=======================================
သြစတေးလျှ အာဏာပိုင်များက ဓါတ်ပုံ ၂ ပုံ ထုတ်ပြန်လိုက်ပြီး အဆိုပါ ဓါတ်ပုံများမှာ ပျောက်ဆုံးလေယာဉ် MH370 မှ လေယာဉ် အပိုင်းအစ ဖြစ်နိုင်ချေရှိပြီး အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ရှာဖွေမှု နေရာသစ်အရ တွေ့ရှိခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဓါတ်ပုံများ၌ လေးထောင့်ပုံသဏ္ဍာန်အရာဝထ္ထု တစ်ခု နှင့် အ၀ိုင်းပုံသဏ္ဍာန်တစ်ခု ဖြစ်ပြီး အရောင်အမျိုးမျိုးရှိနေပြီး အဆိုပါ အရာဝထ္ထုများကို လေယာဉ်ပေါ်မှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကာ သင်္ဘောနှင့် ဆယ်ယူပြီးမှသာ မတ်လ ၈ ရက်နေ့ကတည်းက ခရီးသည် ၂၃၉ ဦးနှင့်အတူ ပျောက်ဆုံးနေသော လေယာဉ် MH370 မှ အပျက်အစီး အပိုင်းအစ ဟုတ်မဟုတ် သိရှိနိုင်မည် ဖြစ်သည်။
အဆိုပါ ရေမျှော အရာဝထ္ထုများကို မနက်ဖြန် စနေနေ့၌ တရုတ်ရေတပ်သင်္ဘော Maixun 01 က ဆယ်ယူမည်ဖြစ်သည်။
ယခုထပ်မံ သိရှိရသော သတင်းချက်အလက်သစ်များအရ MH 370 လေယာဉ်သည် ယခင်က ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြင့် အိန္ဒိယ သမုဒ္ဒရာထဲ ဖြတ်ဝင်လာသည်ဟု ဆိုသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။