Ads (728x90)


27.9.2014-5

ပျောက်ဆုံးနေသော သဘာဝခေါ်သံဖောင်ဒေးရှင်းမှ တောင်တက်သမား ၂ ဦးနှင့် ပတ်သတ်၍ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်မည့် ဂျပန်တောင်တက်အဖွဲ့အား ၄င်းတို့ တက်ရောက်ရာ လမ်းကြောင်းတလျှောက် ရှာဖွေပေးသွားရန် အကူအညီတောင်းခံခဲ့ပါသည်။

ဂျပန်တောင်တက်အဖွဲ့တွင် တောင်တက်အဖွဲ့ဝင် (၁၁) ဦးပါဝင်ပြီး ၎င်းတောင်တက်အဖွဲ့နှင့် ဒေသခံ အထမ်းသမား စုစုပေါင်း (၆၃) ဦးတို့သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင် အမြင့်ပေ (၁၃၂၀၀) ရှိ Base Camp သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အဆိုပါ ဂျပန်တောင်တက်အဖွဲ့မှ အဖွဲ့ဝင် သုံးဦးတို့သည် တောင်ထိပ်သို့ ဆက်လက် တက်ရောက်မည်ဖြစ်ပြီး တစ်ဖက်မှလည်း ပျောက်ဆုံးနေသော တောင်တက်သမား ၂ ဦးကိုပါ ရှာဖွေ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် National Geographic Channel မှ အဖွဲ့ဝင် ၆ ဦးပါ အမေရိကန် ဝါရင့် ကျွမ်းကျင်တောင်တက် ကယ်ဆယ်ရေးအဖွဲ့သည်လည်း ပူတာအိုတွင် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့သားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ၄င်းတို့အား ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပြီး အဆိုပါ အမေရိကန်တောင်တက်အဖွဲ့အတွက် လိုအပ်သည့် သတင်းအချက်အလက်များနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပါသည်။

၎င်း အမေရိကန်တောင်တက် ကယ်ဆယ်ရေးအဖွဲ့သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပူတာအိုမှ ဆိုင်ကယ်များဖြင့် စတင်ထွက်ခွါခဲ့ကြပြီး လမ်းခရီးတွင် ဒေသခံအထမ်းသမားများ လိုအပ်လာသည့်အတွက် ထူးဖောင်ဒေးရှင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ကူညီစီစဉ်ပေးခဲ့၍ ယခုအခါ ခါကာဘိုရာဇီတောင်ခြေရှိ Base Camp သို့ ဒေသခံအထမ်းသမား(၃ဝ) ဦး တို့ဖြင့် တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

Ref ;  +HTOO Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...