Ads (728x90)


#တနင်္ဂနွေ
ဒီကာလဟာတနင်္ဂနွေသားသမီးတွေအနေနဲ့ အရာတိုင်းနှေးကွေးလေးလံစွာအကျိုးပေးနေချိန်ပါ။ ကြီးမားစွာအကျိုးဖြစ်ထွန်းမှုတွေမရှိနိုင်သေးပါဘူး။ စိတ်ညစ်စရာကတော့ အိမ်တွင်းရေးအပူတွေ့တတ်ပါတ
ယ်။ လုပ်ငန်းတိုးချဲ့တာ အလုပ်ထဲမှာ ထပ်ပြီးရင်းနှီးမြုပ်နှံတာမျိုးမလုပ်သင့်တဲ့အချိန်ကာလပါပဲ။ အလုပ်များ
ရတတ်ပါတယ်။ လူငယ်များ အိမ်မကပ်ချင်ဖြစ်နေတတ်ပါတယ်။ စိတ်လေ စိတ်လွင့်ဖြစ်နေတာမျိုးပေါ့။
ကျန်းမာရေးအထူးကောင်းနေလိမ့်မယ်။ လူမျိုးခြား အကျိုးပေးမယ်။ ငွေကြေးချေးငှားခြင်းမလုပ်ပါနဲ့။ ရလာသော လာဘ်ဦးလာဘ်ဖျားငွေကို လှူပြီးမှသုံးပါ။
ပညာသင်ချင်စိတ်ကုန်နေတတ်တယ်။ အချစ်ရေးကတော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။
အကျိုးပေးဂဏန်း ၈/၉/၎
အထူးဟော ငွေကြေးကိုမဖြုန်းမိပါစေနဲ့
ယတြာ ကြာသပတေးသားတစ်ယောက်ကို
ဘာသာရေးစာအုပ် ဓမ္မဒါနပြုလိုက်ပါ။
#တနင်္လာ
လုပ်ငန်းရှင်များ စီးပွားရေးကောင်းပြီး ငွေမနိုင်ဖြစ်ရတတ်တယ်။ ငွေကြေးတွေ စုဆောင်းရခက်နေလိမ့်မယ်။ ရစရာ ရှိသောငွေကြေးများပြန်တောင်းရခက်ခဲနေချိန်ပါ။ ဝန်ထမ်းများ စကားအပြောအဆိုဆင်ခြင်ပါ။ အထက်လူကြီးနဲ့ စကားအခြေအတင်များရပြီး မိမိအလုပ်ထိခိုက်နိုင်လို့ပါပဲ။ ကျန်းမာရေးအထူးဂရုစိုက်လိုက်ပါ။ မထင်မှတ်ဘဲ ရောဂါရက်ရှည်ဖြစ်လိမ့်မယ်။ ဆေးမြီးတိုနဲ့ မပျောက်နိုင်တဲ့ကာလဆိုတော့ ရောဂါဖြစ်ပြီးဆို ဆရာဝန်နဲ့သာ ပြပါ။မပေါ့ပါနဲ့။ ပညာရေးကောင်းပေမဲ့ ဆရာကမိမိကိုဂရုမစိုက်နိုင်တာ လျစ်လျူ ရှုထားမိသလိုဖြစ်သွားတာမျိုးကြုံရနိုင်ဖွယ်ရှိနေပါတယ်။ အချစ်ရေးမှာ လမ်းခွဲစကားတွေပြောခံရသည်အထိ ညံ့နေတတ်ပါတယ်။
အကျိုးပေးဂဏန်း- ၃/၆/၎
အထူးဟော -ကျန်းမာရေးဂရုစိုက်ပါ
ယတြာ - သင့်တင့်လျောက်ပတ်သောနေရာ၌
အာနာပါန ရှုပေးတာမျိုးခဏခဏလုပ်ပါ
#အင်္ဂါ
မျှော်လင့်ထားတာ ၊ရည်မှန်းထားတာတွေ ပြည့်မြောက်ပါလိမ့်မယ်။ မိမိအကြံပေးလမ်းညွှန်မှုကြောင့် အခြားသူတွေ အဆင်ပြေအောင်မြင်မဲ့အချိန်ပါ။ ကောင်းသောခရီး ၊ ဘုရားဖူးခရီးတွေလဲသွားရဖို့ကြုံလာတတ်ပါတယ်။ အလုပ်စီးပွားတိုးတတ်လိမ့်မယ်။ ဘာသာရေးနဲ့ပက်သက်ပြီး ကုသိုလ်ထူးတွေ
ရလိမ့်မယ်။ ချင့်ချိန်သုံးသပ်ပြီး ခေါင်းအေးအေးလုပ်နိုင်လေ အကျိုးပေးလေပါပဲ။ ပညာရေးနဲ့ပက်သက်ပြီး
ရင်လောက်မှန်းမှ ဒူးလောက်ရမဲ့အချိန်ပါ။ စာမေးပွဲကိစ္စ အင်တာဗျုးကိစ္စတွေမှာ ခက်ခက်ခဲခဲကြိုးစားမှ
အောင်မြင်လိမ့်မယ်။ အချစ်ရေးကံကတော့အလွန်ပဲ
ကောင်းမွန်လာပါပြီ။ မင်္ဂလာကိစ္စ အလှူကိစ္စတွေလဲ
လုပ်ဖြစ်နေမဲ့အချိန်ပါ။
အကျိုးပေးဂဏန်း ၇/၀/၃
အထူးဟော ကံကောင်းနေချိန်ပါပဲ
ယတြာ စံပယ်ပန်း လေးတွေကို အိမ်ကဘုရားမှာ ပန်းမွေ့ယာခင်းပြီးလှူဒါန်းပေးပါ။
#ဗုဒ္ဓဟူး
အဖိုးတန်လက်ဝတ်ရတနာများဝင်လာတတ်သည်။
ရွှေဝင်လိမ့်မည်။ မိသားစုအတွင်း အတွင်းပျော်ရွှင်စရာကိစ္စများကြုံရမည်။ သားသမီးကြောင့်ဂုဏ်တတ်လိမ့်မည်။ အိမ်ထောင်သည်ပဲဖြစ်ဖြစ် လူလွတ်ပဲဖြစ်ဖြစ်အနေနီးသူနဲ့ငြိစွန်းလွယ်တဲ့ကာလပါ။ လူမျိုးခြား
တိုင်းရင်သားတွေရဲ့ ကူညီမစခြင်းခံရပါလိမ့်မယ်။
စီးပွားရေးအထူးကောင်းနေချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများအကျိုးအမြတ်များစွာဖြစ်ထွန်းပါလိမ့်မည်။
လက်ရှိချစ်သူထက် နောက်မှပေါက်တဲ့ ရွှေကြာပင်ကိုဦးစားပေးနေမိတတ်ပါတယ်။ ကျန်းမာရေးကတော့အားနည်းနေပေမဲ့ မတ်တပ်ဖျား မတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ပညာရေးကံမြင့်မားနေတဲ့အချိန်ပါပဲ။ ဆုထူး ဂုဏ်ထူးများရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၅/၆/၎
အထူးဟော စန်းပွင့်နေမည်
ယတြာ လက်ဖက်ထမင်းဘုရားကပ်လှူပေးပါ။
#ကြာသပတေး
ကံအားနည်းမှုတွေရှိနေတတ်တဲ့ကာလပါပဲ။ ရှေးတိုးဆောင်ရွက်မှုတွေ အရမ်းမလုပ်သင့်တဲ့ကာလပါပဲ
အလုပ်မှား အရောင်းအဝယ်မှားတွေဖြစ်တတ်ပါတယ်။ ဖြန့်ဖြူးရေးလုပ်ငန်း ၊ ကိုယ်စားလှယ်လုပ်ငန်းလုပ်သူများ ငွေပေးငွေယူသတိရှိပါ။ ပညာရေးကဏ္ဍအထူးညံ့နေချိန်ပါပဲ ။ သတိထားစရာတစ်ခုက ယာဉ်ကား သတိထားမောင်းနှင်ပါ။ ကားအချင်းချင်း ပွတ်မိ
တိုက်မိဖြစ်တတ်လို့ပါပဲ။ လူမှုရေးကိစ္စများရှုပ်ထွေးမှုတွေရှိနေတတ်ပါတယ်။ ဓားခုတ်ရာ လက်လျှိုမိတတ်တဲ့အတွက် ဆင်ခြင်နေတာအကောင်းဆုံးပါပဲ။ စက်ပစ္စည်းအသစ်တော့ ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားတွေရဲ့အကူအညီတော့ရပါလိမ့်မယ်ဗျာ။
အကျိုးပေးဂဏန်း ၆/၃/၉
အထူးဟော ကံညံ့နေသည်
ယတြာ ရေနေသတ္တဝါလေးများကိုအာဟာရဒါနပြုပါ
#သောကြာ
သတိရစရာကိစ္စများ အတိတ်ကလွမ်းမောစရာများကို ပြန်လည်အမှတ်ရတမ်းတနေမိတတ်ပါတယ်။
ဘယ်အရာကိစ္စပဲဖြစ်ဖြစ် ပထမခြေလှမ်းအနေနဲ့စတင်လို့အကောင်းဆုံးကာလပါပဲ။ ခရီးကောင်းတွေသွားရတတ်တယ်။ ခရီးသွားခြင်းကလဲ မိမိရဲ့ကံကိုကောင်းလာစေပါလိမ့်မယ်။ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ကူညီစောင်မခြင်းတွေရပါလိမ့်မယ်။ နိုင်ငံခြားကိစ္စ
ရပ်ဝေးနယ်ခြားသွားရောက်လုပ်ကိုင်ရသောကိစ္စရပ်
များအထူးကောင်းပါလိမ့်မယ်။ ပညာရေးကံမကောင်းပေမဲ့ ပညာရပ်တစ်ခုစတင်သင်ကြားခြင်းကတော့
မိမိအတွက်ရေရှည်အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေပေမဲ့ ချစ်သူနဲ့တော့ အနေဝေးနေ
ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၆/၅/၂
အထူးဟော ကံသင့်ပါသည်။
ယတြာ ဘုရားမှာ ရွှေထီး၎လက်လှူပေးပါ
#စနေ
စီးပွားရေးအထူးအားကောင်းနေချိန်ပါ။လုပ်တိုင်းဖြစ်နေတတ်ပါတယ်။ မိမိဆိုင်လဲ လူစည်ကား မိတ်များနေပါလိမ့်မယ်။ အရောင်းအဝယ်တွေလဲကောင်းလာဖို့ရှိနေပါတယ်။ စက်ပစ္စည်းအသစ်တွေဝယ်ဖြစ်နေပါလိမ့်မယ်။ သားသမီးဆီမှကူညီထောက်ပံ့မှုရပါလိမ့်မယ်။ လက်အောက်ငယ်သားတွေနဲ့ အတူတွဲလုပ်
ပြီးတော့ အောင်မြင်မှုတွေရလာပါလိမ့်မယ်။ အခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်ပါလိမ့်မယ်။
အချစ်ရေးအနေနဲ့ အနေနီးတဲ့ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေဝေးသူတွေအတွက် သံသယဝင်စရာကိစ္စမျိုးတွေကြံရနိုင်ဖွယ်ရှိနေပါတယ်။ ကျန်းမာရေးကတော့ ဂရုစိုက်စေချင်ပါတယ်။ ပညာရေးကံအထူးကောင်းမွန်နေတာမျိုးတွေ့ရပါတယ်ဗျာ။

အကျိုးပေးဂဏန်း ၀/၇/၃
အထူးဟော စီးပွားကံကောင်းမည်။
ယတြာ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူ ပေးပါ

ဆရာ ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...