Ads (728x90)



ရဲရေးရောက်သော်....
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးကို စိတ်ပါဝင်စားကြတဲ့သူတွေကို မက်ဆေ့ဂ်ျတစ်ခုပေးချင်ပါတယ်
ဒီအစည်းအရုံးကို လူတစ်ယောက်ဆက်သွယ်လာတိုင်း ကျနော်တို့တိုင်းပြည်ကို ကာကွယ်မည့်
ကျည်တစ်တောင့်၊ စစ်သည်တော်တစ်ယောက် တိုးလာတယ်လို့ ကျနော်တို့အစည်းအရုံးက ယူဆပါတယ်။
အရမ်းလည်း အားတက်မိပါတယ်။ မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးကို ဆက်သွယ်တော့မယ်ဆိုရင်
သေချာစဉ်းစားပါ။ ဒီအစည်းအရုံးဟာ အွန်လိုင်းပေါ်မှာပဲ ဇာတိသွေး၊ ဇာတိမာန်တွေ ထက်သန်ပြီး
လိုင်းပေါ်ရောက်မှ မျိုးချစ်စိတ်ဓာတ်တွေ မီးဟုန်းဟုန်းတောက်နေတဲ့ ခါတော်မီမျိုးချစ်တွေ၊
ကောက်ရိုးမီးမျိုးချစ်တွေမဟုတ်ဘူးဆိုတာ စမ်းချောင်းတရားရုံးမှာ မပြီးပြတ်သေးတဲ့အမှုက သက်သေပါပဲ။
အဲဒီတော့ ဒီအစည်းအရုံးကို ဆက်သွယ်တော့မယ်၊ မျိုးချစ်မြန်မာဆိုတဲ့ အမည်နာမအောက်ကို
ဝင်တော့မယ်ဆိုရင် သင်္ကြန်အမြှောက်လို သတ္တိမျိုးနဲ့တော့ အလုပ်မဖြစ်ပါဘူး။
လူများပြီး ပွဲမစည်တာပဲ အဖတ်တင်ပါတယ်။
လက်ရှိလုပ်ဆောင်နေကြတဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့ ရင်ဘောင်တန်းပြီး
တာဝန်ခံရဲ၊ တာဝန်ယူရဲရပါလိမ့်မယ်။ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာစောင့်သိရပါလိမ့်မယ်။
တိုင်းပြည်အတွက်အနစ်နာခံရပါလိမ့်မယ်။
လိုအပ်မယ်ဆိုရင် အမိမြေရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနိုင်ရေး၊
ကျနော်တို့ရဲ့ မိဘပြည်သူတွေရဲ့ဘ၀တွေ လုံခြုံအေးချမ်းရေးအတွက်
ကျနော်တို့ရဲ့ အရိုးတွေကို ခြံစည်းရိုးလုပ်ပြီး ကာကွယ်သင့်ရင် ကာကွယ်ရပါလိမ့်မယ်။
ဒါ .... ကျနော်တို့အစည်းအရုံးရဲ့ ခံယူချက်ဖြစ်ပါတယ်။
ကျနော်တို့ဟာ အပြောသမားတွေလား၊ လက်တွေ့သမားတွေလား။
ရာဇ၀င်မှာအရေးခံရမယ့်သူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့်သူတွေလားဆိုတာ
ကျနော်တို့လုပ်ရပ်နဲ့ အချိန်ကာလက အဖြေပေးသွားပါလိမ့်မယ်။

ကဲ ... မိတ်ဆွေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ခင်ဗျားအရိုးကို စည်းရိုးထိုးပြီး
ကာကွယ်ဖို့အထိ ခင်ဗျားရင်ထဲက အမျိုးသားရေးအသိက အဆင်သင့်ရှိပြီဆိုရင်
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးကို ဆက်သွယ်လိုက်ပါခင်ဗျာ .... ။ ။

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး (http://lifeandduty.blogspot.com/)
(https://www.facebook.com/groups/burmeseyouthpatriotorganization/)
သမ္မတကြီးအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက်မရရှိဘဲ ထုတ်ဖော်ခဲ့သဖြင့်
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် တရားစွဲဆိုခြင်းခံထားကြရသည့် မျိုးချစ်မြန်မာလူငယ်(၄)ဦးတို့သည်
သြဂုတ်လ (၂၈)ရက်နေ့ ရုံးချိန်းတွင်လည်း သမ္မတကြီးအားထောက်ခံကြောင်းနှင့် မန်းသားတို့နှင့်အတူ
ရပ်တည်လျက်ရှိကြောင်း တရားရုံးအပါအ၀င် တတိုင်းပြည်လုံးသိရှိစေရန် ဆက်လက်ဆောင်ရွက်သွားရန်
စီစဉ်ထားပါသဖြင့် မျိုးချစ်စိတ်ရှိသူ ညီအစ်ကိုမောင်နှမများမှလည်း ၀ိုင်းဝန်းပေးကြပါရန်
မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်

မျိုးချစ်စိတ်

ချစ်လိုက်စမ်းပါ ကိုယ့်မြန်မာတည့်
ဘာသာ သာသနာ ရောင်အ၀ါနှင့် စာပေဆီပီး ထိန်းထိန်ညီးသည်
အံ့ချီးမကုန် ဖွဲ့မကုန်။
ခင်လိုက်စမ်းပါ ကိုယ့်မြန်မာတည့်
သာကီဝင်မျိုး ဇာနည်မျိုးတို့
တန်ခိုးရှိန်ဝါ တောက်ခဲ့ပါသည်
ရာဇ၀င်ဆီမီး ထိန်ထိန်ညီး။
ကြင်နာစမ်းပါ ကိုယ့်မြန်မာတည့်
စိတ်မှာဖြူဖွေး ဘော်ငွေသွေးတို့
ညစ်ကြေးမတင် မွေးသန့်စင်သည်
ကြည်လင်မေးမြ သည်ဘ၀။
တွယ်တာစမ်းပါ ကိုယ့်မြန်မာတည့်
လယ်ယာရွှေမြေ သစ်တောတွေနှင်
ရွှေငွေကျောက်သံ ရွှေရေနံနှင့်
သယံဇာတ ပေါကြွယ်ဝသည်
လိုတရနေ သညသည့်မြေ။
နှစ်သက်စမ်းပါ ကိုယ့်မြန်မာတည့်
ဂုဏ်လွှာအဆင့် နိမ့်အမြင့်ဟု
အဆင်ခွဲခြား စိတ်မထားဘဲ
တစ်သားတစ်သွေး တစ်မိမွေးသို့
သွေးစည်းချစ်ကြည် စည်းလုံးညီသည့်
သွေဖည်မည့်ရေး ဘယ်မတွေး။
သြော်......
ချစ်ခင်ကြင်နာ အတွယ်တာနှင့်
မြန်မာကိုယ်မျိုး ချစ်မြတ်နိုးသည့်
အမျိုးချစ်သည့် စိတ်အရှိတို့
အပြည့်ရှိမှန်း ပြလိုက်စမ်းပါ
ကမ္ဘာတစ်ဝှမ်း အံ့ မခန်း။ ။

အောင်ထွန်းလင်း(ချောက်)
(သြဂုတ်လ (၂၈)ရက်နေ့တွင် ရုံးချိန်းကို ရင်ဆိုင်ကြရမည့် မျိုးချစ်မြန်မာလူငယ် (၄)ဦးအား
လေးစားဦးညွှတ်လျက် ......)
 
By : Minko Ko

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...