လှပချင်သူများမို့ လက်သည်းခြေသည်း ဒီဇိုင်းလှလှလေးတွေကို စိတ်ဝင်စားသူများလာခဲ့တာ မဆန်းလှပါဘူး။ နောက်ဆုံးပေါ် Nail Art
ဒီဇိုင်းလေးတွေကလည်း စိတ်ဝင်စားစရာကောင်းလောက်အောင်
ဆွဲဆောင်မှုရှိပါတယ်။ လန်းလွန်းတဲ့ Accessoriesတွေနဲ့ ဖန်တီးထားတဲ့ လက်ကလေးတွေက ငေးမောချင်စရာ ကောင်းသလို၊ ဆေးပန်းချီနဲ့ ရိုးရိုးလေးဖန်တီးနိုင်တဲ့ ပုံစံလေးတွေကလည်း
ခေတ်မီလှပစေနိုင်ပါတယ်။ Nail Artကို အိမ်မှာပဲ အလွယ်တကူရေးဆွဲချင်သူတိုင်းအတွက် ရိုးရှင်းလွယ်ကူတဲ့ ကျားသစ်ကွက်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်တွေကြိုက်တဲ့ ဒီဇိုင်းလေး ဖြစ်မယ်လို့ Thinzar မျှော်လင့်ပါတယ်။ လွယ်လင့်တကူဆွဲနိုင်ပြီး တကယ့်ကို ပွဲတိုးတဲ့ပုံလေးမို့ လိုက်ဆွဲကြည့်ဖို့ မမေ့လိုက်နဲ့နော်။
The requirements of Nail Art
2.Nail Polish (ပန်းရောင်)
3.လက်သည်းပုံဖော် စုတ်တံ
4.Acrylic Colours (အနက်ရောင်၊အညိုရောင်)
5.Top Coat
How to make it
ကာကွယ်ပေးပါတယ်။
(2)ခြောက်သွားပြီဆိုရင် ဆိုးဆေးပန်းရောင်ကလေး ဆိုးလိုက်ပါမယ်။ ဆိုးဆေးအရောင်ကြောင့် ကျန်းမာတဲ့ လက်သည်းခွံပန်းရောင်ပုံစံလေး ထွက်လာမှာပါ။
(3)ဆိုးဆေးတွေ ခြောက်သွားပြီဆိုရင် ရေဆေးအညိုဖျော့ရောင် (သို့မဟုတ်) ပန်းရောင်ဖျော့ကလေးနဲ့ အကွက်တုံးလေးတွေ ဆွဲပေးပါတယ်။ အကွက်လေးတွေ ညီညာစရာမလိုပါဘူး။ မညီမညာဖြစ်အောင် တမင်ဆွဲပေးရမှာပါ။ (စုတ်တံလေးကို ရေနဲ့ မကြာခဏ ဆေးဆေးပြီး သုံးပေးရပါတယ် ဒါမှ ဆေးတွေ ခြောက်ပြီး အတုံးအခဲ ဖြစ်မသွားမှာပါ)
(4) ဆယ်ချောင်းလုံး အကွက်လေးတွေ ဆွဲပြီးပြီဆိုရင်တော့ အနက်ရောင်လေးနဲ့ ဟိုတစ်ကွက် သည်တစ်ကွက် ဘောင်ခတ်ပေးရပါမယ်။ အနက်ရောင်လေးကို အတုံးလိုက်မဖြစ်အောင်တော့ သတိထားသင့်ပါတယ်။ အဖျားလေးတွေကို နည်းနည်းသွယ်ပေးပါ။ ဒီလိုဆို လှပတဲ့ ကျားသစ်ကွက် ဒီဇိုင်းလေး ပုံပေါ်လာမှာ ဖြစ်ပါတယ်။
(5) ကျားသစ်ကွက်လေးတွေပုံဖော်ပြီးသွားရင် လက်သည်းအရောင် ပိုမိုတောက်ပလာစေဖို့နဲ့ ကြာရှည်ခံဖို့အတွက် Top Coat အကြည်ရောင်လေးကို ဆိုးပေးရမှာပါ။ Top Coatမဆိုးဘူးဆိုရင် လက်သည်းပန်းချီဟာ ၁ရက် ၂ရက်အတွင်း ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် လက်သည်းပုံဖော်ပြီးရင် မဖြစ်မနေ Top Coatဆိုးပေးရပါမယ်။
(6) အခုဆို ပြီးပြည့်စုံတဲ့ ပန်းချီပုံလေးတစ်ခု ရပါပြီ။ကျားသစ်ကွက်ပန်းချီကို လက်သည်းမရှည်တဲ့လက်ကလေးမှာလည်း ပုံဖော်လို့ရပါတယ်။ လက်သည်းနဲ့ခြေသည်း ဆင်တူလေးပုံဖော်ထားမယ်ဆို တကယ့်ကို ချစ်စရာကောင်းနေမှာပါ။
ခုဆို လှပခေတ်မှီတဲ့ လက်သည်းလှလှလေးတစ်စုံကို ကိုယ်တိုင်ဖန်တီးနိုင်ပြီပေါ့။ ချွင်းချက်အနေနဲ့ ပန်းချီဆွဲရာမှာ လက်သည်းဆိုးဆေးကို မသုံးပဲ Nail Artအတွက် သီးသန့်သုံးရတဲ့ Acrylic Colours ကိုသာ အသုံးပြုဖို့
အကြုံပြုလိုက်ပါရစေ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။