Ads (728x90)



ဘီယာကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းတစ်ခုကို သုတေသီများက တ်ဖော်ကြေညာလိုက်သည်။ ပညာရှင်များ၏ အဆိုအရ ဘီယာသည် အရိုးများကို န်မာစေပြီး အရိုးတွင်ဖြစ်တတ်သည့်ရောဂါများကို ကာကွယ်ပေးနိုင်မည်ဟု သိရသည်။ သုတေသီများက ဘီယာတွင်ပါဝင်သည့်အာဟာရပြု ဆီလီကွန် ဓာတ်ပေါင်းများသည် အရိုးပျော့ခြင်းနှင့်
အရိုးကြွတ်ဆတ်ခြင်းစသည့် ရောဂါများအား ဆီးရာတွင်များစွာအထောက်အကူပြုနိုင်ကြောင်း ထောက်ခံပြောဆိုထားသည်။

ခန္ဓာကိုယ်က စုပ်ယူထားသည့် ဆီလီကွန်ပမာဏ၏ ထက်ဝက်ခန့်ကို အရိုးများသန်မာ ကံ့ခိုင်စေရန် သဘာဝအလျောက် အသုံးချလေ့ရှိပြီး ဘီယာတွင် ရိုးအတွက်အားဖြစ်စေမည့် အာဟာရပြု ဆီလီကွန်ပမာဏ အမြောက်အမြား ပါဝင်နေကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ချားလ်စ်ဘမ်းဖို့သ်က“ဘီယာမှာ အရည်ပျော်နေတဲ့ ဆီလီကွန်ဒြပ်ပေါင်းတွေ များများစားစားကိုပါနေတာပါ။ နောက်ပြီးတော့ ဘီယာထဲက ဆီလီကွန်တွေဟာ အချိန်တော်တော်ကြာတဲ့ထိမပျက်စီးဘဲ ကာရှည်ခံနေတတ်တာကိုလည်း တွေ့ရပါတယ်”ဟု ပြောကြားခဲ့သည်။အများအားဖြင့် အစားအသောက် အတော်များများတွင် ပါဝင်သည့် ဆီလီကွန်ဓာတ်မှာအလွယ်တကူ ပျက်သုဉ်းသွားတတ်ကြောင်းလည်း ဘမ်းဖို့သ်ကဆိုသည်။
သို့သော်လည်းဆရာဝန်များကမူ ယခုကိစ္စသည် တန်ဆေးလွန်ဘေးဆိုသော စကားအတိုင်းသင့်တင့်မျှတသော ပမာဏမျှသာရှိသည့် ဘီယာကို ပုံမှန်သောက်သုံးမှသာအကျိုးရှိနိုင်မည်ဟု ထောက်ပြထားသည်။ National Osteoporosis Societyမှာဒေါက်တာကလဲဘောရင်းက “ခပ်ပျော့ပျော့ အယ်လ်ကိုဟောဟာ အရိုးသန်မာရေးအတွက်အကျိုးရှိတာ အမှန်ပါပဲ။ ဒါပေမယ့် အကြီးအကျယ် သောက်မယ်ဆိုရင်တော့ပြောင်းပြန်ဖြစ်လာမှာပါ။ အရိုးရဲ့ သန်စွမ်းမှုကို လျော့ကျစေမှာဖြစ်ပြီးအရမ်းဆိုးရင်တော့ အလွယ်တကူ ရိုးကျိုးလောက်အောင် ဖြစ်သွားစေပါလိမ့်မယ်”ဟုသတိပေး ပြောဆိုထားသည်။

from MPEI

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...