Ads (728x90)

 Photo: မျိုးစောင့်ဥပဒေပြဌါန်းဖို့ ကြိုးစားနေကြတော့ ဒါကလူ့ အခွင့်အရေးချိုးဖောက်တာပဲ
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်နှောက်ယှက်တာပဲ
ဆိုပြီး ကန့် ကွက်ခဲ့ကြတဲ့ သူတွေ  Human Right လို့ တွင်တွင်အော်ခဲ့သူတွေ
ဒီသတင်းအတွက်ရောဘာပြောချင်ပါသေးသလဲ မျိုးစောင့်ဥပဒေမှာ လက်မထပ်ရလို့ 
မပိတ်ပင်ထားဘူး အလွယ်တကူ လက်မထပ်ဖြစ်အောင် လက်ထပ်ဖြစ်သွားရင်
လွတ်လပ်စွာကိုးကွယ်ခွင့်တွေ မြန်မာအမျိုးသမီးတိုင်းရဲ့ ရပိုင်ခွင့်တွေ ရရှိအောင်
နှိပ်စက်မှုဖိနှိပ်မှု ချုပ်ချယ်မှုတွေ မခံစားရအောင်လို့  မြန်မာအမျိုးသမီးထုကြီးအတွက်
မျိုးစောင့်ဥပဒေဆိုတာကိုပြဌါန်းဖို့ လုပ်နေကြတာ အဲ့ဒါကိုလူ့ အခွင့်ရေးချိုးဖောက်တယ်
ပိတ်ပင်တယ် ပြောတဲ့သူတွေ ခုလို လုံးဝမှ လက်မထပ်ရဘူးဆိုတာမျိုးကျတော့ရောဘယ်လိုများ
ယူဆမိကြသလဲမသိဘူး အော်လဲမအော်ကြတော့ဘူးလား  :) 

ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်
==================================================

ဆော်ဒီ အာရေး ဘီးယား အစိုးရ က ဆော်ဒီ အာရေး ဘီးယား နိုင်ငံသား တွေကို မြန်မာ နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ချတ်တ် နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ် ထိမ်းမြားခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ လေး နိုင် ငံက နိုင်ငံသား တွေဟာ ဆော်ဒီ အာရေး ဘီးယား နိုင်ငံမှာ လူဦးရေ ၅၀၀၀၀ (ငါးသိန်း) ကျော်ရှိ သွားတဲ့ အတွက် လူဦးရေ ထပ်မပြန့် ပွားအောင် တားဆီးတာ ဖြစ်နိုင် တယ်လို့ ယူဆ နေကြပါတယ်။

ဒါ့အပြင် လက်ထပ် ထိမ်းမြားခြင်း ဥပဒေကို လည်း တင်းကြပ် လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ လက်ထပ် ထိမ်းမြား လိုတဲ့ အမျိုးသားဟာ အနည်းဆုံး အသက် ၂၅ နှစ်ရှိရမှာဖြစ်ပြီး အကယ်လို့ လင်မယားကွဲသူတွေ ဖြစ်မယ် ဆိုရင် အနည်းဆုံး ၆ လ စောင့်ပြီးမှ လက်ထပ် ထိမ်းမြား ခွင့် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်။

ဇနီးမယား ရှိနေတဲ့ကြားက နောက်တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လက်ရှိ မယားမှာ ကင်ဆာရောဂါရှိကြောင်း၊ မသန်စွမ်းကြောင်း၊ ကလေး မမွေးနိုင်ကြောင်း သက်သေတွေ ပြရမယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ အစ္စလာမ်မစ် ဥပဒေအရ အမျိုးသားတွေကို မိန်းမလေးယောက်အထိ လက်ထပ်ခွင့် ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူဦးရေ ၂၇ သန်းလောက်ရှိပြီး အဲဒီထဲက ၃၀%ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

ABC Radio Australia

 ---------------------------------------------------------------------------------------
 မျိုးစောင့်ဥပဒေပြဌါန်းဖို့ ကြိုးစားနေကြတော့ ဒါကလူ့ အခွင့်အရေးချိုးဖောက်တာပဲ
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်နှောက်ယှက်တာပဲ
ဆိုပြီး ကန့် ကွက်ခဲ့ကြတဲ့ သူတွေ Human Right လို့ တွင်တွင်အော်ခဲ့သူတွေ
ဒီသတင်းအတွက်ရောဘာပြောချင်ပါသေးသလဲ မျိုးစောင့်ဥပဒေမှာ လက်မထပ်ရလို့ 
မပိတ်ပင်ထားဘူး အလွယ်တကူ လက်မထပ်ဖြစ်အောင် လက်ထပ်ဖြစ်သွားရင်
လွတ်လပ်စွာကိုးကွယ်ခွင့်တွေ မြန်မာအမျိုးသမီးတိုင်းရဲ့ ရပိုင်ခွင့်တွေ ရရှိအောင်
နှိပ်စက်မှုဖိနှိပ်မှု ချုပ်ချယ်မှုတွေ မခံစားရအောင်လို့  မြန်မာအမျိုးသမီးထုကြီးအတွက်
မျိုးစောင့်ဥပဒေဆိုတာကိုပြဌါန်းဖို့ လုပ်နေကြတာ အဲ့ဒါကိုလူ့ အခွင့်ရေးချိုးဖောက်တယ်
ပိတ်ပင်တယ် ပြောတဲ့သူတွေ ခုလို လုံးဝမှ လက်မထပ်ရဘူးဆိုတာမျိုးကျတော့ရောဘယ်လိုများ
ယူဆမိကြသလဲမသိဘူး အော်လဲမအော်ကြတော့ဘူးလား
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...