Ads (728x90)

11.10.2014-1 11.10.2014-3 11.10.2014-4
ရဟတ်ယာဉ် မတော်တဆမှုကြုံတွေ့ခဲ့ရသည့် ထိုင်း ရဟတ်ယာဉ်မှူး Mr.Chatchawal အား ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံတွင် ထူးဖောင်ဒေးရှင်းက ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေခဲ့ပါသည်။

ယခုအခါတွင် ထိုင်းရဟတ်ယာဉ်မှူး၏ မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန်ကောက်ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက် ခံယူရန်အတွက် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် ထူးဖောင်ဒေးရှင်းက အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထိုင်း ရဟတ်ယာဉ်မှူး နှင့် မိသားစုအား HTOO Group of Companies ဒုဥက္ကဌ ဦးသီဟ နှင့်တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများမှ လေဆိပ်သို့ လိုက်ပါပို့ဆောင် ခဲ့ပါသည်။
 


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...