Ads (728x90)

စာတစ်စောင်ရေးပြီးလို့လက်မှတ်ရဲ့တည်နေရာဟာ အရေးကြီးပါတယ်။

-စာရဲ့အဆုံးနဲ့လက်မှတ်နဲ့နီးကပ်လို့ရှိရင်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်ပြီးပျော်ရွှင်တတ်
သောစိတ်ထားမျိုးရှိပါတယ်။

-စာရဲ့အဆုံးနဲ့လက်မှတ်က ခပ်ဝေးဝေးဖြစ်နေရင်တော့ လွတ်လွတ်လပ်လပ်နေတတ်ပြီး ပတ်ဝန်းကျင်ကိုသိပ်ပြီးဂရုမစိုက်တတ်တဲ့ သဘောမျိုးတွေ့ရပါတယ်။

လက်မှတ်ရဲ့အနေအထား

-လက်မှတ်ထိုးတဲ့အခါ လက်မှတ်က အထက်ကိုထောင်တက်နေရင် ရည်မှန်းချက်၊ရည်ရွယ်ချက်ကြီးမားတယ်။ အလိုလောဘကြီးတယ်။ လက်မှတ်ကအောက်ကိုစိုက်နေရင်ဒီလူဟာ ရည်မှန်းချက်မရှိတဲ့ လူ။ ဘ၀မှာ အခက်အခဲကြုံ ရင် လွယ်လွယ်နဲ့အရှုံးပေးမယ့်တဲ့သူတဲ့။

-နောက်ပြီးလက်မှတ်ဟာကြည်လင်ပြတ်သားပြီးနားလည်ရလွယ်တဲ့ သဘောရှိရင် ဒီလူဟာ ရိုးသားပြီး ယုံကြည် စိတ်ချရတဲ့ လူမျိုးဖြစ်တယ်တဲ့။

-လက်မှတ်ဟာသေးပြီး ကျဉ်းမြောင်းနေရင် စိတ်သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူမျိုးတဲ့။

-လက်မှတ်ဟာအလွန်ကြီးပြီး ကျယ်ဝန်းနေရင် အတ္တဆန်ပြီး အရာရာကိုအတင်းအဓမ္မပြုကျင့်တတ်ပြီး ငါမှငါဆိုတဲ့စိတ်ထားရှိတယ်တဲ့။

လက်ရေးရဲ့အရွယ်စားကိုကြည့်ပြီးတော့လည်းခွဲခြားနိုင်သေးပါတယ်။

-လက်ရေးကြီးတဲ့သူတွေဟာဘ၀မှာပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်တတ်ပြီး လူမှုရေး လုပ်ငန်းတွေမှာ စိတ်ပါလက်ပါလုပ်ကိုင်ဆောင်ရွက်တတ်တယ်တဲ့။ အပေါင်းသင်းဆန့်ပြီး အချစ်ရေး၊  စီးပွားရေးတို့မှာ အဆင်ပြေလိမ့်ရှိတယ်တဲ့။

-လက်ရေးအလွန်ကြီးမားရင်တော့ မကောင်းဘူးတဲ့။ ငါမှငါဆိုတဲ့ ဟန်ပန်ရှိပြီး တစ်ပါးကိုဖိနှပ်ချုပ်ချယ်တတ်
တဲ့။ အာဏာရှင်ဆန်ပြီး နိုင်လိုမင်းထက် လုပ်တတ်ပါတယ်။

-လက်ရေးအလယ်လတ်ရှိတဲ့သူကတော့ အကြောင်းအကျိုး ဆင်ခြင်ဥာဏ်ကောင်းပြီး ပတ်ဝန်းကျင်နဲ့ လည်းသင့်မြတ်စွာနေတတ်တယ်။ စိတ်သဘောထားကောင်းမွန်ပြီးဖော်ရွေတတ်တဲ့ လူမျိုးတဲ့။

-လက်ရေးသေးငယ်သူတွေကတော့ စာပေဗဟုသုတနဲ့ပြည့်စုံပြီးဆင်ခြင် ဥာဏ်ရှိတယ်တဲ့။ စိတ်လှုပ်ရှားထိခိုက်လွယ်တဲ့ စိတ်ဓာတ်မျိုးတွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေ၊ သချာင်္ဆရာ၊ သုတေသီတွေမှာ တွေ့ရတတ်တဲ့ လက်ရေးမျိုးပါဘဲ။

-လက်ရေးအလွန်သေးတဲ့သူတွေကတော့ ရဲရင့်ပြီး သတ္တိရှိတဲ့သဘော၊ စုစည်းတတ်တဲ့သဘော ၊လောကကိုမထီမဲ့မြင်ပြုကျင့်တတ်တဲ့သဘော၊ အတ္တစွဲဝါဒီကို စွန့်လွှတ်တတ်တဲ့သဘောတွေ့ရတတ်ပါတယ်။
ထူးချွန်ရင်အရမ်းထူးချွန်ပြီး ကျရှုံးရင်လည်း ကြီးအကျယ်ကျရှုံးတတ်တတ်တဲ့သဘောကိုတွေ့ရတတ်တယ်တဲ့။
ယောကျာ်းတစ်ယောက်ဟာ လက်ရေးအလွန်သေးငယ်နေရင်စနစ်တကျ စည်းတတ်တယ်လို့လည်းတွေ့ရပါ
တယ်။

လက်ရေးပညာမှာ ဖိရေးခြင်းနဲ့ ပေါ့ပါးသွက်လက်စွာရေးခြင်းကို ကြည့်ပြီးခန့်မှန်းနိုင်သေးပါတယ်။ ဒီအပိုင်းဟာကာမရာဂ စိတ်ကိုပြသနေပါတယ်။

-အလွန်အမင်းဖိရေးတဲ့သူဟာ ကာမရာဂစိတ်ပြင်းထန်ပြီး ခံစားမှုချို့တဲ့ တယ်တဲ့။ ဒီလိုလူမျိုးထဲရဲ့စိတ်ထဲမှာ အချစ် မရှိဘူး။ ကာမဆန္ဒပဲရှိတယ်တဲ့။

-ပေါ့ပါးသွက်လက်စွာရေးတဲ့သူကတော့ စိတ်ထိခိုက်လှုပ်ရှားလွယ်ပြီး ကာမဆန္ဒစိတ်နည်းပါးတယ်။

-အလယ်အလတ်ရေးဖိရေးတဲ့သူ(ဖွရေးတဲ့သူ)တွေကတော့ စိတ်ကူယဉ်တွေးတောတတ်ပြီး ကာမဆန္ဒစိတ်
အသင့်အတင့်ရှိတယ်။

နောက်ပြီးတော့လက်ရေးပညာမှာ ရှင်းလင်းပြတ်သားစွာရေးတတ်တဲ့လက်ရေး နှင့် တန်ဆာဆင်ရေးတတ်
တဲ့လက်ရေးဆိုပြီးရှိပါသေးတယ်။

-လက်ရေးရှင်းတဲ့သူတွေကတော့ စိတ်ရှင်းပြီး ရိုးသားတဲ့သူတွေပါဘဲ။

-လက်ရေးရှုပ်ထွေးတဲ့သူတွေစိတ်ရှုပ်ပြီး လိမ်ညာ လှည့်ဖြားတတ်တဲ့သဘောရှိတယ်။

-တန်ဆာဆင်ပြီးရေးတဲ့လက်ရေးကတော့ ဟန်ကြီးပန်ကြီးနိုင်ပြီး ကြွားဝါတတ်တယ်တဲ့ လူတွေမှာတွေ့ရတယ်၊၀မရှိဘဲဝိတတ်တဲ့ လူမျိုးပေါ့။


ဆရာမင်းမြတ်သူရ၏ ၀တ္ထုစာအုပ်တစ်အုပ်မှကောက်နှုတ်ရေးသားခြင်းဖြစ်သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...