။ ဒေါ်စုနဲ့ ပတ်သက်ပြီး city star hotel မှာ ဝေဖန်ရေးပေးတုန်းက အပြန်အလှန် cross question ဘာမှ မထုတ်နိုင်ဘဲ ပြီးမှ အဓိပ္ပါယ်တစ်မျိုးပြောင်းစေတဲ့ ရေးသားဖော်ပြမှုတွေနဲ့ အတင်းတုပ်သလိုလုပ်တာ မိန်းမလျှာ ဆန်လှတယ်။

၃။ အရင် ငါ နိုင်ငံရေးပါတီလုပ်ငန်းတွေ စတင်နေကတည်းက ယောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ပါသလိုလို မပါသလိုလိုနဲ့ ပွဲလိုက်ဖျက်ချင်တဲ့ အောက်တန်းစားတွေရှိတယ်။ တန်းမတူလို့ မပြောခဲ့တာကို အခွင့်ကောင်းယူပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့။
မင်းတို့ကိုယ်တိုင် နိုင်ငံရေးနယ်ပယ်မှာ ၀င်လိုက်ထွက်လိုက်နဲ့ ဂျလေဗီ ဖြစ်နေတာကို ငါ ဘယ်လို စေတနာထားပြီး လက်တွဲစောင့်ရှောက်ခဲ့သလဲဆိုတာ မင်းတို့ ကိုယ်စောင့်နတ်တွေသိတယ်။

၎။ ယောက်ျားဆိုတာ ကွယ်ရာမှာ လက်သီးပုန်းမပြဘူး။ တည်ဆဲအစိုးရ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လက်ရှိ နိုင်ငံရေးနယ်ပယ်ထဲက ခေါင်းဆောင်များနဲ့ ငါ့ မှာ ဘာပြဿနာမှ မရှိ။ နိုင်ငံရေးအရ ပြောသင့်ပြောထိုက်တာကို ပြောရာမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါဝင်ကြောင်း သူတို့အားလုံးသိတယ်။ ငါ့ကို ဆော်ချင်တိုင်း တစ်ဘက်မှာ ငါနဲ့မတည့်လောက်ဘူးထင်သူတွေကို သွားဖားပြီး ငါ့မကောင်းကြောင်းပြောတတ်တဲ့ မင်းတို့ အကျင့်ဆိုးကထွက်ပေါ်တဲ့ အကျိုးရလဒ်ကို မင်းတို့ပဲ ခံယူရလိမ့်မယ်။

၅။ နိုင်ငံရေးနယ်ပယ်ထဲမှာ မင်းတို့ထက် မိုက်ရိုင်းအောက်တန်းကျသူတချို့ကို ငါ ကလေးဘ၀ ထောင်ထဲမှာကတည်းက လေ့လာဖူးတယ်။ ဒါမျိုးတွေကို ကြောက်တတ်ရင် ငါ ငယ်ငယ်ကတည်းက နိုင်ငံရေးနယ်ပယ်ထဲကို မ၀င်ဘူး။ လူကြီးလူကောင်းနိုင်ငံရေးသမားတွေနဲ့ ရိုးသားတဲ့ နိုင်ငံသားထုကြီးတစ်ရပ်လုံးကို ယုံကြည်လေးစားလို့ ငါ နိုင်ငံရေးလုပ်တယ်။ သူတို့က အချိန်တန်ရင် မြေခွေးနဲ့ ခြင်္သေ့ ကွဲပြားမှုကို ရှင်းရှင်းလင်းလင်း သိသွားကြလိမ့်မယ်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...