Ads (728x90)


-------------------------------------------------------------

၆၊၁၁၊၂၀၁၄ တန်ဆောင်းမုန်းလပြည့်နေ
အချိန်ကားညနေ၅း၃၄မိနစ်ဝန်းကျင်၊နေရာက ၂၈၅မိုင်ကနေ ရန်ကုန်အပြန်ခရီး ၉၉မိုင် ၂ဖာလုံနဲ့ ၃ဖာလုံ အကြား ကျွန်တော်တို့ ဇနီးမောင်နံ ရာသီဥတုမှိုင်းနေတဲ့အတွက် ကားကိုသတိနဲ့မောင်းနေချိန် မောင်းနေတဲ့အရှိန်က ကီလို၁၁၀ပါ ရှေ့မီးဖွင်ထားတဲ့အတွက် ၂ဖာလုံလောက်ကလူကို တွေ့နေရပါတယ်။

လမ်းလယ်မှာလူတစ်ယောက် ကျောပေးရပ်နေတာကို အဝေးက လှမ်းမြင်တော့ မိန်းမကိုမေးတယ် အရှေ့က လမ်းလယ်ကလူလားမသိဘူးဆိုတော့ မိန်းမကလူတဲ့ အဲ့ဒါနဲ့ အရှိန်ရှော့ပြီးကားကိုမောင်းချိန် ကားနဲ့အဲ့ဒီလူနဲ့ ကပ်သွားချိန်မှာ ပေါက်တူးနဲ့ကားကို လွဲပြီးအရမ်း
မှာ ကားကိုအရှိန်မြင့် မောင်းထွက်လိုက်တော့ လွတ်သွားပါတယ်။

အဲ့ဒီလူရဲ့ ဘေးမှာ လူတစ်ယောက်ရှိတယ် တစ်ဖာလုံလောက်မှာ လမ်းလယ်ပလက်ဖောင်းမှာလူ ၃ယောက် လမ်းရဲ့ညာလမ်းဘေးမှာလူနှစ်ယောက်ရှိနေပါတယ် အကယ်၍သာ ကားတစ်ခုခုဖြစ်ရင် လုဖို့ အရန်သင့်လုပ်နေပုံပါ ကျွန်တော်နောက်က AD Van လည်းထိုနည်းတူ အလုပ်ခံရပြန်တယ် သူလည်းကံကောင်းစွာလွတ်သွားတယ်

အရှိန်ရှော့ပြီးသူကားကိုမေးတော့ သူလည်းကံကောင်းသွားတယ် ၁၈၈၀ကိုဖုန်းဆက်တော့ ကောစင်တာဖြစ်နေတယ် ပြန်ပြောပေးပါ့မယ်တဲ့ ကားကိုဖြေးဖြေးမောင်း ရဲကင်းကို ရှာတော့ ၉၇မိုင်မှာတွေ့ပါတယ် ရဲကို ဆင်းပြီးပြောတော့ရဲက ၃မိနစ် ၀န်းကျင်မှာ ဆိုင်ကယ်နဲ့ ၁ယေက်ထဲ ထိုနေရာကိုလိုက်သွားပါတယ် ရဲထွက်သွားချိန်မှာ Prado တစ်စီး နဲ့ ၁မိနစ်လောက်အကြာမှာ ဖင်ကောက်တစ်စီး ထပ်ရောက်လာပါတယ်

Pradoသမားကတော့ သူကားကို ပေါက်တူးနဲ့ခုတ်တာ ဆွဲရှောင်တာ ကားတိန်းမှောက်မလိုဖြစ်သွားတယ်တဲ့ ဖင်ကောက်သမားကတော့သူကားကိုပေါက်တူးနဲ့အချိန်မှာ ကားရပ်လိုက်ပြီးဆင်းလိုက်ပါတယ်သူကားမှာ မောင်းသူအပါအ၀င်အားလုံးယောက်ကျား ၈ယောက်ပါပါတယ် ဆင်းလာတဲ့လူများတော့ လမ်းရဲ့ဘယ်ဘက်ကိုင်းတောထဲ ထွက်ပြေးပါတယ်တဲ့ အားလုံး ကံကောင်းခဲ့ပါတယ်

ရဲသားပြန်လာချိန်မှာ လူတစ်ယောက်မှ မတွေ့တော့ပါဘူးတဲ့ ရဲသားကြီးကတော့စက်နဲ့ပေါက်ပြီးရဲအင်အားဖြည့်တင်းနေပါတယ် မေးကြည့်တော့ လမ်ရဲ့ဘယ်ဘက် ရန်ကုန်ကလာရင် ညာဘက်အချန်းမှာ တော်တော်ဝေးဝေးမှာ ရွာတစ်ရွာရှိတယ်တဲ့ အဲ့ဒီရွာကိုလိုက်ရင်အဲ့ဒီလူတွေကို လမ်းတွင်မိနိုင်ပါတယ်လို့ပြောပါတယ်

ပြန်ဆက်ပေးမယ်လို့ပြောတဲ့ ၁၈၈၀ ကတော့ ရန်ကုန်ပြန်ရောက်တဲ့အထိ မဆက်ပါဘူးခင်များ ၇၆မိုင်မှာ အပေါ့ဆင်းသွားတော့ အဲ့ဒီက လူတစ်ယောက်ကပြောပါတယ် အရင်၁ရက်တုန်းကလည်း အဲ့ဒီ ၀န်းကျင်မှာ မောင်းနေတဲ့ ကားထဲကိုကားတာယာ ပြစ်ထဲ့ပါတယ်တဲ့ ကံကောင်းပြီးလွတ်သွားတယ်တဲ့ ကျွန်တော့မိတ်ဆွေအပေါင်းတို့၉၉ မိုင်ဝန်းကျင်ကိုသတိထားကြပါ ကျွန်တော်ကိုယ်တွေ့ဖြစ်လို့ လွတ်လပ်စွာ ကူးယူ ဖော်ပြပေးစေချင်ပါတယ်။

Thiha Tun

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...