Advertiser
ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏
အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏
ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏
ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏
ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ
ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ
ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏
ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏
ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
...... ....
Related Posts
- Aung Kyaw Soe15 Jun 2017မတင်ညွှန့် 
မတင်ညွန့် မတင်ညွန့် အသက် ၅၀ ကျော်မှ ကံပေါ်ရှာတယ်။ ရွာမှာတော့ အနေကျုံ့သူတစ်ဦး။ ရွာမှာဆိုရင်တော့ င...
- Aung Kyaw Soe02 Aug 2016သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းမည့် သတင်း နှင့် စိုပြေအမြင်
သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းမည့် သတင်းတွေ့သော အခါ စိုပြေ စိတ်ဆိုးသွားသည်။ တော်တော်ကို အသိဥာဏ...
- Aung Kyaw Soe10 May 2016မိန်းမနိုင်နည်း
၁ - ဘယ်တော့မှ ဦးစားမပေးပါနဲ့ မနက်စာပြင်ဆင်တဲ့အခါမျိုး ကိုယ်တိုင်ထ'လုပ်ပစ်လိုက်ပါ ၂ - စကားကို ...
- Aung Kyaw Soe10 Apr 2016(၁၂)ရာသီခွင် ဟာသ
ရာသီခွင်ဟာသဆိုပေမဲ့ ရာသီတစ်ခုချင်းစီရဲ့စရိုက်ကို ဖော်ကျူးရာမှာ အရမ်းမှန်ကန်ပါတယ်ဗျ (၁) Aries ...
- Anonymous18 Nov 2014ညီလေးများသို့ ပေးသည့်စာ
ညီလေးရေ...အမျိုးသားပညာရေးဥပဒေမူကြမ်းကြီးကြောင့် မင်းတို့ ရဲ့ တက္ကသိုလ်အသီးသီးမှာ ကျောင်းပျက်ရက်လံ...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။