Ads (728x90)



မဘသ( အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး) နဲ့  မျိုးစောင့်ဥပဒေကို
ကန့် ကွက်နေသူတွေ ဆရာတော် သံဃာတော်တွေကို စော်ကားနေသူတွေ
ဒါမျိုးလေးတွေကို ဖတ်ရှုပြီး အသိဥာဏ်လေးတွေ တိုးပွားပြီး အမှန်ကို အမှန်အတိုင်း
သိရှိ နားလည်ပြီး လက်ခံ နိုင်သွားကြစေဖို့ အတွက် ဒီနေ့ 
New Feeds မှာ ပြန် Share ထားတဲ့ Status လေးရယ်
အဲ့ဒီအောက်က Reply Comment လေးတွေကို ပြန်လည်ပြီးတော့
ကူးယူဖော်ပြလိုက်ပါတယ်။

နောက်ပြီးတော့ ဒီမနက် MNTV မှာလာသွားတဲ့ မဘသ ဆရာတော်ဘုရားတွေရဲ့ 
မဘသ နဲ့  မျိုးစောင့်ဥပဒေတွေအကြောင်းပြောကြားထားတာလေးတွေနဲ့ 
မိန်းကြားသွားခဲ့တာက "ရဟန်း သံဃာတွေကို နိုင်ငံရေး လုပ်တယ် ရဟန်းသံဃာတွေက
ပါတီ မဲဆွယ်သလို မဲလိုက်ဆွယ်နေတယ်ဆိုပြီး ပြောနေကြတယ် ဒါကမှားနေတယ်
ရဟန်းသံဃာတွေက ရဟန်းအလုပ်ပဲ ရဟန်းလုပ်တယ် မီးရထားနဲ့ မီးရထားသံလမ်းလိုပဲ
မီးရထားက မီးရထားလမ်းမှာပဲ သွားတယ် ဘယ်တော့မှလမ်းမလွဲဘူး( ကားလမ်းပေါ်မှာမသွားဘူး )။
ဒါကြောင့် ပါတီအတွက် မဲဆွယ်တယ်လို့ မပြောပါနဲ့ 
ရဟန်းတွေက သမ္မတ တက်လုပ်ချင်နေလို့  အာဏာရချင်နေလို့ 
မျိုးစောင့်ဥပဒေအတွက်လှုပ်ရှားနေကြတာမဟုတ်ဘူး မဘသ ဆိုတဲ့အဖွဲ့ အစည်းနဲ့  မျိုးစောင့်ဥပဒေဆိုတာမနေ့ တစ်နေ့ ကမှထလုပ်တဲ့ အရာမဟုတ်ဘူး လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းကဘုန်းကြီးတို့ ကြိုးစားလာခဲ့ကြတာ။

ဒီနေ့ ဒီအချိန်မှာ အဲ့ဒီဥပဒေကို အတည်ပြုနိုင်ခဲ့လို့ မဘသ အဖွဲ့ ဝင် ရဟန်းနဲ့ ပြည်သူတွေက ကြိုးစားမှုရလာဒ် အတွက် အောင်ပွဲလုပ်ကြတာ
နိုင်ငံရေးနဲ့ မပတ်သက်ဘူး ဘုရားရှင်တောင် လေးသင်္ချေ နဲ့  ကမ္ဘာတစ်သိန်း ပါရမီတွေ
ဖြည့်ကျင့်ခဲ့ပြီးလို့  ဘုရားဖြစ်ပြီဆိုတဲ့အချိန်မှာ ငါ ဘုရားဖြစ်ပြီ ဆိုပြီး ဥဒါန်းကျူးရင့်ခဲ့သေးတာ မဘသ အဖွဲ့ ဝင် ရဟန်းရှင်လူ ပြည်သူတွေက
မျိုးစောင့်ဥပဒေဆိုတာကို ပြဌာန်းဖို့ ကြိုးစားခဲ့ကြတာ ကြာပြီ ခုချိန်မှာပြဌာန်းနိုင်ခဲ့တဲ့
အတွက် မဘသဆိုတာ ဘာလည်း မျိုးစောင့်ဥပဒေဆိုတာ ဘာလည်းသိကြစေဖို့ 
ဒီလို အောင်ပွဲ ပြုလုပ်တာ အဲ့ဒီအောင်ပွဲအတွက် ဥဒါန်းကျူးရင်းတဲ့သဘောပဲ။

အဲ့ဒီနေ့ မှာ မီဒီယာပေါင်းစုံ ဘာသာပေါင်းစုံ ပါတီပေါင်းစုံ
အားလုံးကို ဖိတ်ခေါ်ထားတယ် မရှင်းတာကို မေးလို့ ရတယ်ဖြေကြားဖို့ အဆင့်သင့်ပဲ
မသိတာဆိုရင် သိအောင်ပြောပြပေးမယ် ဒါမျိုးတွေ ဖြေကြားပေးဖို့  ဖုန်းနံပတ်တွေလည်း
ဖော်ပြပေးထားတယ် ဘုန်းကြီးတို့ နဲ့  နီးစပ်တဲ့ မီဒီယာတွေကနေလည်း အားလုံးသိအောင်
ပြန်လည်ပြောပြပေးနေတယ် "မဘသ" ဆိုတာ ဘုန်းကြီးတို့  မွေးဖွားလိုက်တဲ့
ရင်သွေးလေး တစ်ဦးပဲ သူနို့ ဆာချိန်မှာ သူ့ ကိုနို့ တိုက်မယ် အာဟာရလိုအပ်နေချိန်မှာ
အာဟာရ တိုက်ကျွေးမယ် ပညာသင်ချိန်မှာ ပညာသင်ပေးမယ် ဒါက ဘုန်းကြီးတို့ မှ
မဟုတ်ဘူး ရဟန်းဒါယိကာ ဒါယိကာမတွေနဲ့  မြန်မာပြည်သူပြည်သားတွေအားလုံးက
ဒီ "မဘသ" ဆိုတဲ့ ရင်သွေးလေးကို ၀ိုင်းဝန်းစောင့်ရှောက်သွားကြဖို့ လိုတယ်။
ဟိုတုန်းက ရှိခဲ့ဘူးတယ် နိုင်ငံတော်ဘာသာနေ့  ဆိုပြီး သတ်မှတ်ပေးခဲ့ဖူးပေမယ့်
စောင့်ရှောက်မယ့်သူမရှိတော့ ခုချိန်မှာ အဲ့ဒါကို သိတဲ့သူတောင် နည်းသွားပြီ
မရှိသလောက်ကိုရှားသွားပြီ ခု "မဘသ" ဆိုတာကိုတော့ ဘုန်းကြီးတို့  အဲ့လို
အဖြစ်မခံနိုင်ဘူး နိုင်ငံ လူမျိုး နဲ့  ဘာသာ မကွယ်ပျောက်စေဖို့  အဓွံ့ ရှည်ကြာစေဖို့ 
ဘုန်းကြီးတို့  တတ်နိုင်သလောက် ဆောင်ရွက်သွားမယ်။

လက်ရှိ Online မှာ "မဘသ" နဲ့  ဆရာတော်ကြီးတွေကို စော်ကားနေတယ်
တိုက်ခိုက်နေကြတယ် အဲ့ဒီလူတွေကို ဘုန်းကြီးတို့ အပြစ်မမြင်ဘူး သနားတောင်
သနားမိတယ် သူတို့ အဖြစ်က ကျောက်ဆောင်ကို ခေါင်းနဲ့ ဝင်တိုက်နေတဲ့သူလိုပဲ
ဘယ်လောက်တိုက်တိုက် သူတို့ ပဲ အနာတရဖြစ်မှာ ဒါကြောင့် ဘုန်းကြီးတို့ က
သူတို့ ကိုသနားမိတယ် သူတို့ ဘယ်လိုပဲ ပြောဆို တိုက်ခိုက်နေပါစေ သူတို့ ကို
စိတ်မဆိုးဘူး အပြစ်မတင်ဘူး သနားမိလို့  ဒီလိုတွေမလုပ်စေချင်ဘူး ကံ ကံ၏
အကျိုးဆိုတာ ရှိတယ်မလား ဒါကို လက်ခံတဲ့သူက ကိုယ်လုပ်လိုက်တဲ့အရာက
ကိုယ့်ဆီကို ပြန်လာတတ်တယ်ဆိုတာ ယုံကြည်တယ်။

နောက်ဆုံးပြောချင်တာက ဘုန်းကြီးတို့ ပါတီနိုင်ငံရေးမလုပ်ဘူး ဘယ်ပါတီကိုတော့
အားပေးပြီး ဘယ်ပါတီကိုတော့ အားမပေးဘူးလည်းမလုပ်ဘူး ခုအစိုးရရော
နောက်အစိုးရရော ဘယ်အစိုးရပဲတက်လာလာ ဘုန်းကြီးတို့ က ဘုန်းကြီးတို့ 
သပ်သပ် ရှိနေမှာပဲ ဘုန်းကြီးတို့ အလုပ် ဘုန်းကြီးတို့ လုပ်နေမှာပဲ ဒါကြောင့်
ဘုန်းကြီးတို့ က ရထားနဲ့  ရထားလမ်းပါ ဘယ်လမ်းမှားကိုမှ မရောက်အောင်
ထိန်းသိမ်းပြီး ဆက်သွားနေပါတယ်။ "
ဆိုပြီး မိန့် သွားပါတယ် ဒါက ကျွန်တော် မှတ်မိသလောက်လေးပဲ ပြန်ရေးပြတာပါ
ဆရာတော်ကြီး ၃ ပါး ပြောသွားတာတွေက အများကြီးပါ။

==============================================================
Share Post လေးနဲ့  Comment လေးကို အောက်မှာ ပြီးဆုံးအောင် ဖတ်ရှုပေးကြပါဦး
==============================================================
သကျသီဟ အရှင်အရိယာလင်္ကာရ added 2 new photos
Yesterday at 7:54am ·
သက်နှင်းသုန္ဒရီ ( သို့မဟုတ် )NLD ပုံရိပ်ကို ဖျက်ဆီးနေသူ
***************************************************************
‪#‎သက်နှင်းသုန္ဒရီ‬ ကို
တစ်ချို့က မွတ်ကုလားကြီးလို့ဆိုကြတယ်။
တကယ်တော့ သူဟာ မိန်းမပါ။
အဲဒိ အစုတ်ပလုတ်မ က
အောက်က စကားကို အတွန့်တက်ထားသဗျ
ထပ်ပြောမယ်
ဒီနိုင်ငံမှာ ဇာတိမာန်အပြင်းထန်ဆုံးနဲ့
အင်အားအကြီးမားဆုံးအဖွဲ့၂ ဖွဲ့ ရှိတယ်။
အဲဒါက သံဃာနဲ့  စစ်တပ်ပဲ။
နိုင်ငံရေး brain ရှိတဲ့လူက
သံဃာအဖွဲ့ စည်းကို မပုတ်ခတ်မိအောင်
ရှောင်လေ့ရှိတယ် ။
နိုင်ငံရေးသမားဟာ ဘာသာရေးအဖွဲ့စည်းနဲ့
မတည့်ဘူးဆိုရင် မြောင်းထဲ ရောက်ပြီပဲ။
ခရစ်ယာန်ကို ထိပါးတဲ့သူဟာ
မိုးပျံအောင်တော်နေပါစေ
အမေရိကန်တို့ ရောမတို့လို ခရစ်ယာန်နိုင်ငံတွေမှာ
သမ္မတ မဖြစ်နိုင်ဘူး
အစ္စလာမ်ကို ထိပါးတဲ့သူဟာ
ဘာကောင်ကြီး ဖြစ်နေပစေ
အင်ဒို မလေးရှား စတဲ့ အစ္စလာမ္မစ်နိုင်ငံတွေမှာ
သမ္မတ/ဝန်ကြီးချုပ် မဖြစ်နိုင်ဘူး. ...
ဟိန္ဒူကို ထိပါးတဲ့သူဟာ
အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်မဖြစ်နိုင်ဘူး။
ဒီသဘောတရားကို နားလည်ထားမယ်ဆိုရင်
ဒေါ်စုဟာ ထောက်ခံမှု မကျဆင်းနိုင်ဘူး။
ဒေါ်စု ထောက်ခံမှု ကျဆင်းသွားခြင်းရဲ့
အဓိကအကြောင်းတစ်ချက်က
Online ပေါ်က
အရိုင်းအစိုင်း အစွန်းရောက်NLDတွေကြောင့်ပဲ။
တင်ထားတဲ့ Profile ပုံက ဒေါ်စုပုံ။
ထင်ရှားတာက ဒေါ်စုထောက်ခံတဲ့ Account။
အဲဒိလို အကောင့်က သံဃာကိုဆဲခဲ့မယ်ဆိုရင်
တကယ်ထိခိုက်တာက ပါတီပုံရိပ်နဲ့  ဒေါ်စုပါ။
သက်နှင်း သုန္ဒရီ ဆိုတဲ့ အစုတ်ပလုတ်မကို
ငါ တစ်ခုပဲ ပြောချင်တယ်.....။
မင်းစိတ်ဓာတ်နဲ့ ထပ်တူ
မင်းရဲ့ ရုပ်ကလဲ ရွံစရာကောင်းတယ်....
ဘယ်သူကပြောတာလဲဆိုရင်
မင်းFacebook ကပြောတာ။
မင်းလို နိုင်ငံရေး brain မရှိဘဲ
နိုင်ငံရေးစာတွေ ရေးနေတဲ့ အမှိုက်တွေကြောင့်
မင်းတို့ဒေါ်စု ထောက်ခံမှုတွေ ကျဆင်းတာပဲ
နားလည်လား....။
နားမလည် အစက ပြန်ဖတ်....။
( စကားလက်ဆောင်ပေးလိုက်မယ်...
မဘသကို တိုက်ခိုက်လေ
NLD ကျရှုံးလေပဲ....)
သကျသီဟ အရှင်အရိယာလင်္ကာရ
Like Comment Share
32 people like this.
----------------------------------------------------------------------------------------
အောက်ကဟာကတော့ အဲ့ဒီ Share ထားတာလေးအောက်က Comment တွေပါ
----------------------------------------------------------------------------------------
Dennis Kyawlin Brown : ကြက်တန်းကပါ
Like · Reply · Yesterday at 12:35pm
Eithet Mon Mon : စိတ်မရှိပါနဲ့ မှားနေတယ်လို့ 
ထင် ရင် လဲ အမြင် မတူလို့ block လိုက်ပါ
ရှင် ဘုရားတို့  သာသနာ ပြုတာက သာသနာတော် စည်ပင် ပြန့်ပွားရေးနှင့်သာသနာတော့ အဓွန့်ရှည်တည်တံ့ရေးဆို
ဘုန်းကြီးကျောင်းမှာ နေpး တရားဟော ပါ လိုအပ်လာလျှင် သာသနာရေးဝန်ကြီးဌါန ကို ညွှန်ကြားလုပ်ကိုင် စေလို့ ရ ပါတယ်
ခုက ရှင် ဘုရားတို့ က တရားဟောဖို့ မေ့နေတယ်လို့ ထင် ပါတယ်
အများပြည်သူ သင့်တင့်မျှတ အောင် တဦးနှင့်တဦး မေတ္တာပွားအောင် တရားမ ဟောပဲ ရန်တိုက် ပေးနေသလိုပါပဲ
လောကီ လူသားတွေ စကားမှားတိုင်း
သည်းခံ ခြင်းအလျှင်းမရှိ ရိုင်းစိုင်းစွာ မောက်မာစွာ ငါစွဲ မချွတ်ပဲ
တုန့်ပြန်တတ်သောစာများဖတ်ရ တာ လွန်စွာ အံ့သြမိပါတယ်ဲ
Like · Reply · 7 hrs
Eithet Mon Mon : ဘယ်ဥ ပ ဒေ ဘယ်လို ထုတ်ထုတ်
မိမိ ပေါ်သာလျှင် မူတည်နေပါတယ်
မျိုးစောင့် ဥပ ဒေ ကို လက်မခံတိုင်းမူစလင် မဟ်ုတလောက်ပါဘူး
ခု ကျမလည်းမူစလင် မဟုတ်ဘူး

Like · Reply · 7 hrs
Ko Linn Linn : ညီမ မွတ်ဆလင် ဟုတ်မဟုတ်က အရေးမပါဘူး အဲဒီအပေါ်အကျိုးမဲ့စေတာမျိုးလည်းမပါဘူး မျိုးစောင့်ဥပဒေ ဆိုတာက လူမျိုးခြားဖြစ်ဖြစ် ဘာသာခြားဖြစ်ဖြစ် အလိုတူအလိုပါ သဘောတူနေတာဖြစ်ဖြစ် ကိုယ့်ပိုင်အခွင့်အရေးအရ ဘာသာကူးပြောင်းတာဖြစ်ဖြစ် ပြဿနာ မရှိဘူး အလိုမတူပဲ နစ်နာတာဖြစ်ဖြစ် အတင်းအဓမ္မ ဘာသာကူးပြောင်းစေတာဖြစ်ဖြစ်အတွက် နစ်နာရင်အကျိုးရှိအောင်ပြဌာန်းထားသလို မယားငယ်ဘ၀နဲ့ ဇနီးမယားဘ၀ ရပိုင်ခွင့်မရှိတဲ့ နစ်နာမှုအတွက်အကျိုးဖြစ်ထွန်းစေတယ် ငါ့ညီမက ဘာကိုအလိုမကျလို့ ဆရာတော်တွေကို ဝေဖန်ပြီး မန့်သလဲတော့မသိဘူး ဘုရားရှင်လက်ထက်ကတည်းက လက်ဝဲရံ လက်ယာရံ သာဝကတွေ သာသနာကို တာဝန်ကိုယ်စီထမ်းခဲ့တာရှိတယ် ကိုယ်သေချာ ပြည့်စုံအောင် ပြောဖို့မလွယ်ကူတာေ၇ာ ဆရာတော်တွေ သံဃာတော်တွေ နဲ့ ပတ်သက်ပြီး မဆွေးနွေးချင်တာကြောင့် အကျဉ်းကျုံးေ၇းပေးတာပါ. ...
သီတဂူ ဆရာတော်ဘုရားကြီးတို့ သြ၀ါဒပြုတဲ့တရားတွေ သေချာသဘောပေါက်နားလည်အောင် နာပါလို့ လမ်းညွှန်ပါတယ်

အာဖဂ္ဂနစ္စတန် အင်ဒိုနီးရှား မလေးရှားတို့လို ဗုဒ္ဓဘာသာ ကွယ်ပျောက်ရတဲ့ အကျိုးတရားကိုလေ့လာပါ သူတို့သာ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့မယ်ဆိုရင် ကွယ်ပျောက်ပမလား ဆိုတာ နားလည်ပါ. ....
သာသာနာ ပြန့်ပွားဖို့ ပြည်ပသာသနာပြုတို့ တောင်တန်းသာသနာပြုတို့ ကျောင်းထိုင်ဆရာတော်တို့လို တရားဟောဓမ္မကထိက တွေ လုပ်နေတာရှိပေမယ့် တရားဟောနေရုံနဲ့ မရပါဘူး တရားဟောပုဂ္ဂိုလ်တွေ အေးချမ်းစွာ သာသနာပြုနေနိုင်ဖို့ မာန်နတ်လို ဒေ၀ဒတ်လိုသူမျိုးတွေရဲ့ ဖျက်ဆီးမယ့် အန္တ၇ာယ်ကနေ ကာကွယ်စောင့်ရှောက်ဖို့လိုသလို ကိုယ်တိုင်ကလည်း ထုံးတမ်းစဉ်လာ ၀တ်နည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်
မြို့ ရွာအနှံ့ ကျောင်းပေါင်းအများကြီးကို သာသနာရေးဦးစီးမှူးတစ်ယောက်တည်းနဲ့လည်း မနိုင်ဝန်ပါ အားလုံးမှာ တာဝန်ကိုယ်စီကျေနေနိုင်မှ ဖြစ်မယ်အခြေအနေကို လူနည်းစု လောက်ဝန်ထမ်းနဲ့လည်း ပြည့်စုံအောင် စောင့်ရှောက်ကာကွယ်ဖို့ဆိုတာလည်းမလွယ်ပါဘူး အားလုံးနေသာသလိုနေနေကြလို့ အန္တရယ်နီးကပ်လာတဲ့အခြေအနေအပေါ် အေးအေးဆေးဆေးတရားဟောနေရုံနဲ့မရလို့ ၀င်ပါနေရတယ်လို့မှတ်ပါ ပလ္လုင်ပေါ်ကနေ တရားထိုင်ဟောနေတုန်း သူများဝင်ဆွဲလို့ ကိုယ့်ဘာသာဝင်တွေ ပျောက်ပျောက်ကုန်တာလည်း သတိမူရမယ်
ငါ့ညီမကိုယ်တိုင်အသိတောင် ဝေဖန်နေတဲ့ အပြစ်မြင် အနေအထားမှာ ရပ်နေတာဆိုတော့ ကူညီထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ပိုကင်းမဲ့နေသလိုဖြစ်နေတယ်
Like · Reply · 2 · 6 hrs · Edited

Eithet Mon Mon : ညီမ ဆိုလိုတာက ခုနောက် ပိုင်းဆို ပိုဆိုးလာပါတယ်
ရဟန်းသံ္ဃာ တွေဟာ ပုထုဇဉ်လူသားတွေနှင့်အတူ fbပေါ် အပြိုင် ကြဲ နေကြတာပါ
ရဟန်းသံ္ဃာဆိုတာ
သာမာန်လူတွေထက် ခန္တီ
သီလ သမာဓိ ပြည့်စုံလို့ လောကီ တရား အားချိုးနှိမ်pး နေကြရ မယ်လို့ ထင် မြင် မိပါတယ်
ခုက fbပေါ် ထိ တက်ပြီး မာန ထောင် နေတာတွေ တွေ့ ရ တော့ တခြားဘာသာ က သွေးခွဲစရာ မလိုပဲ ကိုယ့်ဘာသာ အချင်းချင်း ကွဲလွဲ နေပါတယ် အကို တကယ်လို့ သာမာန်လူ တွေ က မှားနေတယ်ဆို လမ်းမှန်ကို နားဝင် အောင် လမ်းပြရမဲ့ အစား ရန်ပြိုင် ဖြစ်နေတာတွေ လည်းပါပါတယ်
ညီမ အကို ပြောပြသမျှ ကိုလည်းနားလည်ပါတယ် သံ္ဃာ အစစ်နဲ့ အတုကိုလည်းခွဲခြားတတ်ပါတယ်
Like · Reply · 6 hrs
Eithet Mon Mon : ခု ထုတ်ပြန်ထားတဲ့မျိုးစောင့်ဥ ပ ဒေကိုလည်းမကန့်ကွက်ပါဘူး
တကယ် ကို ဒီဥ ပ ဒေ က အလုပ်ဖြစ် ရဲ့လားလို့ ကြည့်နေပါ့မယ်
သူများဘာသာဝင် မယားမဖြစ်စေ ရေးထက် အထက် အရာရှိများ
ရဲ့ အမည် မ ပေါ် အငယ်မယားများမဖြစ်စေဖို့  လိုက် နာကြဖို့  အရင် လှုံ့ဆော်ကြပါလို့  တိုက်တွန်းချင် ပါတယ် အခု လက် ရှိ မြန်မာ ပြည် အ နေ ထားအရ ကမ္ဘာ မီးလောင် လို့ သားကောင် ချနင်းတဲ့ မိဘ တွေ ရယ် ပိုက်ဆံ ရှိ ရင် ဘာမဆို လုပ်နိုင် တဟ်ဆိုpးဥပ ဒေ ကို အရမ်းနားလည်ပါတယ်ဆို အလွဲသုံးစားပြု နေတဲ့ သူတွေ ကို အရင် ထိန်းချုပ်ကြည့်လိုက်ပါ ရ မလားလို့ ပေါ့
Like · Reply · 5 hrs
Ko Linn Linn : သူများမယားငယ်ပဲဖြစ်ဖြစ် အထက်အရာရှိတွေ မယားငယ်ပဲလုပ်လုပ် ကုလားမယားငယ်ဘ၀နဲ့ပဲနေနေ အလိုတူ အလိုပါဖြစ်နေရင်လည်း အကုန် တန်းတူညီတူ နေပိုင်ခွင့်ရှိသလို ကာယကံရှင် က နစ်နာလို့ အကျိုးရလိုမူနဲ့ တရားလိုလုပ်တိုင်တန်း တရားစွဲဖို့ကလည်း အားလုံးတူညီသော တန်းတူ အခွင့်အရေးပါပဲ
ညီမပြောတဲ့ မိဘအခြေအနေကြောင့် ငွေကြေးအခြေအနေကြောင့်ဆိုတာတွေက သူတို့ကာယကံရှင်တွေ ပြေလည်ကြတဲ့ အခြေအနေပဲ အဲဒီဥပဒေတွေ အားနည်းချက်ရှိလို့ သဘောမကျလို့ပြင်ဖို့ ဥပဒေပြဌာန်း အကျိုးဆောင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေ ရှိနေပြီ သူတို့အလုပ်လုပ်ရင်ရပြီ
Like · Reply · 3 · 5 hrs
· Edited
Eithet Mon Mon : ဟုတ်ကဲ့ ညီ မ ပြောသမျှ တွေထဲ အမှားပါတယ်ဆို sorryပါ
မသိနားမလည်တာများရှိရင် လည်းညီမ တစ်ယောက်လို ခင် မင် ပြီးဆုံးမ နိုင် ပါတယ်
Like · Reply · 1 · 5 hrs
Myitzu Aye : အမျိုးစောင့်ဥပဒေက ကိုယ်တစ်ယောက်တည်းအတွက်မလိုကောင်းမလိုပေမယ့် အသိဥာဏ်နည်းတဲ့မိန်းကလေးတွေအတွက်ကတော့လိုအပ်တယ်လေ...
Like · Reply · 1 · 4 hrs
Eithet Mon Mon : ဟုတ်ကဲ့ပါ
အသိဥာဏ် နည်းတဲ့သူများတွေ့ရင် သင် တန်းပို့ ချ ပေးလိုက်ပါ
Like · Reply · 1 · 3 hrs
Ko Linn Linn: မဟုတ်ဘူးညီမ သူပြောတာမှန်တယ် အကိုခဏခဏတွေ့ရဖူးတယ် လူမျိုးခြားနဲ့ချစ်ကြိုက်သွားတဲ့ အသိဉာဏ်နည်း ပညာနည်းတဲ့ မိန်းခလေးတွေအတွက် မိဘတောင် ပြန်စော်ကားပြောဆိုတာတွေထိ တွေ့ခဲ့ဘူးတယ် ပညာတတ်တွေးခေါ်ဝေဖန်တတ်သူကျ ဥပဒေကိုလေ့လာနိုင်တယ် သူနစ်နာမှုအတွက် မပြေလည်၇င် ရုန်းထွက်နိုင်တယ် ပတ်ဝန်းကျင်ကိုအကူအညီတောင်းတတ် ရှောင်တတ်တယ် အသိဥာဏ်နည်းတဲ့ သူကျ သူများမယားငယ်ဖြစ်ရတာတောင် ဇနီးမယားအကျိုးခံစားခွင့်မရှိတာတွေ လွတ်မြောက်ချင်လို့မှ ရုန်းမထွက်နိုင်အောင် နည်းလမ်းမရှာကြံတတ်တာတွေ အများကြီးရှိတယ် အဲဒီလိုလူမျိုတွေအတွက် မျိုးစောင့်ဥပဒေက အကာအကွယ်နဲ့ အကျိုးခံစားခွင့်တွေ ဖန်တီးပေးထားတယ်
Like · Reply · 3 hrs

Ko Linn Linn : သံဃာဆိုတာ အတုအစစ်က ၀ိနည်းတွေ ကျင့်ဝတ်တွေ ရှိပြီးသားပဲ အစ်ကိုတို့လည်း ဒုလ္လဘရဟန်း ခဏခဏ၀တ်ဘူးတယ် အနေကြာလာတဲ့ လူ့ဘ၀ လူမူကိစ္စနေထိုင်မှုစရိုက်ကြောင့် အနေအထိုင် အပြောအဆိုဆင်ခြင်ရသလို အပြစ်ရှိခဲ့သလို ဖြစ်မိရင်လည်း အာပတ်ဖြေတာမျိုး အပြစ်ကိုစင်ကြယ်အောင်လုပ်တာမျိုးလည်းရှိတယ် ပြည့်စုံအောင်တော့ နားမလည်ပါဘူး ပြောချင်တာက အပြစ်ကျုးလွန်ရင်လည်းခံရမှာပဲ အပြစ်ပြေအေးသလား မပြုသလားမသိဘူး သို့သော် သံဃာဟာ ၀ိနည်းနဲ့ အညီဝတ်ထားရင် သံဃာပဲ အတုအစစ်မရှိဘူး အတုရှိခဲ့ရင်လည်း အများအားဖြင့် သင်္ဃန်းဝတ်ပြီး မူခင်းမကင်းတဲ့ အပြစ်တွေ ကျူးလွန်တတ်တာမျိုးပဲတွေ့ရဘူးတယ်
အဲ တကယ်ဝိနည်းနဲ့ ၀တ်ထားတဲ့သံဃာကို စော်ကားမိ၇င်တော့ ကိုယ်ကိုတိုင်က ငရဲဝယ်သလို အပြစ်ယူသလိုဖြစ်နေတတ်တယ် မိမိကိုယ်သာ ကောင်းအောင်ကျင့်ကြံနေထိုင်နိုင်ဖို့ကအဓိကကျတယ် မမြင်ရတဲ့ အပြစ်ဝယ်မယူပါနဲ့ အကျိုးရှိတဲ့နေရာအသုံးချလိုက်ပါ
ထပ်မှာပါရစေ သီတဂူ ဆရာတော်ဘုရားကြီး တရား ပါချုပ်ဆရာတော့်ဘုရားကြီး တရားတွေ သေချာသဘောပေါက် အောင် နာကြည့်ပါ မ်ျုးစောင့်ဥပဒေဆိုတာကိုလည်း သေချာသိအောင် လေ့လာပါ
Like · Reply · 3 · 5 hrs

Eithet Mon Mon : ဟုတ်ကဲ့ ကျေးဇူးတင် ပါတယ် ရှင်
=========================================================
ဖတ်ပြီးသွားရင်တော့ တစ်ချို့ တစ်ချို့ သောသူတွေ ရဲ့ အမြင်လေးတွေ
ပြောင်းလဲသွားပြီး အမြင်မှန်လေးတွေ ရနိုင်ကြပါစေ...။
မူရင်းပြန်လည် Share ပေးထားသည့် Post => https://www.facebook.com/melodypwagyi/posts/813017145484656
Comment Reply များဖြင့်ပြန်လည်ရှင်းပြသူ => Ko Linn Linn

မူရင်း တင်ထားသည့်နေရာ - https://www.facebook.com/CityHunter.mm/posts/549913118497681

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...