Ads (728x90)


အကောင်ကြီးသော တိရိစ္ဆာန်များအသင်းနှင့် အကောင်သေးသော တိရိစ္ဆာန်များအသင်းတို့ကြား

ဘောလုံးပွဲ ကျင်းပရန် တိရိစ္ဆာန်ထု ဆုံးဖြတ်လိုက်ကြသည်။

ပွဲစသည်နှင့် တိရိစ္ဆာန်ကြီးများအသင်းက ဖိကစားသည်။ တိရိစ္ဆာန်ငယ်များ အသေအလဲ ခုခံကြရသည်။

ပထမပိုင်း အပြီးတွင် တိရိစ္ဆာန်ကြီးများ အသင်းက တစ်ဂိုး-ဂိုးမရှိ ဖြင့် ဦးဆောင်နေလျက်ရှိသည်။

ဒုတိယပိုင်း စသည်။

ဆင်သည် ကွင်းလယ်မှ နေ၍ ဘောလုံးကိုသယ်လာသည်။ ရုတ်တရက် တစ်ဘက်အသင်းမှ

ကစားသမားက ဆင်၏ခြေထောက်မှ ဘောလုံးကို လုယူလိုက်သည်။

ထို့နောက် တအားကျုံးကန်လိုက်ရာ ဘောလုံးသည် တိရိစ္ဆာန်ကြီးများအသင်း၏ ဂိုးထဲ ရောက်သွားတော့သည်။

ယင်ကောင် သည် ကစားဖော်ကို မေးသည်။

“ ဘယ်သူ ဂိုးသွင်းလိုက်တာလဲ ကွ”

ကစားဖော် ကင်းခြေများက ဖြေသည်။

“ငါပဲ”

ဆက်ကစားကြသည်။ရေကြံ့ကြီး ဘယ်တောင်ပံကို ဖြတ်၍ ဘောလုံးကို ဂိုးရှေ့တည့်တည့်သို့ ယူလာသည်။

ဂိုးရှေ့တည့်တည့်ရောက်လာသည်။ဂိုးသမားနှင့် နှစ်ဦးချင်း ရင်ဆိုင်တွေ့ကြသည်။

ဂိုးသွင်းရန်အတွက် မိမိ၏ ခြေပြားကြီးကို မြှောက်လိုက်သည်။

ခြေပြားနှင့် ဘောလုံးမထိခင်လေး တွက် ဘောလုံးကို တစ်ဘက်မှ လုယူသွားသည်။ကြမ်းပိုးကမေးသည်။

“ဘယ်သူလုယူလိုက်တာလဲ ကွ”

ကင်းခြေများက ဖြေသည်။

“ငါပဲ”

ရေမြင်းနှင့် ဝက်ဝံတို့ နှစ်ဦးသားး အချိတ်အဆက်မိမိထိုးစစ်ဆင်သည်။

ရေမြင်းက ရှေ့မှနေ၍ တစ်ဘက်အသင်းမှ ဘောလုံးသမားတို့ကို တွန်းတိုက်ပြီး လမ်းရှင်းပေးသည်။

ဝက်ဝံကနောက်မှနေ၍ ဘောလုံးကိုယူလာသည်။ရှေ့တွင်အတားအဆီးမရှိတော့……..

မုချဂိုးတော့မည်ဟု ပရိသတ်အားလုံးသဘောပေါက်လိုက်ကြသည်။

သို့သော် မမျှော်လင့်တာ ဖြစ်သည်။ကင်းခြေများက ဘယ်ဘက်မှပေါ်လာသည်မသိ ။

ဝက်ဝံ ၏ခြေထောက်မှဘောလုံးကို ပါးနပ်စွာ လုယူလိုက်ပြီး တစ်ဘက်ဂိုးဆီသို့

တစ်ရှိန်ထိုးပြေးကာ အနီးကပ်ကန်သွင်းလိုက်သည်။

“ဂိုးးးးးးးးးဂိုးးးးးးး”

တိရိစ္ဆာန်ငယ်များ ၂-၁ ဂိုးဖြင့် အနိုင်ရလိုက်သည်။

အဝတ်အစားလဲသည့်အခန်းတွင် ယင်ကောင်က ကင်းခြေများကို မေးသည်။

“နေပါဦး…..ပွဲပထမပိုင်းမှာ မင်းကို မမြင်ပါလား”

ကင်းခြေများက အေးအေးဆေးဆေး ပြန်ဖြေသည်။

“ဘယ်တွေ့မလဲ ……ငါဖိနပ်စီးနေတယ်လေ..”

(ကင်းခြေများတွင် ခြေထောက်အချောင်း ၄၀ ရှိသည်ဟု အဆိုရှိသည်)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...