"မဘသ" ဆိုတာ ဘာလို့ ပေါ်လာရတာလဲ ဘာလို့ ရှိနေသင့်တာလဲဆိုတာသိဖို့ 
အောက်က ကိုသက်မျိုးဦး ရေးထားတာလေးကိုဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ် "မဘသ" အကြောင်း ဂဃနဏ မသိပါပဲ ဝေဖန်နေတာတွေ ပြောဆိုအပြစ်တင်နေတဲ့သူတွေအနေနဲ့  စဉ်းစားတွေးခေါ်တတ်တဲ့ အသိဥာဏ်ရှိတယ်ဆိုရင် "မဘသ" အဖွဲ့ အစည်းကို နားလည်သွားပါလိမ့်မယ်။
"အမျိုးကိုချစ်သူတွေ အမျိုးစစ်သူတွေ" ဆိုရင်တော့ "မဘသ" ကိုလက်ခံလာကြပါလိမ့်မယ် မြန်မာပြည်မှာ "မဘသ" လိုအဖွဲ့ အစည်း(အသင်းအဖွဲ့ မျိုး) ရှိခဲ့သင့်ခဲ့တာကြာပီ ရှိလာတဲ့အချိန်မှာလဲ တန်ဖိုးထားပြီး ရေရှည်တည်မြဲ(တည်ရှိသွားအောင်) ၀ိုင်းဝန်းပြီး ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။
တစ်ချို့ သောသူတွေကတော့ မဖြစ်သေးတာတွေ တွေးပူမနေစမ်းပါနဲ့ 
ဘာသာနဲ့ လူမျိုးဆိုတာ မပျောက်နိုင်ဘူး လို့  ပါးစပ်ပြောသာပြောနေကြတာပါ
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိတယ်ဆိုတာကို လက်ခံလာတဲ့တစ်နေ့  ဒီအသင်းအဖွဲ့ ဟာ ဒီနိုင်ငံ ဒီလူမျိုးတွေအတွက်တော့ မရှိမဖြစ်ပါလား ဆိုတာကို နားလည်သဘောပေါက်သွားကြပါလိမ့်မယ်။
လူမျိုးနဲ့ ဘာသာကို ကာကွယ်ပေးတဲ့ "မဘသ" လိုအဖွဲ့ အစည်းမျိုး မရှိခဲ့တဲ့ နိုင်ငံအချို့ မှာ လူမျိုးလည်းပျောက် ဘာသာလည်းပျောက်ခဲ့ရတဲ့ သမိုင်းကြောင်းတွေရှိပါတယ် ဒီလိုသမိုင်းကြောင်းတွေကို သိရှိထားကြဖို့ လိုပါတယ် မဖြစ်ခင်က ကြိုတင်တားထားဖို့ လိုပါတယ် ဖြစ်လာတော့မှ ဖြစ်ပြီးတော့မှ တစ်ကယ် ဖြစ်လာတာပါလားဆိုတဲ့ နှောင်းနောင်တတွေမရမိကြဖို့ လိုပါတယ်။
မီးလိုပါပဲ မလောင်ခင်ကကြိုတင်တားထားမှ ဖြစ်ပါလိမ့်မယ် လောင်လာပြီ အရှိအဟုန်ပြင်းနေပြီဆိုမှ မလောင်အောင်မယ်ဆိုရင် မလွယ်ကူတဲ့အနေအထားနဲ့ အကုန်လောင်သွားတဲ့အဖြစ်မျိုးကိုပဲ မြင်တွေ့ သွားရဖို့ ရှိပါတယ် ဒါကြောင့် တတ်နိုင်တဲ့နေရာက လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြပါဆိုတာကို တိုက်တွန်းလိုက်ရပါတယ်ဗျာ။
Aung Kyaw Soe
-------------------------------------------------------------------------------------
မင်းတို့ ရွှေတိဂုံ စေတီကြီး မိုးထိုးနေတာ ပြပြပြီး ပျော်မနေနဲ့။ ရွှေတိဂုံထက် ခိုင်မာတဲ့ ကျောက်ထွင်း မတ်ရပ် ဆင်းတုတော်ကြီး အာဖကန်မှာ မရှိတော့ဘူး။ ရွှေတိဂုံကို ရွှေသင်္ကန်း ကပ်ရုံရှိတဲ့ စေတနာလောက်နဲ့ သာသနာ ပြန့်ပွားမယ် ထင်မနေနဲ့။ ကျန်ခဲ့တဲ့ ရာစုနှစ်တွေဆီက အာဖကန်က ကျောက်တောင်ကြီးကို ထွင်းခဲ့တဲ့ စေတနာကို ကြည့်။
အခု ငါတို့ ရောက်နေတဲ့ အခြေအနေမျိုး အာဖကန်မှာလဲ ကြုံဖူးလိမ့်မယ်။
မင်းတို့ ငါတို့ထက် ဗုဒ္ဓကို ကြည်ညိုတဲ့ အာဖကန်သူ၊ အာဖကန်သားတွေလဲ ရှိနေခဲ့ ဖူးလိမ့်မယ်။ သရဏဂုံတောင် မသိပဲ ထေရဝါဒ ထ'အော်တဲ့ အနီကောင်တွေထက် ဆိုးတဲ့ ကောင်တွေလဲ ရှိနေခဲ့ဖူးမယ်။ ဒို့ဆီက လူတချို့လို ဘာသာခြားကို မခို့တရို့ မကုန်းပဲ တစ်ဆုံးခံချင်တဲ့ လူတချို့လဲ ရှိခဲ့ဖူးမှာ အသေအချာပဲ။ သက်ဦးဆံပိုင် စနစ်နဲ့ဆိုတော့ အစိုးရ တစ်ရပ်လုံး ပါသွားရင် ဆုံးပြီလေ၊ အခု ငါတို့ အစိုးရလို မဲခွဲမယ် ဘာမယ်နဲ့ မခို့တရို့ အကွက်တွေ ရှိမယ် မဟုတ်တော့ဘူး။
အဲ့ဒီ့လိုနဲ့ ဘာသာပျောက်ခဲ့ရတာပဲ...
အဲ့အချိန်က အာဖကန်မှာ မဘသလို အဖွဲ့အစည်းမျိုးတော့ လုံးဝ မရှိခဲ့လို့ ဘာသာပျောက်တာဆို မင်း ဘာပြောမလဲ...
သက် မျိုး ဦး
12.7.2016 ( Tue )
12:50 p.m
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။