Ads (728x90)


=============
(၁၉၈၈)ကာလအတွင်းနဲ့ (၁၉၈၈) ကာလအပြီးမှာ မွေးဖွားတဲ့ လူငယ်တွေကတော့ တတိယမျိုးဆက်ပေါ့။ ဒါကြောင့် ဒီမျိုးဆက်တွေအတွက် ရည်ရွယ်တာပါ။

* အခုခေတ် တတိယ မျိုးဆက်လူငယ်တွေကတော့ နည်းပညာတွေ ထွန်းကားတဲ့ခေတ်မှာ အရွယ်ရောက်တဲ့သူတွေဆိုတော့ ခေတ်ကောင်းမှီတယ်လို့ဆိုရပေမယ့် မိသားစုဘဝဆိုတာ ဗီဒီယိုထဲမှာလောက်သာ မြင်ဘူးကြတော့တယ်။

လမ်းဘေးထမင်းဆိုင်နဲ့ ညဖက်အရက်ဆိုင်တွေက လူငယ်အများစုရဲ့ ထမင်းစားခန်းနေရာကို ယူလာကြတယ်။ ဖခင်ရဲ့အလုပ်အကိုင်ကို တိတိကျကျပြောဆိုနိုင်တဲ့သူ မရှိသလောက်ဖြစ်လာတယ်။ အိမ်ရှိ လူကုန်အလုပ်လုပ်တယ်ဆိုတာ အလေ့အထတခုလိုဖြစ်လာနေတယ်။ ရရှိတဲ့ ဝင်ငွေကလည်း အသက်ရှင်ဖို့ ထမင်းစားနေရတာထက် မပိုတော့ဘူး။ ပညာရေးဆိုတာ ဘာလဲလို့ မေးနေတဲ့ လူငယ်တွေက ဒူးနဲ့ဒေး ဖြစ်လာတယ်။ကျမ်းမာရေးအဆင့် နိမ့်ကျချက်က ဆေးဝါးတွေကို လမ်းဘေး ကွမ်းယာဆိုင်တွေမှာ သကြားလုံးဝယ်သလို လူတိုင်း ဝယ်ယူသုံးစွဲနေကြရတယ်။

အသက်(၅၀) ဝန်းကျင်တွေက သက်ကြီးပူဇော်ပွဲတွေမှာ ရှေ့ဆုံးက နေရာယူလာကြတယ်။

တတိယမျိုးဆက်မှာ ရှိတဲ့လူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး နိုင်ငံမဲ့ဘဝတွေ ရောက်နေကြရသလို ဖြစ်ပြီး သူဌေးအိမ်သွားလည်တဲ့ ဆင်းရဲသားတွေလို ဖြစ်နေတယ်။

တိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုပေမယ့် ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ တတိယမျိုးဆက် လူငယ်တွေကို ပျက်ရယ်ပြု စိန်ခေါ်နေသလိုဖြစ်နေတယ်။

အစိုးရဆိုသူတွေရဲ့ လက်မှာ မိမိတို့ရဲ့ ဘဝတွေကို ဝကွပ် အပ်ထားကြရသလို ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် မှန်သမျှဟာ အစိုးရဆိုသူတွေနဲ့သာ ဆိုင်သလို ဖြစ်နေပြီး အစိုးရဆိုတာ မျိုးရိုး အမွေဆက်ခံတဲ့ အလုပ်တခုလို ဖြစ်နေတယ်။

မိမိ မိသားစုဘဝ ပျော်ရွင်ချမ်းမြေ့ဖို့ အစိုးရဆိုသူတွေနဲ့ ဖြစ်တဲ့နည်နဲ့ သင့်မြတ်အောင် ပေါင်းရမယ်ဆိုတဲ့ ဘဝပေးအသိကို ရိုက်ထည့်တာ ခံနေကြရတယ်။

တတိယ မျိုးဆက်လူငယ်တွေ နားလည်ထားရမှာက ဒိုဟာ နိုင်ငံတခုကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်တယ်။ ဒို့နိုင်ငံရဲ့ သယံဇာတတွေဟာ ဒို့တိုင်းသူပြည်သားတွေ အားလုံ အတွက်ဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ဒုက္ခတွေဟာ လူတစုက ဖန်တီးထားတဲ့ ဒုက္ခတွေသာဖြစ်တယ် ဆိုတာကို နားလည်ထားဖို့ လိုတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ တတိယမျိုးဆက်တွေရဲ့ တိုင်းပြည်အပေါ် ဘယ်လောက် ပေးဆပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာတည်နေတယ်။

တိုင်းပြည်မှာ ယနေ့ဖြစ်ပျက်နေတာတွေကို တတိယမျိုးဆက်တွေက ငါတို့နဲ့ မဆိုင်ဘူး ဆိုပြီး လက်ပိုက်ကြည့်နေမယ်ဆိုရင် တနေ့မှာ အုပ်စိုးသူအာဏာရှင်ရဲ့ အိမ်တခါး လာခေါက်တာကို ခံရမှာဖြစ်တယ်။

အာဏာရှင်တိုင်းဟာ ငါဟာအာဏာရှင်ပါ ဆိုပြီး အာဏာယူလာကြတာ မဟုတ်ဘူဆိုတာကို တတိယမျိုးဆက်တွေ သဘောပေါက်ထားဖို့ လိုတယ်။

ဒီလိုဘဲ အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ အာဏာကို စတင်ရယူချိန်မှာ ဘယ်တော့မှ မီးပြင်းတိုက်လေ့ မရှိဘူး သူတို့ဟာ စတင်အာဏာယူချိန်မှာ အလွန်အေးမြတဲ့ ရေရှိတဲ့ ခွက်ထဲက ဖါးသူငယ်တွေလို ပြည်သူကိုထားတယ် ဒါပေမယ့် အဲ့ဒီခွက်ကို အောက်ကနေ တဖြည်းဖြည်းခြင်း အပူပေးသလို တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိတယ်။

ဒါကြောင့် ဒီနေ့ ဒီအချိန်ဟာ မြန်မာပြည်မှာ လက်သစ် အာဏာရှင်တစုက တိုင်းပြည်ကို ချုပ်ကိုင်ဖို့ အားယူနေသလို ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် တွေကလည်း တိုင်းပြည်ရဲ့ လူထုခေါင်းဆောင်တွေနဲ့ လက်တွဲပြီး အာဏာရှင် မျိုးဆက် မြန်မာပြည်မှာ အမြစ်တွယ်ခြင်း မရှိအောင် တက်နိုင်တဲ့ဘက်က ဆောင်ရွက်နေကြတာတွေကို တတိယမျိုးဆက်တွေအနေနဲ့လည်း ဝိုင်းဝန်း ပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ အမိမြန်မာပြည်ကြီးဟာ ဒို့ပိုင်တဲ့ပြည် ဒို့ပိုင်တဲ့မြေ သေချာပေါက် ဖြစ်လာမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတကြီး ဂျော့ ဝါရှင်တန် ပြောဘူးတဲ့ စကားတခုရှိပါတယ်( ကျုပ်တို့ခေတ်မှာ စစ်ပညာကို စနစ်နကျ တတ်မြောက်ထားမှ ကျုပ်တို့ သားသမီးတွေခေတ်မှာ ရှုပဗေဒဘာသာရပ်နဲ့ သချာင်္ပညာတွေကို အေးအေးဆေးဆေး သင်ကြားနိုင်မှာ ဖြစ်တယ်)ဆိုတဲ့ စကားပါ။

ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်မှာလည်း ကျွန်တော်တို့ခေတ်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြစ်နိုင်မှ ကျွန်တော်တို့ သား/သမီးတွေဟာ ကမ္ဘာအလည်မှာ သိက္ခာရှိရှိ အသက်ရှင်ရပ်တည် နိုင်ကြမှာ ဖြစ်ပါတယ်...
မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တတိယမျိုးဆက်တွေ မှာတာဝန်ရှိပါတယ်...။

တောကရွှေအိမ်စည်
Credit; ပုံကို Khu Daun မှယူသည်။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...