
Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏
သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်း
သိရသည်။ သို့ဖြစ်၍ Miss Supranational
2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့
သရဖူလွှဲပြောင်းပေးအပ်ခွင့် မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။
“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။
ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှ
“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ သူဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကိုစာချုပ်စည်းကမ်းလိုက်
Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို
ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအေ
Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ
ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်
ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ
“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင် ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။
ဓါတ်ပုံနှင့် သတင်း - MYN
News Watch(စောင့်ကြည့်သတင်းဂျာန
အချိန် 16:28:00
Source
http://
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။