Ads (728x90)


ကျုပ်မေးမယ် ဒေါ်စုကြည်....
ခင်ဗျားအဖေနာမည်နဲ့ ခင်ဗျားမတန်ဘူးထင်လို့တွဲမခေါ်တာ
စိတ်မဆိုးနဲ့ခင်ဗျားမြန်မာပြည်ပြန်လာတဲ့အချိန် ကျုပ်က အီကိုကျောင်းသား
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်လက်အောက်က
တောင်သူလယ်သမားအစည်းအရုံးဗဟိုဦးစီးအဖွဲ့ဌာနချုပ်
 မော်တော်ယာဉ်ဌာနခွဲက ပစ္စည်းထိန်းတွဲဘက်ဝန်ထမ်းပေါက်စလေး
ကျုပ်ပေါ့ဗျာ ၁၉၈၈ ပါတီပျက်တော့ ကျုပ်ဝန်ထမ်းဘဝက ပြုတ်
လစာ ၃လစာထုတ်ပြီး အိမ်ပြန်ရောက်တယ်။

နာမည်ရင်း ဇော်လင်း ငယ်နာမည် ချစ်တီး
မှတ်ပုံတင်အမှတ် ၁၂ မရကနိုင် ၀၇၃၆၇၈
မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာနေတယ်ဗျ လက်ရှိလဲ
အဲ့လိပ်စာဘဲ

ခင်ဗျားနိုင်ငံရေးဇာတ်ခုံပေါ်မတက်ခင်ရော တက်ပြီးရော ခင်ဗျားပြောသမျှလိုက်နားထောင်ဘူးတယ့် ကျုပ်ခင်ဗျား
စင်မြင့်ပေါ်က ပြောသမျှ မှတ်မထားမိပေမယ့်လည်း
စစချင်း ပါတီနိုင်ငံရေးမလုပ်ပါဘူး ကျွန်မ ဘယ်ပါတီမှမဝင်ဘူး ဆိုတဲ့စကားတွေပြောတာတွေဟာ သမိုင်းမှာ ဖျောက်မရတဲ့ စကားတွေဗျ ကြမ်းကျွံရင်နှုတ်လို့ရ စကားကျွံရင်နှုတ်လို့မရ ဆိုသလို
ခင်ဗျာရဲ့ ထိတ်တိုက်ရင်ဆိုင်ရေး မတရားတဲ့ အာဏာမှန်သမျှဖီဆန်ကြ အလုံးစုံပိတ်ဆို့ရေးဆိုတဲ့နိုင်ငံတကာကျောထောက်နောက်ခံဖိအားတွေနဲ့ အကြမ်းဖက်လမိးစဉ်တွေကြောင့် အကျယ်ချုပ်နဲ့အိမ်မှာထိန်းသိမ်းခံရတာလို့ ကျုပ်တို့နားလည်ထားတယ်။

ထားပါတော့ခင်ဗျားအာဏာမက် နေအိမ်မှာ အကျယ်ချုပ်မကျခင်
၁၉၈၉ မှာ ကျုပ် တပ်မတော်ကို ရိုးရိုး ရဲဘော်အဆင့်နဲ့ ဝင်ခဲ့တယ်
ကျုပ်တို့က စစ်မျိုး စစ်နွယ်ဆိုတော့ တပ်မတော်စော်ကားတာကို သိပ်မခံချင်ဖြစ်တာလည်းပါမှာပေါ့ ကျုပ်အဖေက လွတ်လပ်ရေးမော်ကွန်းဝင်
အငြိမ်းစား ဗိုလ်မှုးတစ်ယောက်ဗျ။

ပြောချင်တာ ခင်ဗျား အာဏာကိုဖြတ်လမ်းနည်းနဲ့ ရဘို့ကျိုးစားနေချိန်
 ကျုပ် ရိုးရိုးရဲဘော် ဘဝနဲ့ နယ်ပေါင်းစုံသွား လမ်းဖောက် တံတားဆောက် ရောက်လေရာအရပ်မှာ ရပ်ရွာ သန့်ရှင်းရေးလုပ်အားပေး တစ်ချို့ဒေသတွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဘို့ လက်နက်ကိုင်ပြီး အသက်နဲ့ရင်း ကာကွယ်ပေးခဲ့ရသေးတယ်ဗျ။

 ကျပ် ကြာအင်းဆိပ်ကြီးမှာ တာဝန်ကျတုန်းကဆို အိမ်ကိုအသက်နဲ့ခန္ဒာကိုယ် မြဲလျှက်ပြန်ရောက်ပါ့မလား နေ့တိုင်းတွေးမိခဲ့ဘူးတယ်
ကျုပ်အမေက ကျုပ်ကိုသိပ်ချစ်တာဗျ အိမ်ပြန်ရောက်လို့ ယူနီဖောင်းလေးမှာ အရစ်ကလေးကပ် ရာထူးတစ်ဆင့်တက်တိုင်း ကျုပ်အဖေ သူ့ယောက်ကျား
ဗိုလ်မူးတောင် ကျုပ်လောက်တန်ဘိုးမရှိဘူးထင်တတ်တာလား။

ကျုပ် ရဲဘော်ဘဝနဲ့ ၁၁ နှစ်ကြာမှ ဒုတပ်ကြပ်ဖြစ်တာဗျ
ရာထူးအတွက်နေရာမရှိတော့ ရဲဘော်ဘဝ အကြာကြီးနေခဲ့ရတယ်
ကျုပ်တို့လို ရေတပ်သား ပညာသည်အုပ်စု က အဆင့်တွေက
အနိမ့်ဆုံးဆယ်တန်းအောင် ရာထူးတက်ဘို့က နေရာရှိမှရတာလေ
ကျုပ် ရခိုင်၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး၊ ရေး၊ ထားဝယ်၊
 မြိတ် ကျွန်းစု နဲ့ မြန်မာ့ပင်လယ်ပြင် ပြဲပြဲစင်အောင် မိဝေးဘဝေး နို့ဆီခွက်ဘူးခွံသာသာရှိတဲ့သဘောင်္ငယ်ထဲမှာရော သင်္ဘောကြီးတွေမှာရော မိုးရွာရွာ နေပူပူ လှိုင်းကြမ်းကြမ်း ပိုင်နက်ပင်လယ်ကို ကျုပ် တို့ကာကွယ်ခဲ့လို့ မြန်မာ့ပင်လယ်မှာ တိုင်တပါး ကျူးကျော် ငါးခိုးဖမ်းသူတွေရော ကျူးကျော်ဝင်ရောက်ဘို့ကြိုးစားနေသူတွေရော ကျုပ်တို့ ကာကွယ်ခဲ့ဘူးပြီဗျ။

ဒါတင်မဟုတ်သေးဘူး မဲခေါင်မြစ်ကြောင်းလုံခြုံရေးအတွက်
တာချီလိတ် နားက ဝမ်ပုံရွာလေးမှာ အခြေပြုလို့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် စိုင်းနောက်ခမ်းတို့လို လူစားတွေခေါင်းမထောင်ဝံ့အောင် ကျုပ်ကိုယ်တိုင် တာဝန်ထမ်းဆောင်ဘူးပြီဗျ နောက်ပြီး ကျုပ်ကစာသင်တာဝါသနာပါတော့
 ရောက်လေရာအရပ်မှာ ပညာရေးဒါနအဖြစ် ကျုပ် ဆယ်တန်းအထိ
အတန်းပေါင်းစုံကို နိုင်သလောက် ဘာသာစုံပြခဲ့ပြီး ကျူရှင်မတက်နိုင် ပညာလိုချင်တဲ့ကလေးတွေစာပြ သင်ကြားခဲ့တာ ကျုပ်တတ်တဲ့ကွန်ပြူတာ
 အင်္ဂလိပ်စာ သင်ပေးခဲ့လို့ ကျုပ်ရောက်ရာအရပ်တိုင်းမှာ ကျုပ်သင်ပေးလို့ ဆယ်တန်းအောင်သွားတဲ့ တပည့်တွေအများကြီး ခင်ဗျား သိချင်ရင်စုံစမ်းကြည့်။

ဒီနှစ်ကျုပ်နေတဲ့ ရပ်ကွက်မှာ ကျုပ်တပည့်နှစ်ယောက် ဆယ်တန်း နဲ့ ရှစ်တန်း နှစ်ယောက်စလုံးအောင်တယ် ဒီလိုင်းပေါ်မှာ ကျုပ်ရပ်ကွက်ထဲက ကလေးတွေရှိတယ် မေးကြည့် အခု ကျုပ်ရဲ့ လက်ရှိတာဝန် တပ်မတော်ရေ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ တပ်မတော်သားတွေ ကို လေ့ကျင့်ပေးနေတဲ့ ဆက်သွယ်ရေးနည်းပြ အုပ်ခွဲတပ်ကြပ်ကြီး ဇော်လင်း ဗျ
ခင်းဗျား ကျုပ်ကိုတွေ့ချင်ရင်လာကြည့်လို့ရတယ်ကျုပ်ဘဝမှာ
 နိုင်ငံ့တာဝန်ထမ်းရင်း အပိုချိန်တွေမှာ ရောက်လေရာအရပ်မှာ ကလေးတွေလေ့ကျင့်ပြုစုပျိုးထောင်တဲ့ အလုပ် ပညာသင်ပေးတဲ့အလုပ်လုပ်တယ်။

ကျုပ်အမေ ၂၀၀၇ မှာဆုံးတယ် သူချစ်တဲ့ ယူနီဖောင်း ကျုပ် ဝတ်နေရတာ
ဂုဏ်ယူတယ် ကျုပ်အမေ လက်ရှိရာထူးဖြစ်တဲ့ အုပ်ခွဲတပ်ကြပ်ကြီးဖြစ်တာ
 မြင်မသွားရသလို သူဆုံးတော့ ကျုပ်ရခိုင်မှာ တာဝန်ကျနေတယ် ပိုင်နက်ကိစ္စ အိမ်နီးခြင်းနိုင်ငံနဲ့ စစ်ရေးတင်းမာနေတဲ့အချိန်ဆိုတော့ ကျုပ်အမေနား
ကျုပ်မနေနိုင်ခဲ့ဘူး ကျုပ်က လူပျိုကြီးဗျ အခုဆို အသက် ၄၈ နှစ်ရှိပြီ။

ကဲထားတော့ ခင်ဗျားအကြောင်းပြောရအောင်
ခင်ဗျား နိုင်ငံအပေါ်ချစ်တာတို့ နိုင်ငံအတွက် စွန့်လွှတ်တာတို့
အကျယ်ချုပ်အကြာကြီးနဲ့ တိုင်းပြည်အတွက် တိုက်ပွဲဝင်တာတို့ ကတော့ ခင်ဗျားနောက်လိုက်တွေ အမွှန်းတင်နေတာ အမြဲကြားနေရသလို ခင်ဗျားရဲ့ ရလိုက်တဲ့ဆုတံဆိပ်တွေ ဆုကြေးငွေတွေ ကျုပ်အမြဲနားထောင်နေခဲ့လို့
သိရပါတယ်ဗျာ။

ဒါပေမည့် ကျုပ်နားမလည်တာလား ကျုပ်ကဘဲ ပိန်းတာလား ပညာရည် အဆင့်နိမ့်လို့လားတော့မသိ ခင်ဗျားရတဲ့ဆုတွေက နိုင်ငံအတွက်
ဘာအကျိုးပြုလုပ်ငန်းတစ်ခုလုပ်ဘူးလို့လဲ ကျုပ်မမြင်ခဲ့ဘူး နိုင်ငံအတွက် သန့်ရှင်းရေးအတွက် ရပ်ရွာထဲ မြက်တစ်ပင်နှုတ် သစ်တစ်ပင်စိုက် စာသင်ကျောင်းတွေမှာ သောက်ရေအိုးတစ်လုံးလှူဘူးခဲ့ရဲ့လား ကျုပ်မေးချင်တယ်
ခင်ဗျားခြံတံခါးဟောင်းကြီးလေလံပစ်တာ ခင်ဗျားထိုးတဲ့ဆွယ်တာ လေလံပစ်တာ ရတဲ့ငွေတွေ ဆုကြေးရတဲ့ငွေတွေ တိုင်းပြည်အတွက်မပြောပါနဲ့ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာကျောင်းတက်နေတဲ့ ကလေးတွေအတွက်
စာအုပ် ခဲတံ ဝယ်လှူဘူးသလား။

ကျုပ်လို လစာနဲ ရဲဘော်တစ်ယောက်တောင် ကဒုံကနိရွာရောက်ရင်
ကျုပ်နာမည်မေးကြည့် ကျုပ်ကို ကလေးတွေအားလုံးသိတယ်
ချစ်တယ် ကျုပ်ရတဲ့လစာနဲ့ တတ်နိုင်သလောက် ပညာရေးထောက်ပံ့လှူဒန်းခဲ့တယ်
ခင်ဗျား ဗျာသူတော်ကောင်းတို့မည်သည် မိမိအတွက် သူတပါးကို
အပင်ပန်းမခံစေရဘူးတဲ့ခုတော့ခင်ဗျား အာဏာလိုချင်တာနဲ့
အားလုံးကိုဒုက္ခပေးနေတယ်ခင်ဗျား မျိုးရိုးမစောင့်လို့ နိုင်ငံခြားသားနဲ့ဇာတ်နှောပြီး ရလာတဲ့သားသမီးက နိုင်ငံခြားသားဖြစ်နေတာနဲ့ သမ္မတ မဖြစ်နိုင်တာ မဖြစ်ရတာ ခင်ဗျားအပြစ်ဗျ။

ခင်ဗျားပြောဘူးပါတယ် နိုင်ငံခြားမှာနေလို့ နိုင်ငံခြားသားနဲ့ ရတာလို့
ရာရာ စစ ဗျာ ကျုပ်အမ အရင်းခေါက်ခေါက် အကြီးဆုံး က
ခင်ဗျားလာတဲ့ တိုင်းပြည် မှာ အနှစ် ၃၀ နားကပ်နေပြီ အပျိုကြီးနဲ့ နေနေတာ
လန်ဒန်မှာ အခုရှိတယ်ရယ်ရသေးကိုယ့်ဆန္ဒ တစ်ခုကို မထိန်းချုပ်နိုင်တာနဲ့
တိုင်းပြည်ကို သိက္ခာကျစေတဲ့ အမျိုးမစောင့်တဲ့ကိစ္စကြောင့်
သမ္မတ မဖြစ်ရတာ ကိုယ့်ကို ကိုယ်အပြစ်တင်ဗျ။

နောက်ပြီးတော့ ကျုပ်နားမလည်တာ သမ္မတ ဖြစ်မှ
နိုင်ငံတိုးတက်ဘို့လုပ်နိုင်မှာလား ပါတီဥက္ကဌကြီးလုပ်ပြီး ကိုယ်နိုင်တဲ့ ကိုယ်ကြိုးဆွဲရာကမည့် နောက်လိုက်ကို သမ္မတ ပေး
 နောက်ကထိန်းချုပ်လို့မရတော့ဘူးလား။

နောက် ခင်ဗျားလက်ရှိယူထားတဲ့ တရားဥပဒေစိုးမိုးရေးဥက္ကဌရာထူး
ကျုပ်အံ့အားသင့်တယ် ကြိုက်တဲ့ တရားရုံးသွား ကြိုက်တဲ့ရဲစခန်းသွား မတရားတာရှိသလား ပေါင်ချိန်ကြီးလို ဒီလိုအဖြစ်မျိုးတွေ ရှိသလား
လိုအပ်ရင် တပ်ထဲတောင်ဝင်ပြီး စစ်သည်မိသားစုတွေ နစ်နာမှရှိနေသလား မတရားအနိုင်ကျင့်ခံရတာရှိနေသလားဆိုပြီ စုံစမ်း မှတ်ချက်ရေးရင်
ခင်ဗျားမှတ်ချက်က တစ်ကမ္ဘာ လုံးပြန့်သွားမည့်မှတ်ချက်
လက်ရှိသမ္မတကြီးတောင် အဲ့လောက် ပါဝါမရှိနိုင်ဘူး
သူမှတ်ချက်ရေးရင် မြန်မာပြည်ထဲက ကွက်ကွက်ကလေးဘဲသိကြမှာ။

အခုအချိန်ထိ ခင်ဗျာလုပ်ရပ်တွေက သမ္မတဖြစ်ဘို့ဘဲ
ကလေးတွေ လမ်းပေါ်ဆွဲတင်ဘို့ ကြိုးစားနေတာကျုပ်တွေ့နေရတယ်
ဒီမှာဒေါ်စုကြည်
ခင်ဗျားထင်သလို တပ်မတော်သားတွေမအတော့ကြဘူးဗျ
အခုခေတ်မှာ ရဲဘော်တိုင်းဖုန်းကိုင် အင်တာနက်သုံးနေကြပြီ
သိချင်ရင်လာကြည့်ဗျကျုပ်ဆီမှာ သင်တန်းသားရဲဘော်
 တပ်သားသစ်တွေ အားလုံး ဖုန်းရှိတယ် အင်တာနက်သုံးတယ်
အဲ့တော့ ခင်ဗျားသိဘို့ပြောမယ် ခင်ဗျားကိုလေးစားတဲ့
 ကြည်ငြိုတဲ့ ပါတီဝင်တွေကတပ်မတော်ခေါင်းဆောင်တွေ
 ပုတ်ခတ် ဆဲရေး ယုတ်မာစွာ ဖိုတိုရှော့တွေနဲ့လုပ်နေကြတာ
 ခင်ဗျားတားတော့တပ်မတော်က ပြည်သူနဲ့မဝေးဘူး ပြည်သူကြားက
 ပေါက်ဖွားလာတာ ခင်ဗျားတို့ပါတီဝင်တွေထဲက အစွန်းရောက်တွေကြောင့် ခင်ဗျားတို့ပါတီနဲ့ တပ်မတော် တဖြေးဖြေး ဝေးသွားပြီ
 ဘယ်ရဲဘော်မဆို ကိုယ့်ဆရာသမား အကြီးအကဲ ခေါင်းဆောင်
 ကိုစော်ကားတာ သည်းခံနိုင်မှာမဟုတ်ဘူး။

ကျုပ်အခု ကျုပ်အမေချစ်တဲ့ ယူနီဖောင်းကို ချွတ်ဘို့ ထွက်စာတင်လိုက်ပြီ
ခင်ဗျားပါတီဝင်တွေစော်ကားနေတဲ့ စစ်ခွေးမျက်ရည်ချူတာတို့
လောက်ကိုင်မှာနိုင်ငံအတွက် ကျဆုံးသွားတဲ့ စစ်သည်တွေကို
သံချပ်ထိုး လှောင်ပြောင် သူရဲကောင်းစစ်သည်တွေရဲ့ဇနီးတွေကိုလှောင်ပြောင်
ခင်ဗျားလဲ အတူတူပါဘဲ သူပုန်သေတာကို လွမ်းပြ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကြီးကြီတွေသုံး ဗိုလ်ဇော်မျိုးထက် လို ငယ်ငယ်ရွယ်ရွယ် ခင်ဗျားမြေးလောက်ရှိတဲ့စစ်သည် ခေါင်းဖြတ် ဗိုက်ခွဲ ခေါင်းပြတ်ကို
 ဗိုက်ထဲပြန်ထဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ရှံ့ချတားဆီးဘို့စိတ်မကူး
လောက်ကိုင်မှာ အိမ်နီးခြင်းမပီသတဲ့ နိုင်ငံသားတွေကြောင့် တပ်မတော်သားတွေ စစ်သည်တွေရဲ့ ဇနီးတွေရဲ့ အရိုးနဲ့ အချုပ်အခြာအာဏာအတွက် နိုင်ငံစည်းရိုး အရိုးနဲ့ထိုးကာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို စာနာမှူ ခင်ဗျား စာတိုတစ်စောင် ပို့ဘူးသလား။

 ခင်ဗျားနောက်လိုက်တွေက လှောင်ရယ် စော်ကား
 သံချပ်ထိုးလှောင်ပြောင် ဒီအတွက်ရလာဒ်က
ခင်ဗျားတို့ပါတီ တပ်မတော်နဲ့ ဝေးသွားပြီ တပ်မတော်နဲ့ပြည်သူ မဝေးဘူး ခင်ဗျားတိုနဲ့သာဝေးသွားတယ် တပ်မတော်သားတွေ အဲ့ကိစ္စမှာ နာတယ် အသဲထဲရင်ထဲကနာတယ် နာကျည်းတယ်ဒီလောက်ဆို သဘောပေါက်သင့်ပြီဒေါ်စုကြည်
ခင်ဗျားသာ အာဏာရ လို့က ကျုပ် တပ်မတော်ထဲမှာ မနေဘူး
ခင်ဗျားအုပ်ချုပ်တာမခံဘူး ကျုပ်က ခင်ဗျာထက် နိုင်ငံတွက် ပြည်သူတွေ
အကျိုးပြု ၂၆ နှစ်တိတိ လုပ်ပြီးပြီ ကျုပ်တာဝန်ကျေတယ်။

ဒါကျုပ်ရင်ထဲကသစ္စာစကားဘဲ
ကျုပ်လိုလူတွေတပ်မတော်ထဲမှာအများကြီး
အဲ့တော့ခင်ဗျားဘာလုပ်သင့်လဲနဖူးပေါ်လက်တင်စဉ်းစားပါဗျာ။

 ဇော်လင်း ငယ်နာမည် ချစ်တီး
မှတ်ပုံတင်အမှတ် ၁၂ မရကနိုင် ၀၇၃၆၇၈
မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...