Ads (728x90)

9.10.2014-1 9.10.2014-2 9.10.2014-3
အဆက်အသွယ် ပြတ်တောက်သွားသည့် B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး Mr.Chatchawal အား အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိကယ်ဆယ်ပြီးနောက် ၎င်းသည် ယင်းနေ့ ည (၁၁း၃၀)တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများသည် ထိုင်းရဟတ်ယာဉ်မှူးအား ရန်ကုန်မြို့ ၀ိတိုရိယ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ ထိုင်း ရဟတ်ယာဉ်မှူး၏ မိသားစုလည်း ဆေးရုံတွင် ရောက်ရှိနေပြီး Mr.Chatchawal အား ပြန်လည် ကယ်ဆယ်နိုင်ခဲ့သည့်အတွက် မိသားစုအားလုံး ၀မ်းသာပျော်ရွှင်လျက် ရှိပါသည်။


မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုးအားလည်း အမြန်ဆုံး ကယ်ဆယ်နိုင်ရန်အတွက် ရွှေရင်တော်ကြီး၏ လမ်းပြမှုနှင့်အတူ ထူးဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ဒေသခံရွာသားများ တောအုပ်အတွင်း သွားရောက် နေကြပြီ ဖြစ်ပါသည်။


ထူးဖောင်ဒေးရှင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...