ဩဂုတ် (၁၉) ရက်က ဖျားနာခြင်း၊ အားအင်ချိနဲ့ခြင်း၊ သတိလစ်သကဲ့သို့ ဖြစ်ခြင်း စသည့် ရောဂါ လက္ခဏာများ ရှိသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကျန်းမာရေး အဖွဲ့က သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုများ စစ်ဆေးခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများကို အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က အထူးကြီးကြပ် ကုသပေးလျက် ရှိသည့် မြန်မာနိုင်ငံသား သည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာနမှ ဩဂုတ်လ (၂၀) ရက် ညနေပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ် သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် ရောဂါ ပိုး နှစ်မျိုး ကူးစက်ခံနေရ ကြောင်း တွေ့ရှိရသည်။
ထိုသို့ လူနာတွင်ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိ၍ ဆေးကုသမှု ပေးနေခြင်း အပြင် ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှု ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် စီစဉ်လျက် ရှိကြောင်းနှင့် အီဘိုလာ ဗိုင်းရပ်စ် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။