Ads (728x90)
ဖားဘီလူးများကားဆာလောင်မွတ်သိပ်လာသောအခါ အထွေအထူးစဉ်းစားမနေတော့ ပါ...
ဇတ်တူသားပင်စားဖို့ ဝန်မလေးတတ်ပါပေ...
Bullfrogs don't mess about when they're hungry - and even cannibalism isn't ruled out.
          ဤဖားဘီလူးကား အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှ ရေကူးကန်တစ်ခု၏ရေပိုက်ထဲမှာထွက်ပေါ်လာဟန်ရှိပြီး ၎င်း၏ပါးစပ်ထဲတွင်တော့ သူနှင့် မျိုးနွယ်တူ ညီအစ်ကိုတော်ဖားငယ်တစ်ကောင်၏ခြေထောက်အစုံက ( သူဝါးမြိုထားစဉ် ) ထွက်လို့ နေပါတယ်...
အမေရိကန်နိုင်ငံသား ခင်ပွန်းဖြစ်သူတက်ဒ် နှင့် ဇနီးသည်ဘေကွန် တို့ ဟာ ၎င်းတို့ ရဲ့ ရေကူးကန်ကိုသန့် 
ရှင်းရေးလုပ်နေစဉ် အစားကျူးသောထိုကုန်းတစ်ပိုင်းရေတစ်ပိုင်းသတ္တ၀ါ ဖားက ဇတ်တူသားစားနေတာကို
မြင်တွေ့ ခဲ့ ကြ ( ဓါတ်ပုံရိုက်ယူခဲ့ ကြ ) တာဖြစ်ပါတယ်...
သူတို့ ဇနီးမောင်နှံဟာ ထိုအစားကျူးတဲ့ ဖားဘီလူး အစာတန်းလန်းနှင့် ရေထဲပြန်ခုန်မချခင် အလျင်အမြန်
မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်..
ကျွန်မခင်ပွန်းက မိန်းမရေ ကင်မရာအမြန်ယူလာခဲ့ ပါကွယ်၊ မင်းတော့ ယုံနိုင်မှာတောင်မဟုတ်ဘူးလို့ ပြော
ခဲ့ ပါတယ် လို့ အသက် ၅၀ အရွယ်ရှိကယ်ရင် ကပြောပြခဲ့ ပါတယ်...
           " ကျွန်မသူ့ ဆီလည်းရောက်ရော မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြက်သေသေသွားပါတယ်... ထိတ်လန့် တစ်ကြားနဲ့ အော်ဟစ်မိချင်စရာကောင်းသလိုမြင်ရတာ အံသြထူးဆန်းဖို့ လည်းကောင်းလှပါတယ်... ကျွန်မဖြင့် အခုထက်ထိအဲဒီဓါတ်ပုံကို မနည်းစိတ်တင်းပြီးကြည့် ရတယ်...
ကျွန်မတွေးနေမိတာကတော့ ဒီလောက်ကြီးတဲ့ ဖားတစ်ကောင်လုံးကိုဘယ်လိုများသူ့ ပါးစပ်ထဲရအောင်သွင်း
သလဲဆိုတာပါပဲ....ရေကန်ထဲပြန်မဆင်းသွားခင်အထိ ဓါတ်ပုံလေးတစ်ပုံ၊နှစ်ပုံပဲရိုက်လိုက်နိုင်ပါတယ်..." သူမကပြောပြခဲ့ ပါတယ်...ဒီဖားမျိုးဟာ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုများမှာ စတင်ပေါက်ဖွားတဲ့ ဖားဘီလူးမျိုးဖြစ်ပါတယ် လို့ လည်း အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ပါ့ ခ်တန် အရပ်မှ မစ္စက်ဘေကွန် ကပြောပါတယ်...
သူတို့ ဟာ မျိုလို့ ရတဲ့ အကောင်မှန်သမျှအကုန်စားပါတယ်....မြွေတွေ၊ ငှက်ကလေးတွေ၊ ကြွက်တွေနဲ့ တစ်ခြားဖားတွေအပါအ၀င်တိရိစ္ဆာပေါင်းစုံပါပဲ...
နီးမှာ များသောအားဖြင့် နေထိုင်ပေါက်ဖွားတတ်ကြပါတယ်...
           ဖားဘီလူးများဟာ ခန္ဓာကိုယ်အရှည်ခြောက်လက်မအထိကြီးထွားကြပြီး တစ်ချို့ ရှစ်လမလောက်အထိရှိခဲ့ တယ်လို့ မှတ်တမ်းတင်ထားခဲ့  ပါတယ်...
၎င်းတို့ ရဲ့ လက်ခြေတွေကိုဆန့် လိုက်ယင် ဆယ်လက်မလောက်အေထိရှည်ပါတယ်...
သူတို့ ဟာ သားကောင်တွေကိုခုန်အုပ်ပြီးတစ်ချီတည်းမြိုပြစ်လိုက်ကြတာဖြစ်ပြီး ချက်ချင်းမမြိုနိုင်ပါက ရှေ့ 
ခြေ၊လက်များဖြင့် ပါးစပ်ထဲအတင်းထိုးသွင်းတတ်ကြပါတယ်...
The Best Gif Animations of the Week (15 gifs)
တွေ့ မရှောင်အကုန်စားတတ်တာမို့ ၎င်းတို့ အားအခြေချမွေးမြူနေထိုင်စေသည့် ဒေသပါတ်ဝန်းကျင်အတွက်
သဘာဝဆိုးကျိုးတွေဖြစ်စေ၊ ထိခိုက်စေ ( တိရိစ္ဆာန်ငယ်များအား အငန်းမရစားပြစ်တတ်သည့် အတွက် ) ပါ
တယ်...
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...