Ads (728x90)

နေပြည်တော်၊ စက်တင်ဘာ ၃
သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများရောင်းချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော် သည် သြဂုတ် ၂၉ ရက် ညပိုင်းတွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်။
သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော် သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန်တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင်ရပ်(၂)လမ်း၊ အမှတ်(တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...