ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းတွင် ဖော်ပြထားပါသည်။
သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက်စစ်တမ်းကို ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားတွင် “ဂျာမန် စောင့်ကြည့်ကမ္ဘာလုံးဆိုင်ရာ
အာရှဖွံ့ဖြိုးမှုဘဏ်မှလည်း အရှေ့တောင်အာရှ ဒေသ (အထူးသဖြင့် မြန်မာနိုင်ငံ)သည် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လိုအပ်သည့်ဒေသများ တွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားသည်ဟု အဆိုပါ စစ်တမ်းတွင် ရေးသားထားသည်။
ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဒုတိယ နေရာတွင် မြန်မာနိုင်ငံမှ ရပ်တည်နေခြင်း ဖြစ်သည်။
ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ခြောက်နိုင်ငံဖြင့် အများ ဆုံးပါဝင်နေပြီး အမေရိကအလယ်ပိုင်းမှ နှစ်နိုင်ငံ၊ ကာရေဘီယံကျွန်းစု မှ နှစ်နိုင်ငံပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မာလာ မုန်တိုင်း၊ နာဂစ်မုန်တိုင်းအပါအ၀င် ခံစားခဲ့ရသည့် ရာသီဥတုဖောက်ပြန် ဆိုးရွားမှုအရ ထိခိုက်ခဲ့သည့်ဖြစ်စဉ်များ နှစ်အပိုင်းအခြားလိုက်ခံစား
ယခု ၂၀၁၂ ခုနှစ် မိုးစပါးစိုက် ရာသီတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာခံစားရသည့် အနေအထားရှိ နေကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် မန္တလေးနှင့်စစ်ကိုင်းတိုင်း
ရာသီဥတု ဒဏ်အများဆုံး ခံစားရသည့် နိုင်ငံများစာရင်း
၁။ ဘင်္ဂလားဒေ့ရှ်
၂။ မြန်မာ
၃။ ဟွန်ဒူးရပ်စ်
၎။ နီကရာဂွါ
၅။ ဟေတီ
၆။ ဗီယက်နမ်
၇။ ဒိုမီနီကန်
၈။ ပါကစ္စတန်
၉။ မြောက်ကိုရီးယား
၁၀။ ဖိလစ်ပိုင်
Eleven Media Group
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။