ဆဲဆိုခြင်း၏ ချွင်းချက်များ
by Mg Linnith on Wednesday, August 22, 2012 at 2:14am ·
အခန်း(၁)
ညီညီပြောသော အင်္ဂလိပ်ဆဲနည်းများ (မသိပဲဆဲခြင်း)
ကျွန်တော်ထင်ပါသည် လူတော်တော်များများ အနည်းနှင့်အများဆဲဖူးကြပါလိမ့်မ
ပျော်ပျော်ကြီးလုပ်ခဲ့ကြသည်။ ဒီလိုနဲ့ စတုတ္ထတန်းရောက်လာတော့ ကျွန်တော်တို့သူငယ်ချင်းတွေဆီကိ
" အင်္ဂလိပ်တွေကဆဲရင် ဆယ့်နှစ်လက်မဘစ်တို့... ဘုတ်ရှစ်တို့...မားသားဖက်ကာတို့
အားလုံးက ညီညီပြောသမျှကို ပါးစပ်အဟောင်းသားလေးတွေဖြင့် နားထောင်နေကြသည်။ ညီညီက အတန်းထဲတွင် ပိုက်ဆံအချမ်းသာဆုံးဖြစ်သည်။ ကျောင်းသားတော်တော်များများ၏ မွေးနေ့တွင် ဝေဖါချောင်း၊ ဘီစကွတ်ထုပ်လောက်သာ ဝေသော်လည်း ညီညီမွေးနေ့တွင်မူ ရေခဲမုန့်နှင့်ကိတ်မုန့်ကျွေးလိ
" ဟေ့ရောင်..မင်းကငြင်းတယ်ကွာ ဆယ်နှစ်လက်မဘစ် ပဲ "
" ဆယ်သုံးလက်မဘစ်ကွာ ငါစည်းခိုးတာမှမဟုတ်တာ "
ညီညီ တစ်ချက်ကြောင်သွားသည်။ သူ့စိတ်ထဲလည်း ဇဝေဇဝါဖြစ်သွားသည်။ ဆယ့်နှစ်လက်မဘစ်ကို ဆယ့်သုံးလက်မဘစ်က နိုင်သည်ဟု အထင်ရောက်သွားသည်။ ဒီလိုတော့ အကြောမခံနိုင်...
" ဆယ့်လေးလက်မဘစ်ကွာ ကဲ.." ညီညီက ချက်ချင်းပြန်တုံ့ပြန်လိုက်သည်။
" ဆယ့်ငါးလက်မဘစ်ကွာ "
" ဆယ်ပေ ဘစ်ကွာ......"
" ပေတစ်ရာ..............."
" တစ်မိုင်.................."
" ............................"
ဒီလိုနဲ့ မိုင်တစ်ရာ..မိုင်တစ်ထောင်...သိ
နောက်ရက်နည်းနည်းကြာလာတော့ မေဖြူလတ်က ညီညီကိုပြောသည်။(ကျွန်တော်တို့က
" ဟဲ့...ညီညီ နင်တို့ပြောပြောနေတဲ့ ဆယ့်နှစ်လက်မဘစ်တို့ ဘုတ်ရှစ်တို့ဆိုတာ ဘာအဓိပ္ပါယ်လည်းသိလား "
" ဆယ့်နှစ်လက်ဘစ်ဟာ ဆယ့်နှစ်လက်မဘစ်ပဲပေါ့ဟာ ဘာအဓိပ္ပါယ်လဲတော့ ငါလည်းမသိဘူး "
" အေး..ငါ့အစ်ကို ကို ငါမေးလာခဲ့တယ် ဆယ့်နှစ်လက်မဘစ်ဆိုတာ (Son of a Bitch) ခွေးမသား တဲ့... ဘုတ်ရှစ် ဆိုတာက (Bull Shit) နွားချေး(နောက်ချေး)တဲ့ "
သူပြောတာကို ဘယ်သူမှလက်မခံကြပါ။ နွားချေး လို့တော့ ဘယ်သူမှဆဲမည်မဟုတ်။ ဆယ့်နှစ်လက်မဘစ်သည် ဆယ့်နှစ်လက်မဘစ်သာဖြစ်သည်။ ဒေါ့(Dog)ဆိုသည့်စကားလုံးမပါဝင်
မဖတ်လည်းရသော စာကြွင်း- မူလတန်းပြီးတော့ အဖေက ကျွန်တော်ကို လာခေါ်သဖြင့် လှိုင် သို့ရောက်ခဲ့သည်။ မူလတန်းကျောင်းသားဘဝတွင်မူ အဒေါ်နှင့်အတူနေခဲ့ရခြင်းဖြစ်သည်
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အခန်း(၂)
အဆဲအားလုံးကိုနိုင်သည့်စကားလုံး
ဆဲဆိုခြင်းသည် မနှစ်မြို့စရာကိစ္စဟု ယေဘူရ သတ်မှတ်နိုင်သော်လည်း ဆဲဆိုခြင်းကို ချစ်စရာကောင်းသည်ဟုထင်ကာ တစ်ဟားဟား သဘောကျနေသူများလည်း ရှိပါသည်။ ကျွန်တော်ရှင်းပြပါဦးမည်။ ကလေးများ စကားပြောတတ်စ အရွယ်တွင် မပီကလာပီကလာဖြင့် ဆဲခြင်းကို အချို့သော လူကြီးများက(အထူးသဖြင့် အဖိုးအဖွားများက) သဘောကျနေလေ့ရှိသည်။ မြေးကို မဆဲမခြင်း စိတ်မဆိုးဆိုးအောင်စ၍ ကလေးက မပီ့တပီဖြင့် ပတ်ပတ်ကြီး ဟုဆဲလိုက်လျှင် တစ်ဟားဟားဖြင့် ရယ်မဆုံးသော ကျွန်တော့်အဖိုးက ဥပမာပင် ဖြစ်သည်။ အဖိုးကဲ့သို့ပင် ဆဲဆိုခြင်းကိုမှ ချစ်စရာကောင်းသည်ဟု ထင်နေသော နောက်တစ်ယောက်မှာ(အဒေါ့်ယောက်ျား
လက်မှလည်း ပါးလေးဆွဲလိုက် နားရွက်လေးဆွဲလိုက် စမြဲဖြစ်သည်။ သားလုပ်သူက ပြန်ဆဲလျှင်လည်း တစ်ဟားဟားသဘောကျပြီး စမြဲ။ နောက်ဆုံး သားအဖနှစ်ယောက် နပန်းလုံးခြင်းဖြင့် အဆုံးသတ်လေ့ရှိသည်။ (ကျွန်တော့်အဒေါ်)အန်တီဝါကသားလု
" သား..ဖေကြီးဆဲရင်လေ သူဆဲတာတွေ ပြန်မဆဲနဲ့သိလား။ သာဓု...လို့သာပြန်ပြောလိုက်...အ
" သာဓု ဆိုတာဘာလဲ မေကြီး "
" သာဓု ဆိုတာ ဆဲတာအားလုံးကိုနိုင်တဲ့စကားပဲသာ
နောက်တော့ အန်တီဝါ့သား တစ်ယောက် သာဓု ဆိုတာ ထပ်နေတော့သည်။ အဖေလုပ်သူကဆဲလိုက် သူက "သာဓုကွာ သာဓု..ကဲမှတ်ပလား" ဟု ပြန်ပြောလိုက်နှင့် သူ့အဖေကပိုသဘောကျကာ စမဆုံး ရယ်မဆုံးတော့။ ကလေးအချင်းချင်းဆော့ရင်း ငြင်းခုံရန်ဖြစ်ကြလျှင်လည်း သာဓု ကိုသာ တွင်တွင်ကျယ်ကျယ် ခေါ်နေတော့သည်။ ကြာလာတော့ သူတို့နေတဲ့ ဝန်ထမ်းအိမ်ရာ တစ်ဝင်းလုံးလည်း ဒီအကြောင်းသိကာ တွေ့သမျှလူက သူ့ကိုစ သူက သာဓုခေါ် ကြားတဲ့လူတိုင်းက ရယ်မဆုံးဖြစ်နေလေတော့သည်။ (သင့် ဘေးပါတ်ဝန်းကျင်တွင်လည်း အဆဲခံချင်ကြသူများကိုတွေ့နိုင်သ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အခန်း(၃)
ချစ်ခြင်းအားဖြင့် ဆဲဆိုကြသူများ
ကျွန်တော့်ကို ပေါ်ပေါ်တင်တင် အများဆုံး ဆဲဖူးသူမှာ ကျွန်တော့်၏ အချစ်ဆုံးသူငယ်ချင်း အောင်သူ ပင်ဖြစ်သည်။(ပေါ်ပေါ်တင်တင်ဟု သုံးရခြင်းမှာ ကွယ်ရာတွင် အောင်သူ့ထက်သာအောင် ကြိတ်ဆဲနေသူများလည်းရှိနိုင်သော
ကြုံတုန်း မိသိမ့်၏ ဂင်းနစ် စံချိန်တင်ဖွယ် လုပ်ရပ်တစ်ခုကို ဖွပါဦးမည်။ ဆယ်တန်းအောင်စာရင်းထွက်တော့ အောင်တာချင်းအတူတူ မိသိမ့်က ကျွန်တော့်ကို ဒန်ပေါက်လိုက်ဝယ်ကျွေးခိုင်းသည်
မယ်မင်းကြီးမက ထဖောက်တော့သည်။
" ဟို..ဝက်သားနဲ့ရလား မောင်လေး "
ရွတ်ပြနေသည့် ကောင်လေး ရုတ်တရက်ကြောင်သွားသည်။ နောက်နေတာလားအစ်မ ဟူသော အဓိပ္ပါယ်ဖြင့် သူ့ကိုပြူးကြည့်သည်။ ကျွန်တော်က မျက်ရိပ်ပြသည်ကိုလည်းမမြင်။
" မ..မ..မရဘူးအစ်မ "
" သြော်..ကုန်သွားလို့လား "
" မဟုတ်ဘူးအစ်မ...အစကတည်းက မရောင်းတာလေ..."
စားပွဲထိုးလေးက ကောင်တာဘက်သို့ မသိမသာခိုးကြည့်သည်။ ကောင်တာကလူကြီးမျက်နှာဆိုတာလေ..
" ဘာလို့မရောင်းတာလဲဟင်...ဟို..မင
သူ့စကားမဆုံးခင် သူ့လက်မောင်းကို ကျွန်တော်လိမ်ဆွဲလိုက်ခြင်းဖြစ်
" ဟို.. ကြက်သားနဲ့ပဲ ပါဆယ်နှစ်ပွဲလုပ်လိုက်ပါ "
ဟုတ်တယ်လေ..ဘယ်မျက်နှာနဲ့ ဆိုင်မှာထိုင်စားမတုန်း။ မှာပြီးမှသူ့ကို တိုးတိုးရှင်းပြလိုက်တော့ ဇက်ပုသွားသည်။ မျက်နှာလည်း ဇီးရွက်သာသာရှိတော့သည်။ ထိုဒန်ပေါက်နှစ်ပွဲ ပါဆယ်ထည့်နေသည့် အချိန်သည် ကျွန်တော့်ဘဝတွင် အချိန်အကြာဆုံးပါဆယ်ထုပ်ခြင်း ပင်ဖြစ်သည်။ ကောင်တာကလူကြီးမျက်နှာက နဂိုမည်းခြင်းလား၊ စိတ်ဆိုး၍မည်းခြင်းလားမသိ တော်တော်တော့ မည်းနေသည်။ နောက်မှ Fair&Lovely တစ်ဘူးလောက်ဝယ်ပြီး လာတောင်းပန်ရကောင်းမလား ဟုတွေးနေမိသည်။ ဆိုင်ကထွက်လာတော့ သူကတော့တစ်ဟားဟားနှင့် သူ့လုပ်ရပ်ကို သူ့ဘာသာသူပြောလိုက်ရယ်လိုက်။ ကျွန်တော်ကတော့ ချဉ်ပေါင်ရိုးမ၊တုတ်ထိုးမ၊မရင်ဒ
အခုတော့ သူ မပိန်တော့သဖြင့် ချဉ်ပေါင်ရိုးမ မဟုတ်တော့ပါ။ ရည်းစားရပြီးနောက်ပိုင်း ပိုလှလာပြီး နှုတ်ခမ်းနီလည်း ကောင်းကောင်းဆိုးတတ်သွားပြီဖြစ်
ကျွန်တော်နှင့် ဝါသနာတူ သီချင်းဆိုချင်သော သူငယ်ချင်းတစ်ယောက်ရှိသည်။ သူကတော့ ချစ်ပွင့် ဖြစ်သည်။ အသံကတော့ သိပ်မဆိုးလှ။ ရုပ်က..အဲ..ရုပ်က ကြိုးကြာနှင့် နဲနဲဆင်သည်ဟု
အောင်သူကပြောပါသည်။
" ဟိုကကြိုးကြာ နင်ကကျီးကန်းပေါ့ဟာ..ဘာပဲပြေြာေ
" သေလိုက်ပါလားဟဲ့...ငါက ကျီးကန်းမဟုတ်ဘူး နင်သာ လဒ(လင်းတ)...."
ဒီကြားထဲ ကျွန်တော်ကပါ ထပ်ပြီးပို့လိုက်သေးသည်။
" ဟဲ့ ချစ်ပွင့်...ငါအဆိုတော် ဖြစ်လို့ One Man Show လုပ်ရင် နင့်ကိုခေါ်မယ်.."
" အမယ်လေး နင်ပဲဖြစ်အောင် အရင်လုပ်စမ်းပါဦး "
" ဖြစ်ကိုဖြစ်မှာပါဟ နင်ကလည်း...အေး..အဲဒီကျရင် နင့်ကိုပါ လူစိတ်ဝင်စားအောင်လို့ စင်ပေါ်ကို ဒီလိုခေါ်မယ်
" လုပ်စမ်းပါဦး "
ကျွန်တော်က ဟန်ပါပါဖြင့်.....
" ကျွန်တော် စင်ပေါ်မှာ တစ်ခါမှမဆိုဖူးတဲ့ သီချင်းတစ်ပုဒ်ကို တစ်ခါမှမဆိုဖူးတဲ့ကောင်မလေး တစ်ယောက်နဲ့ တစ်ခါမှမဆိုတော့ပါဘူးဗျာ...
ဒါပေမယ့် အဲဒီ့ကောင်မလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အဲဒီ့ကော
" မသာကောင်........လဒ.........
..............................
ခုတော့ ကျီးကန်းက သူထပ်ချောသော ကောာင်လေးတစ်ယောက်ကို ဖမ်းဥထားသည်။ ကောင်လေးက သင်္ဘောသီးသည် အဲလေ သင်္ဘောသား။ သူ့ကိုလည်း တော်တော်ချစ်ပုံရပါသည်။ ကျီးကန်း ဘဲဥ ချီလာပြီ ဟုဆိုလျှင်...ချစ်ခြင်းအားဖြင့်
ကျွန်တော့်သူငယ်ချင်းများထဲတွင်
ဘယ်သူမှလည်း မနာကြပါ။ စလုံး နေရာတွင် သ ကို အစားထိုးခြင်းဖြင့် "သောက်ကောင်စုတ်ကြီး" ဟုလည်း ယဉ်ယဉ်ကျေးကျေး ဆဲလေ့ရှိသည်။ ဤအချက်ကိုမည်သူက စလိုက်သည် မသိသော်လည်း " စ " အစား " သ " ကို အစားထိုးလိုက်ခြင်းသည် အနည်းငယ်ပို၍ နားခံသာကြောင်း အားလုံး၏ မသိစိတ်ထဲတွင် တညီတညွတ်ထဲ လက်ခံပြီးသားဖြစ်နေသည်။ ယနေ့ အင်တာနက်ခေတ်တွင်မူ
မည်သူက ထွင်လိုက်မှန်းမသိသော ဒေါ်လာ၏သင်္ကေတ $ ကို အစားထိုးသုံးစွဲကြပြန်လေသည်။ $ ရေးမပါတာ $ ဂရုမစိုက်ဘူး စသဖြင့်လည်း ယဉ်ကျေးစွာ ဆဲဆိုနေကြသည်ကိုလည်းတွေ့နိုင်ပါ
ဒါသူတို့ ငွေ မမက်ဘူးဆိုတာ ရေးထားကြတာပဲ " ဟု မောင်လင်းနစ် အထင်ရောက်ခဲ့ ဖူးလေသည်။ (အင်တာနက်ပေါ်၌ ဆဲဆိုခြင်းကို နောက်အခန်းတွင် အကျယ်ဆက်ရေးပါမည်။)
အခုတော့ ချစ်ခြင်းအားဖြင့် ဆဲဆိုဖူးကြသော သူငယ်ချင်းတွေ အရင်လောက် သိပ်မဆုံဖြစ်ကြတော့။ အောင်သူက မိန်းမရသွားပြီဖြစ်သည်။ မကြာမီပင် ကလေးအဖေဖြစ်တော့မည်။ ဖုန်းနှင့်တော့ ချစ်ခြင်းအားဖြင့် အဆဲမပျက်ကြသေးပေ။ နောင်နောင်က မလေးရှားမှာ။ ကိုဘချောကတော့ ကျိုက်ထီးရိုး ရသေ့တောင်မှာ ဘုန်းကြီးအပြီးဝတ်သွားသည်။ မိသိမ့်၊ချစ်ပွင့်၊ခိုင်လေး တို့ကတော့ FaceBook သုံးတော့ အွန်လိုင်းမှာတော့တွေ့သေးသည်။ ချစ်ပွင့် FaceBook က Chit Pwint ။ ခိုင်လေး ကလည်း Khaing Lay ပဲ။ ဒန်ပေါက်ကို ဝက်သားနဲ့မေးတဲ့ မိသိမ့် ကျမှ ဘာတဲ့ သူ့ကိုယ်သူ ကာရန်လေး(Karyanlay Lay)ဆိုပြီး ဖြစ်သွားသည်။ လုံးဝ လမိုင်းမကပ်။(မသကာ ချင်ပန်ဇီလေးတို့၊ဝက်စတူးလေး တို့ဆိုတော်သေး :P)
ချစ်ခြင်းအားဖြင့် ဆဲဆိုခဲ့ကြသောသူငယ်ချင်းများအား
(သင်ကိုယ်တိုင်လည်း ချစ်ခြင်းအားဖြင့် ဆဲဆိုဖူးသူ(သို့)အဆဲခံရဖူးသူ ဖြစ်နိုင်ပါသည်။)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အခန်း(၄)
အင်တာနက်ပေါ်၌ဆဲခြင်း
ယနေ့ခေတ် တိုးတက်ပြောင်းလဲလာသော ဆက်သွယ်မှုပုံစံများနှင့်အတူ ဆဲဆိုခြင်းသည်လည်း အင်တာနက်ပေါ်ရောက်သည်အထိ အဆင့်မြင့်လာရလေသည်။ ကျွန်တော်တို့ အင်တာနက် စသုံးစဉ်အချိန်က G-mail,G-talk များဖြင့်သာဆက်သွယ်ခဲ့ကြသော်လည်
" ဆဲတယ်ဆိုတာ ပါးစပ်ကဆဲတာ ဝစီကံပေါ့ " ဟု ယေဘူရအားဖြင့် ထင်ဖွယ်ရာရှိပါသည်။ သို့ရာတွင် မနောကံဖြင့် စိတ်ထဲကကျိတ်ဆဲခြင်း(ဥပမာ- မင်္ဂလာပါ ဟုပါးစပ်က နှုတ်ဆက်နေသော်လည်း " သေချင်းဆိုးကြီး သူများ မသထာရေစာတွေစားပြီးဝနေလိုက်တာ သူကျတော့ ထမင်းမစားတာလိုက်လို့ " ဟု စိတ်ထဲကကျိတ်ဆဲနေနိုင်သည်)၊ ကာယကံမြောက်ဆဲခြင်း(ဥပမာ- လက်ခလယ်ထောင်ပြခြင်း၊မတော်ရာကို
ကိုယ်ချင်းစာတရားရှိကြလျှင် အဆဲနည်းသွားနိုင်သည်။
မောင်လင်းနစ် FaceBook စသုံးထဲက မည်သူ့ကိုမျှမဆဲဖူးပေ။ (ဆဲချင်စရာများတွေ့လျှင်လည်း အောင့်ထားနိုင်သောကြောင့်လည်းဖြ
ပျော်ပျော်နေတတ်သောကြောင့်လားမသ
လင်းနစ်
PM 5:57
21.8.12
စာကြွင်း- " မင်းကို ဆဲချင်လို့ခွေထုတ်ပေးတာကွ လန ရဲ့" ဟူသော ကိုအောင်မင်းသိဏ်း(ကျွန်တော့် ဒုတိယတစ်ကိုယ်တော် နာရီလက်တံ ၏ ပရိုဂျူဆာ)Aung Min Thein ၏ စကားကို ထောက်ရှုခြင်းအားဖြင့် ငွေကုန်ကြေးကျခံ၍ အဆဲဝါသနာကြီးသူများလည်းရှိကြောင
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။