Ads (728x90)



မန်ယူအသင်းကစားသမား ကာဂါဝါ၏ ချစ်သူသည် porn star တစ်ယောက်ဖြစ်ကြောင်းကို Telegraph, Yahoo Sports, Mirror နှင့် Goal.com တို့တွင် ဖော်ပြထားသောကြောင့် ဘာသာပြန် တင်ပြခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပရိတ်သက်အချို့၏ထောက်ပြ မှုများကြောင့် ပြန်လည် ရှာဖွေခဲ့ရာတွင် ထိုသတင်းမှာ မမှန်ကြောင်း ဂျပန်ဘာသာဖြင့် ရေးသားထားသော ၀က်ဆိုဒ်များမှတဆင့် သိရှိရသောကြောင့် မှားယွင်း သော သတင်းကို တင်မိခဲ့ခြင်းဖြစ်ကြောင်း ပရိတ်သတ်များအား ၀မ်းနည်းစွာဖြင့် တောင်းပန်အပ်ပါသည်။



အမှန်တကယ်တွင်မှာ ကာဂါဝါနှင့် တွဲရိုက်ခဲ့သော အမျိုးသမီးသည် porn star Ameri Ichinose မဟုတ်ဘဲ ဂျပန် မော်ဒယ်နှင့် တီဗီအစီအစဉ်သရုပ်ဆောင် Margaret Natsuki ဖြစ်ကြောင်းသိရှိရကာ တစ်စုံတစ်ယောက်သောသူက မှားယွင်းသော သတင်းကို လုပ်ကြံဖော်ပြခဲ့ရာမှ အင်္ဂလိပ်သတင်း ဌာနများမှ ထပ်ဆင့်ကူးချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အချို့သတင်း ဌာနများမှ ထိုသတင်းမှားကြောင်းသိပြီးနောက် ပြန်လည် ဖျက်ခဲ့သော်လည်း Mirror.co.uk နှင့် Goal.com တွင် ယခုအချိန်ထိ ထိုသတင်းကိုတွေ့မြင်နိုင်ပါသေးသည်။
ကာဂါဝါသည် လွန်စွာအေးဆေးစွာနေတတ်သူဖြစ်ပြီး ထိုသို့ရှုပ်ပွေတတ်သော သူမဟုတ်ကြောင်း ဂျပန်ဘာသာဖြင့်ဖော်ပြထားသော သတင်းများအရ သိရှိရသဖြင့် ဂုဏ်သိက္ခာ ထိခိုက်မှုများ ရှိခဲ့သောကြောင့် စိတ်မကောင်းပါကြောင်း ဖော်ပြအပ်ပါသည်။




By : ထာဝရ  ( မက်ဖန် )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...